Pages

Sunday, July 7, 2013

Breaking News ဗုဒ္ဓဂယာတွင် ယနေ့နံနက်ပိုင်း၌ ဗုံးပေါက်ကွဲမှု (နောက်ဆုံးရသတင်း)



ယနေ့ နံနက် အိန္ဒိ္ဒယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိညောင်ပင်စေတီတော်ကြီးမှာဗုံးပေါက်ကွဲ
မှုဖြစ်ပွါးခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အရှင်ဝိလာသဂ္ဂ(မြင်းခြံ)ဒဏ်ရာ
ပြင်းထန်စွာရရှိခဲ့ပြီး၊ပျက်စီးဆုံးရှုံးမှုစာရင်းကိုအတိအကျမသိရသေးကြောင်း၊

မည်သည့်အဖွဲ့အစည်း၏လက်ချက်ဖြစ်ကြောင်းကို အိန္ဒိယရဲတပ်ဖွဲ့မှ အပူတပြင်းစုံစမ်းနေကြောင်း
သတင်းရရှိပါသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသော အရှင်ဝိလာသဂ္ဂ(မြင်းခြံ)အားသူနာပြုယာဉ်
ပေါ်တွင်တွေ့မြင်ရစဉ်

ဇူလိုင်လ ၇ ရက်၊ ၂၀၁၃

ဗုဒ္ဓဂယာတွင် ယနေ့နံနက်တွင် ပေါက်ကွဲမှု ၉ ကြိမ် (အများဆုံး ခန့်မှန်း ချက်) ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုများကြောင့် အနည်းဆုံး လူငါးဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာမူ ပြင်းထန်ကြောင်း zee news သတင်း က ဖော်ပြသည်။ အစဉ်လိုက်ပေါက်ကွဲမှုများမှာ မဟာဗောဓိ ဘုရားအ၀န်း အ၀ိုင်းအတွင်း ဖြစ်ခဲ့ခြင်းဖြစ်သည်။ သတင်းအချက်အလက်များရ ဘုရားအဆောက်အဦ ပျက်ဆီးခြင်း မရှိကြောင်း၊ အရေးပေါ် စုံစမ်းရေးနှင့် ဗုံးကျွမ်းကျင် သူများပါဝင်သည့် အဖွဲ့များသည် အခင်းဖြစ်ရာသို့ အလျင်အမြန်သွားရောက် ခဲ့ကြောင်း၊ ထောက်လှမ်းရေးမှ သတင်းပေးပို့ချက်အရ ဒေသခံရဲ ၀န်ထမ်းများလည်း လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်ကွဲမှုသုံးကြိမ်မှာ တုရဂ္ဂီဘုရားကျောင်းဝန်းအတွင်းဖြစ်ပြီး ထိုဘုရားကျောင်းမှာ မဟာယနဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထား
ရာ ဘုရားကျောင်းဖြစ်သည်။ ရဲအရာရှိများ၏ပြောပြချက်အရ ထိုဘုရား ၀န်းအတွင်း မပေါက်ကွဲသေးသည့် ဗုံး ၂ လုံးတွေ့ ရှိကြောင်း၊ ပေါက်ကွဲမှုများမှာ ၂ မိနစ်ခြားတစ်ခါ ဖြစ်ခဲ့ကြောင်း၊ ပထမဆုံးပေါက်ကွဲမှုမှာ နံနက် ၅.၃၀ နာရီတွင်ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ဘီဟားရ်ပြည်နယ်အကြီးအကဲဖြစ်သူ နိတိရှ်ကုမားရ် သွားရောက်နေပြီဖြစ်ကြောင်းလည်း သိရပြီး ထောက် လှမ်းရေး ကမူ မြန်မာပြည် ဂယက်ကြောင့် ထိုသို့ တိုက်ခိုက်ခံ ရခြင်းဖြစ်နိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။

Ref: zeenews , RangonNewsDaily
kolatt(PBDN): 7.7.2013
ဗောဓိပင်အောက် ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သော ရဟန်းတော်ဦးဝိလာသဂ္ဂ(မြင်းခြံ)
ဗောဓိပင်အောက် ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သော ရဟန်းတော်ဦးဝိလာသဂ္ဂ(မြင်းခြံ)

0 comments:

Post a Comment