Pages

Sunday, July 7, 2013

မုံရွာနှင့် မန္တလေး 7 July အခမ်းအနားများ ကျင်းပ

Sunday, July 7, 2013

အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ကျောင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြကြသည့်
ကျောင်းသားများအား ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းနှင့် လွတ်လပ်ရေး တိုက်ပွဲဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦ မိုးခွဲဖြိုဖျက်ခံရခြင်း နှစ်ပတ်လည် 7 July အခမ်းအနားကို အထက်မြန်မာပြည် မုံရွာနှင့် မန္တလေးမြို့တွင် ကျင်းပခဲ့ကြသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်နေ့များက ကျဆုံးသွားခဲ့ရသည့် နောင်တော် ကျောင်းသားများကို ဂုဏ်ပြုသည့် အခမ်းအနားအား မုံရွာမြို့တွင် ဗကသ များအဖွဲ့ချုပ် မုံရွာခရိုင် မှ ဦးစီး၍ စီစဉ်ကျင်းပကြောင်း ခရိုင် ဗကသ ဥက္ကဌ ကိုအာကာ က ပြောသည်။

“ဒီနေ့ မနက်ခင်း ၉ နာရီကနေ စလုပ်တယ်။ ကျောင်းသားရော၊ မြို့မိမြို့ဖ ရော ၁၀၀ လောက် ရှိတယ်ခင်ဗျ။ မုံရွာခရိုင် ဗကသ တွေရဲ့ ရပ်တည်ချက်တွေ၊ မြို့မိမြို့ဖတွေက ကျနော်တို့ လိုအပ်ချက်တွေကို ဝေဖန်တယ်။ အကြံပေးတယ်။ ကျနော်တို့က မုံရွာခရိုင် ကျောင်းသား လှုပ်ရှားမှုကို ပြောပြတယ်” ဟု မဇ္ဈိမကို သည်။

မြို့မဂတ်ကျောင်းတွင် ကျင်းပသည့် ထိုအခမ်းအနားတွင် ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ဖော်ဆောင်

သည့် သရုပ်ဖော်ပြပွဲလည်း ထည့်သွင်းကျင်းပကြကြောင်း “Performance အနေနဲ့က ရာကျော် ကျောက်တိုင်ရယ်၊ အဝေးသင် စာအုပ်တွေကို သွေးဒီဇိုင်းနဲ့၊
သွေးတွေ ရဲရဲနီတဲ့ ပုံစံနဲ့ အပေါ်ကနေ စစ်ဖိနပ် နင်းထားတဲ့ပုံစံရယ်။ ရန်ကုန် တကသ အဆောက်အအုံ ပုံစံရယ် ကန့်ကော်ပွင့်တွေ ကြဲထားတယ်။ ကျောက်တိုင်နဲ့ စာအုပ်တွေကို သံဆူးကြိုးတွေနဲ့ ခတ်ထားတယ်။ ကျောင်းသားလှုပ်ရှားမှုကို ဖော်ဆောင်တဲ့ အနေနဲ့ ကျင်းပတယ်။ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ၊ သွေးစွန်းခဲ့တဲ့ ခုနှစ်တွေကို ဖော်ပြထားတယ်” ဟု ကိုအာကာ က ရှင်းပြသည်။

ယနေ့ 7 july အခမ်းအနားအတွက် သက်ဆိုင်ရာ အာဏာပိုင်များထံ ခွင့်ပြုမိန့် တောင်းခံခြင်း မရှိသလို အနှောက်အယှက် တစုံတရာ မရှိကြောင်းလည်း သိရသည်။

အလားတူ မန္တလေးမြို့တွင်လည်း ကျောင်းသားများနှင့် ပရိတ်သတ် ၂၀၀ ခန့်ဖြင့် 7 july အခမ်းအနား ကျင်းပ

ကြပြီး သံဃာတော် ငါးပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြောင်း ဗကသများ အဖွဲ့ချုပ် (အထက် ဗမာပြည်)
 ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် က ပြောသည်။

“ခွင့်ပြုမိန့် ဘယ်မှာမှ မတင်ဘူးခင်ဗျ။ မန္တလေး ၅၅ လမ်း၊ကံတက်ကုန်း၊မစိုးရိမ် တိုက်သစ်မှာ။ မှတ်တမ်း ဆိုင်

ရာတွေ၊ တနှစ်တာကာလ လှုပ်ရှားမှုတွေ၊ ကြေညာချက်တွေ အပါအဝင် ဓာတ်ပုံ၊ စာအုပ်၊ စာတမ်းပြပွဲ လုပ်
တယ်” ဟု မဇ္ဈိမကို ပြောသည်။

အခမ်းအနားတွင်ကဗျာဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်) နှင့်အတူလူကြီးအချို့က ဟောပြောခြဲ့
ကကြောင်း

 သိရသည်။

ထို့ပြင် သမဂ္ဂ အဖွဲ့ဝင် မဟုတ်သေးသည့် ကျောင်းသားလူငယ်များကို ရည်ရွယ်ကာ ကျောင်းသားထု အခွင့် အရေး ဆုံးရှုံးနေသလား၊ မဆုံးရှုံးဘူးလား ဆိုသည့် ခေါင်းစဉ်ဖြင့် စကားရည်လုပွဲ တရပ်ကိုလည်း ထည့်သွင်း

ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေး 7 July အခမ်းအနားသို့ မီဒီယာသမားများအပြင် အာဏာပိုင်အချို့ တက်ရောက်ကြပြီး အနှောက် အယှက် တစုံတရာ မရှိကြောင်း သိရသည်။

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် စစ်အာဏာသိမ်းမှုက တက္ကသိုလ် အက်ဥပဒေကို ဖျက်သိမ်း

ကာ ဖိနှိပ်သည့် စည်းကမ်းများ ထုတ်ပြန်ခဲ့သည်ကို ဦးစွာ ဆန့်ကျင်ရှုတ်ချသည့် ကျောင်းသားဆန္ဒပြမှုများ
 ပေါ်ပေါက်လာခဲ့သည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ကျောင်းသား ၂,၀၀၀ ကျော် တက်ရောက်သည့် ရန်ကုန်တက္ကသိုလ် ကျောင်း
သား

များသမဂ္ဂအစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း ကျောင်းဆောင် စည်းကမ်းများ ဖျက်သိမ်းရေး၊ ကျောင်း
ဆောင်ကော်မတီတွင်ကျောင်းသားကိုယ်စားလှယ်ပါဝင်ခွင့် ပေးရေး၊ ကျောင်းဆောင်လိုသူ ကျောင်သားတိုင်း
 ကျောင်းဆောင် ရရှိရေး၊ ကျောင်းဆာင်သစ်များ ဆောက်လုပ်ပေးရေး၊ ဖိနှိပ်ချုပ်ချယ်သည့် ကျောင်းဆောင်
စည်းကမ်းများ ရုပ်သိမ်းပေးရေး ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ကျောင်းသားများ၏ တောင်းဆိုချက်များကိုဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီ အစိုး

ရက လိုက်လျောခြင်း မပြုသည့်အပြင် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုများဖြင့် နှိမ်နင်းခဲ့သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြင့် ဆန့်ကျင်ခဲ့သည်ကို ပစ်ခတ်နှိမ်နင်း၍ ကျောင်းသားများ သွေးမြေကျခဲ့ရသည့် ရန်

ကုန် တက္ကသိုလ် ကျောင်းသား အရေးတော်ပုံနေ့ကို ဂုဏ်ပြုကာ 7 July နေ့ ဟူ၍ ပေါ်ပေါက်ခဲ့ရသည်။

ထို့နေ့ရက်တွင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျောင်းသားများ ရာနှင့်ချီ၍ သေဆုံးခဲ့ရပြီး နောက်တနေ့ ဇူလိုင်လ ၈ ရက်နေနံနက်တွင်အာဏာသိမ်းအစိုးရကရန်ကုန် တက္ကသိုလ်ဝင်းအတွင်း တည်ရှိသည့် သမဂ္ဂ အဆောက် 

အအုံကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့သည်။

ကျောင်းသားသမဂ္ဂ အဆောက်အဦကို ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း ခေတ်နှင့်အညီ ပြန်လည်တည်
ဆောက်ရန် “ရန်ကုန်တက္ကသိုလ် ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ” တွင် ယခင်နှစ် မေလက သမ္မတ အကြံပေး ဒေါက်တာဦးမြင့် တိုက်တွန်းရေးသားခဲ့သည်။


ရန်ကုန် (မဇ္ဈိမ) , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၇.၇.၂၀၁၃

0 comments:

Post a Comment