Pages

Sunday, July 7, 2013

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိမှာ ပေါက်ကွဲမှုဖြစ်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီ ကို ပြောပါတယ်။ အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ မဟာဗောဓိကိုတော့ ထိခိုက်မှု ရှိကြောင်း နဲ့ အသေ အပျောက် ရှိတယ်လို့ သတင်းမရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။

ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူ တခိျု့ထဲမှာတော့ မြန်မာသံဃာတော် ဦးရာသဂ္ဂ ပါဝင်ကြောင်း ဆရာတော်က ပြောပါတယ်။

ဘယ်သူ့လက်ချက်လဲ၊ ဘယ်လို ဗုံးပေါက်ကွဲမှုလဲ စတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

"ယနေ့ မနက် ၅နာရီ မိနစ်၄၀ အချိန်မှစ၍ ဗုံးများ အိန္ဒိယနိုင်ငံဗုဒ္ဓဂယာ မဟာဗေဟာဓိ စေတီတော်ကြီး အ
တွင်း ဗုံး၅လုံးဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ရာ မဟာဗောဓိညောင်ပင်အောက် ၂လုံး အနိမိသစေတီဘေး ၁လုံးနှင့် ရတနာဃရ ၁လုံးဖြစ်ပြီး မနက် ၆နာရီတွင် ပေါက်ကွဲခဲ့သည့် နောက်ဆုံးမှာ နေရာမသိရသေးချေ။

တိဗက်ရဟန်းတော်များ ထိခိုက်မှုရှိပီး အရေတွက် အတိအကျမသိရှိရသေးပါ။

ကျောင်းသားကျောင်းတွင် သီတင်းသုံးသော မြန်မာရဟန်းတော် ဦးဝိလာသဂ္ဂ ထိုခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အတန်ငယ်ပြင်းထန်ပါတယ် ၊ မျက်နှာနှင့် ၀မ်းဗိုက်နေရာ ၄ နေရာလောက် ထိခိုက်ပါတယ်..။ ယခု ဂယာဆေးရုံကို ရောက်ရှိနေပါတယ်..အသက်အန္တရာယ် ဆိုးရိမ်ရတဲ့ အခြေနေတော့ မရှိပါ....ယခု မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့မှ ဂယာဆေးရုံသို့ လိုက်ပါသွားပီး ကူညီဆောင်ရွက်ပေးနေပါတယ်..

ဂျပန်းဘုရားအနီးနှင့် အခြား နာမည်ကြီးနေရာများမှာလဲ မပေါက်ကွဲသေးသောဗုံး ၄လုံး ရှာဖွေတွေ့ရှိကြောင်း သိရှိရပါတယ်../
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၇.၇.၂၀၁၃
 

0 comments:

Post a Comment