Pages

Saturday, October 6, 2012

မြန်မာနိုင်ငံ အလယ်ပိုင်း ကုန်သွယ်မြို့တော် မုံရွာ၌ အိမ်မြေဈေး ကျပ်သိန်းသောင်းချီရောက်ရှိ

မြန်မာနိုင်ငံ အလယ်ပိုင်းစီးပွားရေးကုန်သွယ်မြို့တော်ဖြစ်သည့် မုံရွာအိမ်ခြံမြေဈေးကွက်မှာရပ်တန့်ခြင်းမရှိ
ပဲ ကျပ်သိန်းသောင်းချီရောက် ရှိနေကြောင်း အိမ်ခြံမြေအကျိုးတော် ဆောင်များထံက သိရှိရသည်။

သြဂုတ်လ(၁၃)ရက်နေ့မှစတင်ကာ အိမ်ခြံမြေအခွန်(၃၇)ရာခိုင်နှုန်းအထိ တိုးမြင့်လိုက်သောကြောင့် မြန်မာနိုင်ငံ၏အဓိကကျ သည့်မြို့ များဖြစ်သည့် ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင် စသည့် မြို့ကြီးများတွင် အိမ်ခြံမြေဈေးကွက်အရောင်းအ၀ယ်အေးသွားသော်လည်း မုံရွာမြို့တွင် အိမ်မြေဈေး ဆက်လက်မြင်တက်နေခြင်းဖြစ်သည်။
 ဒီမြို့မှာ မြေအရောင်းအ၀ယ်ကတော့ ကျမသွားပါဘူး။ ကျွန်တော်တို့မြို့က စီးပွားရေး အရောင်းအ၀ယ်က အချက်အချာကြတယ်လေ။ ဒီပြင်မြို့တွေတော့ အရောင်းအ၀ယ် အေးသွားတယ်လို့ ကြားတယ်ဟု မုံရွာအိမ်ခြံမြေအကျိုးတော်ဆောင် ကိုဖြိုးကိုက ပြောသည်။
 မုံရွာမြို၏ တက္ကသိုလ်များရှိရာသို့သွားသော အဓိကလမ်းမကြီးဖြစ်သည့် ကျောက်ကာလမ်းဘေးနေရာများ
တွင် ကျပ်သိန်း (၁)သောင်းဝန်းကျင်ရှိပြီး၊ စီးပွားရေးတက္ကသိုလ်အနီးရှိ ပေ(၆၀x ၈၀)မြေတစ်ကွက်လျင် ကျပ်
သိန်း(၂)ထောင်ဝန်းကျင်ရှိပြီး၊ တိုင်းရုံများရှိရာ အနော်ရထာလမ်း ဘေးတွင် ပေ(၆၀×၈၀)မြေတစ်ကွက်လျှင် သိန်း(၅)ရာဝန်းကျင်ရှိကြောင်းကိုလည်း သိရှိရသည်။
သံလ္လာမြိုသစ်ဘက်တွင် ပေ(၆၀×၈၀)တစ်ကွက်လျင် သိန်း(၄)ရာမှ(၅)ရာအထိပေါက်ဈေး ရှိပြီး၊ပြည်တော်
သာရပ်ကွက်တွင်   ပေ(၆၀×၈၀)တစ်ကွက်လျင် သိန်း(၃)ရာဝန်းကျင်နှင့် ပြည်ထောင်စုလမ်းမကြီးဘေးနေ
ရာများတွင်ပေ(၆၀×၈၀)တစ်ကွက်လျှင် သိန်း(၂)ထောင်မှ(၃)ထောင်အထိ ပေါက်ဈေးရှိနေခြင်းဖြစ်သည်။
 မြိုသစ်ဘက်လည်း အ၀ယ်လိုက်တယ်။ ပြီးခဲ့တဲ့အပတ်ကမှ ကျောက်ကာလမ်းက အကွက် တစ်ကွက်သိန်း
တစ်သောင်းနဲ့ထွက် သွားတယ်။မုံရွာမှာ ဈေးကောင်းတဲ့နေရာတွေ ကတော့ ကျောက်ကာလမ်းနဲ့မြင်းမူလမ်း
တွေပဲ’’ဟု မုံရွာအိမ်ခြံမြေ၀ါရင့် အကျိုးတော်ဆောင် ဒေါ်ခင်အုန်းမြင့်က ပြောသည်။
မုံရွာမြို၏ အချက်အချာကျပြီး ဈေးမြင့်သောနေရာဖြစ်သည့် မြင်းမူလမ်း(ဗိုလ်ချုပ်လမ်း)လမ်းဘေးရှိ နေရာ
များ၌   ပေ(၆၀×၈၀) တစ်ကွက်လျှင် ကျပ်သိန်း(၅)ထောင်မှ (၁)သောင်း ၀န်းကျင်အထိ ရှိကြောင်း မြိုခံ
အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။
မုံရွာမြိုအထွက် ချင်းပြည်နယ်သို့သွားသည့်လမ်းဘေးတွင် တစ်ကွက်လျင် ကျပ်သိန်း(၂)ထောင်နှင့်ပင် အ
ရောင်းမရှိကြောင်းကိုလည်း သိရသည်။
  
မုံရွာစက်မှုဇုံနေရာများတွင် ပေ(၆၀×၈၀)တစ်ကွက်လျှင် သိန်း(၅)ရာဝန်းကျင်ရှိကြောင်း သိရှိရသည်။ မုံရွာ
ဒါနခြံ သချိုင်္င်းဟောင်းနေရာတွင် မြေတစ်ကွက်လျှင် ကျပ်သိန်း (၂)ထောင် ပေါက်ဈေးရှိကြောင်း မြို့ခံများ
က ဆိုသည်။
  မြစ်မခသတင်း

0 comments:

Post a Comment