Pages

Wednesday, September 25, 2013

အရက်ကြောင်ကြောင်နေသည့် ဖခင်က တစ်မိသားစုလုံးကို ဓားဖြင့်ထိုးသတ် နှစ်နှစ်အရွယ် သမီးငယ် ပွဲချင်းပြီးသေဆုံး

RangonNewsDaily:: September 25, 2013
စစ် ကိုင်းတိုင်းဒေသကြီး ကသာမြို့ နယ် ကလုံအုပ်စု အတွင်းရှိ အင်းရွာလေးကျေးရွာတွင် စက်တင် ဘာ ၂၄
ရက်က လူသတ်မှုတစ်မှု ဖြစ်သွားခဲ့ရာ ထိုဖြစ်စဉ်အပေါ် ကြားရသူတိုင်းမှ ရင်ထုမနာဖြစ် နေကြရ ကြောင်းသိ
ရသည်။ ဖြစ်ပွားပုံမှာ စက်တင်ဘာ ၂၃ရက် ည ရနာရီတွင် အသက် ၃၄နှစ်ရှိ မြင့်သန်းသည် အရက်မူး ၍ ဇနီး
ဖြစ်သူ မအေးကြည် ၁၉ နှစ်အား လူမှုရေးဖောက်ပြန်သည် ဟုစွပ်စွဲကာ ရန်ဖြစ်ခဲ့ကြသည်။
ထိုရန်ဖြစ်မှုကိုအခြေခံ၍ဇနီးဖြစ်သူမအေးကြည်အားအရိုးအသွား၁၈လက်မရှိဓားဖြင့်ထိုးသွင်းခဲ့ရာမအေးကြည်
၏ဘယ်ဘက်လက် ချောင်းများပြတ်ရှကုန်ပြီးဝဲဘက်နံရိုးအောက်သို့လည်းဓားစိုက် ဝင်သွားခဲ့သည်။ထို့နောက်
သမီးဖြစ် သူ မနှင်း ပွင့်ဖြူ အသက် ငါးနှစ် နှင့် မလှိုင် လှိုင်ထွန်း အသက်နှစ်နှစ်တို့အား ကြိုးဖြင့်တုပ်နှောင်ထား
ခဲ့သည်။
::
ကလေးများ ငိုသံကြား၍ ဒေါ်အေးကြည်မှ ထကြည့်စဉ် မြင့်သန်းက မအေးကြည်အား အရိုးအသွား၁၈လက်မ
ရှိ ဓားဖြင့်ထိုးသွင်းခဲ့ရာမအေးကြည်၏ဘယ်ဘက်လက်ချောင်းများ ပြတ်ရှကာဝဲဘက်နံရိုးအောက်သို့လည်း
ဓား စိုက်ဝင်သွား ခဲ့ပြီး နှစ်နှစ် သမီးအရွယ်ရှိ မလှိုင်လှိုင်ထွန်းအား ဓား ဖြင့်ထပ်မံမွှန်းခဲ့ရာ ဘယ်ဘက် လက်
ကောက်ဝတ်၌ ပြတ်လုနီးနီးဓားဒဏ်ရာနှင့်အတူထိရှဒဏ်ရာ အများအပြားရရှိခဲ့ပြီးနောက် ထိုသမီးငယ်၏ ဝဲ
ဘက်ဝမ်းဗိုက် ကိုလည်း ဓားဖြင့် ထိုး သွင်း သတ် ဖြတ်ခဲ့သည်။
::
ထိုသို့ သမီးငယ်အား ထိုး သတ်ပြီး သမီးကြီးဖြစ်သူ မနှင်း ပွင့်ဖြူ ငါးနှစ်အားထပ်မံ၍ဓား ဖြင့်ထိုးခဲ့ရာမနှင်းပွင့်
ဖြူ၏ဝမ်း ဗိုက်ပေါက်ပြဲခဲ့သည်။ မြင့်သန်း သည် ကလေးများကို ဓားဖြင့်ထိုး ပြီး မိမိကိုယ်ကိုလည်း ဓားဖြင့်ထိုး ခဲ့
သည်။ ထိုအခြေ အနေတွင် ဇနီး ဖြစ်သူ မအေးကြည်က ထွက်ပြေး လွတ်မြောက်သွားနိုင်ခဲ့ပြီး ကျေး ရွာကို အ
ကူအညီတောင်းခံခဲ့သည်။
::
 ကျေးရွာလူထုမှ မြင့်သန်းနှင့် ကလေးများဖမ်းထားရာနေအိမ် သို့ဝိုင်းသောအခါ မြင့်သန်းမှ လာ ရောက်ကယ် တင်သူ အား သတ် မည်ဟုဆိုကာ အရှည်လေးတောင် ရှိမှိန်းနှင့် အရှည်၁၈လက်မရှိဓား ကို ကိုင်ဆောင်၍ ကြိမ်းမောင်းနေ မှုကြောင့် မည်သူမှ အနားသို့ မကပ်နိုင်ခဲ့ကြောင်း သိရသည်။
::
 နောက်ဆုံးတွင် ရပ်ကွက်တာဝန် ရှိသူများမှ အင်းရွာရဲ စခန်းသို့ သွား တိုင်ခဲ့ရာ စက်တင်ဘာ ၂၄ရက် နံနက်
ရနာရီတွင် လူသတ်တရားခံ မြင့်သန်းအား ဖမ်းဆီးရမိခဲ့သည်။
::
ထိုဓားထိုးမှုဖြစ်စဉ်ကြောင့် နှစ်နှစ်သမီးအရွယ်ရှိမလှိုင်လှိုင်ထွန်းမှာ နေရာ၌ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး မအေး
ကြည်နှင့် မနှင်း ပွင့်ဖြူတို့မှာဒဏ်ရာပြင်းထန်လွန်းသဖြင့်ကသာခရိုင်ပြည်သူ့ဆေးရုံ ကြီးတွင်အရေးပေါ်ခွဲစိတ်
ကုသ မှုခံ ယူနေ ရဆဲဖြစ်သည်။ ခွဲစိတ်မှု အခြေအနေမှာ သတင်းရေးသား ချိန်အထိ စိုးရိမ်ရဆဲအခြေအနေ တွင် ရှိနေသည်။
::
လူသတ်တရားခံမြင့်သန်း မှာ အရက်ကို နေ့စဉ်စွဲမြဲစွာသောက် သုံးသူဖြစ်သဖြင့် အရက်ကြောင် ကြောင်ကာ ကိုယ့်မိသားစုတစ်စု လုံးကို ယခုလို ရက်စက်စွာသတ် ဖြတ်ခဲ့မှုဖြစ်ပေါ်ခဲ့သည်ဟု သက် ဆိုင်ရာရဲတပ်ဖွဲ့မှ
ကောက်ချက် ချထားသည်။
::
ထိုလူသတ်မှုနှင့် ပတ်သက်၍ အင်းရွာလေးကျေး ရွာနေ မြင့်သန်းအား အင်းရွာရဲ စခန်းမှ (ပ)၁၁၁/၂၀၁၃ဖြင့် တိုင် ချက်ရေးသွင်းပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃၀၂/၃၂၆ဖြင့် အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
::
လူသတ်တရားခံမြင့်သန်းက ပြောပြရာတွင်သူသည်၁၇ နှစ်သားအရွယ်မှစတင်၍အရက် သောက်ခဲ့ကြောင်း
၊ လွန်ခဲ့သော ခုနစ်နှစ်က ဘုရားတွင် အရက်လှူ ခဲ့ပြီး ပြန်သောက်ဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သောလေးရက်က အ
ရက် ဖြတ်တာကို ဆေးဝါး အကူအညီ မယူဘဲ အစိမ်းဖြတ်ထားကြောင်း ပြောသည်။
::
လူသတ်တရားခံ မြင့် သန်း၏ဖခင် တစ်ရွာတည်းနေဦးသောင်းစိန်ကသူ့သားမြင့်သန်း အရက်ဖြတ်ထားသည်
မှာ နှစ်ရက် ခန့်ပင် ရှိသေးကြောင်း၊ လွန်ခဲ့ သောခြောက်လ ကျော်က မြင့်သန်း နှင့်ညီဖြစ်သူတို့ စကားများရာ
မှ ညီဖြစ်သူကဓားဖြင့်ထိုးခဲ့၍ မြင့်သန်း၏ဝမ်းဗိုက်ကို ခွဲစိတ်ကုသ မှု ပြုလုပ်ခဲ့ရသေးကြောင်း ပြော ပြခဲ့သည်။

ဟာဂျူလီ
Yangon Media ::--, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment