Pages

Sunday, July 7, 2013

ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်နေ

Photo: ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်နေ
Sunday, July 07, 2013

ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးနှင့် အမှတ် (၃) တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူက ပြောကြားခဲ့သည်။

"ငြိမ်းချမ်းရေး ရယူထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေပေါင်းပြီး တရားဝင် စီးပွားရေး လုပ်ငန်းတွေ လုပ်သွားဖို့ ရှိပါတယ်။ ဒီလိုလုပ်ဖို့အတွက် ထို့ကော်ကိုးမှာ လုပ်ခဲ့တဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုလောလောဆယ်မှာတော့ မလုပ်ဖြစ်သေးဘူး။ နောက်သုံးလလောက် နေရင်တော့ အစီအစဉ်တွေ ဆွဲသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးဒေသတွင် ပြုလုပ်ခဲ့သည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)၊ KNU၊ KNU/KNLA၊ DKBA၊ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့ (KPF)၊ သံတောင်အဖွဲ့၊ ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အဖွဲ့အစည်းအချို့မှာ ရွှေတူးဖော်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်ခြင်း အစရှိသည့် စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

Sunday, July 07, 2013

ငြိမ်းချမ်းရေး ရယူထားသည့်ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းများကို လုပ်
ကိုင်ဆောင်ရွက်သွားရန်စီစဉ်နေကြောင်းနယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး
အဖွဲ့ အထွေထွေ အတွင်းရေးမှူးနှင့် အမှတ် (၃) တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူက ပြောကြားခဲ့သည်။ "ငြိမ်းချမ်းရေး ရယူထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေပေါင်းပြီး တရားဝင် စီးပွားရေး လုပ်ငန်းတွေ လုပ်သွားဖို့ ရှိပါတယ်။ ဒီလိုလုပ်ဖို့အတွက် ထို့ကော်ကိုးမှာ လုပ်ခဲ့တဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ
တွေ့ဆုံဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုလောလောဆယ်မှာတော့ မလုပ်ဖြစ်သေးဘူး။ နောက်သုံး
လလောက် နေရင်တော့ အစီအစဉ်တွေ ဆွဲသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးဒေသတွင် ပြုလုပ်ခဲ့သည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံ
ပွဲတွင် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)၊ KNU၊ KNU/KNLA၊ DKBA၊ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့ (KPF)၊ သံတောင်အဖွဲ့၊ ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အဖွဲ့အစည်းအချို့မှာ ရွှေတူးဖော်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ လမ်းဖောက်လုပ်ခြင်း လုပ်
ငန်းများ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်ခြင်း အစရှိသည့် စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိ
ရသည်။
 
RangonNewsDaily
kolatt(PBDN): 6.7.2013

0 comments:

Post a Comment