Pages

Wednesday, September 25, 2013

လူထုမဲဖြင့် မြို့နယ်စည်ပင်ဥက္ကဋ္ဌများ ရွေးနိုင်မည့် စည်ပင်ဥပဒေ ရန်ကုန်တွင် စတင်ပြဋ္ဌာန်း

RangonNewsDaily:: September 25, 2013
တိုင်းဒေသကြီးအချို့နှင့် ပြည်နယ် အများစုတွင် ပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း မြို့နယ်များတွင် လူထုမဲဖြင့်
အရပ်သားများကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခန့်အပ် နိုင်မည့် ရန်ကုန်တိုင်း
ဒေသကြီးစည်ပင်သာယာရေးဥပဒေကိုယနေ့ကျင်းပသောရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး
တွင်အတည်ပြုပြဋ္ဌာန်းလိုက်သည်။
၁၉၄၈ကရေးဆွဲထားသော စည်ပင်သာယာရေး ဥပဒေသည် ဗဟိုချုပ်ကိုင်မှု များနေခြင်းကြောင့် ဥပဒေသစ်
ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းရခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးလှမြင့်က ပြော
ကြားသည်။
::
အဆိုပါ ဥပဒေကို ကျန်ပြည်နယ် များနှင့် တိုင်းဒေသကြီးအချို့တွင် ၂၀၁၂ ခုနှစ်ကတည်းကအတည်ပြု ပြဋ္ဌာန်း
ခဲ့ သော်လည်း ရန်ကုန်တိုင်းဒေသကြီး တွင်မူ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှသာ တိုင်းဒေသကြီး
လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ၂၄ ရက်နေ့တွင် အတည်ပြု လိုက်ခြင်းဖြစ်သည်။
::
အဆိုပါ ဥပဒေတွင် ပုဒ်မ ၉၇ ခု ပါရှိပြီးရန်ကုန်တိုင်းဒေသကြီး မြို့နယ်၄၂ မြို့နယ်ရှိစည်ပင်သာယာရေး ကော်
မတီ ဥက္ကဋ္ဌများကို မြို့နေလူထုက မဲပေး ရွေးချယ်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
::
အဆိုပါ ဥပဒေကို မွန်ပြည်နယ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး
တွင် မတ်လအတွင်းက လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။
::
မွန်ပြည်နယ်တွင် မတ်လအတွင်းက မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများကို ရွေးချယ်ခဲ့ကြောင်း
သံဖြူဇရပ် မြို့နယ် စည်ပင်သာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် အရွေးခံရသူ ဦးမင်းလတ်ကပြောကြားသည်။
::
အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် စည်ပင်သာရေး ဥပဒေအရ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မြို့
နယ်စည်ပင် သာယာဥက္ကဋ္ဌများ ရွေးချယ်ထားကြောင်း အဆိုပါပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ထံမှ သိရှိရသည်။
::
"အရင်ကနဲ့ အခုစည်ပင်သာယာ အကြောင်းဆို လူတွေသိခွင့်မရဘူး၊ အခု အရပ်သားတွေ ရွေးထားတာ ဆို
တော့ ငွေဘယ်လောက် သုံးနေတယ်။ အဲ့လောက်တော့ သိခွင့်ရှိလာတယ်။ ထဲထဲဝင်ဝင် ပါဝင်ခွင့်တော့ မရ
သေးဘူး" ဟု ဦးမင်းလတ်က ဆိုသည်။ အဆိုပါ ဥပဒေကိုတိုင်းဒေသကြီးနှင့် ပြည်နယ် အချို့ အသက်ဝင်ရန်
ကြိုးပမ်းရဦးမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
::
အဆိုပါ ဥပဒေပါအချက်များအသက်ဝင်စေရန် နည်းဥပဒေကို စက်တင်ဘာလ နောက်ဆုံးပတ်တွင် ထုတ်ပြန်
သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ထံမှ သိရှိရသည်။

The Voice Weekly::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment