Pages

Tuesday, July 7, 2015

WBO ရဲ့ ဝယ်လ်တာဝိတ်တန်း ချန်ပီယံကို မေဝဲသာ စွန့်လွှတ်လိုက်ရပြီ


RangonNewsDaily:: July . 7 .2015
World Boxing Organization (WBO) ရဲ့ ဝယ်လ်တာဝိတ်တန်း ချန်ပီယံခါးပတ်ကို ဖလွိုက် မေဝဲသာ စွန့်လွှတ်ခဲ့ရပြီလို့ WBO က ထုတ်ပြန်ကြေညာပါတယ်။ 
ဒီခါးပတ်ကို မန်နီ ပက်ကေးယိုးနဲ့ ထိုးတဲ့ပွဲအတွက် ဒဏ်ကြေး အမေရိကန် ဒေါ်လာ ၂ သိန်းပေးဖို့ ရက်လွန်သွားတာကြောင့် ဖြစ်ပါတယ်။ WBC နဲ့ WBA မှာ ဝယ်လ်တာဝိတ်နဲ့ ဆူပါဝယ်လ်တာဝိတ် ချန်ပီယံခါးပတ်တွေလည်း တချိန်တည်းမှာ ပိုင်ထားတဲ့အတွက် လက်ဝှေ့စည်းမျဉ်းတွေအရ ဝိတ်တန်းတတန်းမှာသာ ထိုးသတ် ချန်ပီယံ ရယူခွင့် ရှိတာကြောင့် မေဝဲသာကို ပြောကြားခဲ့ပေမယ့် ပြန်အကြောင်းကြားခြင်း မရှိတာမို့ WBO က အခုလို ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ပက်ကေးယိုးနဲ့ ထိုးတဲ့ပွဲအတွက် အနည်းဆုံး ဒေါ်လာ သန်း ၁၈၀ မေဝဲသာ ရခဲ့ပါတယ်။
ဧရာဝတီ ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment