Pages

Sunday, July 7, 2013

လုယက်မှုကျူးလွန်သူတရားခံအား (၂) နာရီအတွင်းဖမ်းဆီးရမိ

လုယက်မှုကျူးလွန်သူတရားခံအား (၂) နာရီအတွင်းဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၇

၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန်တွင် တာမွေမြို့နယ်၊
ကျောက်မြောင်းအရှေ့ရပ်ကွက်၊အောင်မင်္ဂလာလမ်းနေ ဦးမိုးဦး၊ (ဘ)ဦးချစ်စိန်သည်သူငယ်ချင်းများထံသွားရောက်လည်ပတ်စဉ် ဇနီးဖြစ်သူနှင့် ကလေးနှစ်ဦးမှာလည်း အပြင်သို့ထမင်းကြော်
သွားစားကြရာ ၎င်းနေအိမ်တွင် သမီးအကြီးဖြစ်သူ မခိုင်သီရိမိုးဦးမှာ နေအိမ်အိပ်ခန်းအတွင်း၌ တစ်ဦးတည်းအိပ်၍ 
ကျန်ခဲ့စဉ် ၀၁၀၀ အချိန်ခန့်တွင် သမီးဖြစ်သူ၏ 
အိပ်ခန်းအတွင်းသို့ လူငယ်တစ်ဦးမှ ၀င်ရောက်လာပြီး ဆံပင်ဆွဲပါးရိုက်ကာချွန်ထက်သောအရာဖြင့်ထောက်ပြီး
နေအိမ်ရှိငွေ ကျပ်၃၉၀၀၀၀ အားလုယူထွက်ပြေးသွားကြောင်း 
သိရ၍ ဦးမိုးဦးမှ တာမွေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ 
တာမွေမြို့မရဲစခန်း (ပ)၂၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၃၂၃ ဖြင့် အမှုဖွင့်ထားရှိခဲ့ပါသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူတရားခံအား အမြန်ဆုံးစုံစမ်းဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေ
စုံစမ်းခဲ့ရာ ၀၂၁၅ အချိန်တွင် တာမွေမြို့နယ်၊ သီတာလမ်း
နှင့် ကျောက်မြောင်းကြီးလမ်းဆုံတွင် သက်သေခံငွေ 
ကျပ်၃၉၀၀၀၀ ၊ စတား ၀က်အူလှည့် ၁ ချောင်းနှင့်အတူ
ပြစ်မှုကျူးလွန်သူ လှခိုင်၊ (ဘ)ဦးတင်အုန်း၊ ချောင်းပတ်လမ်း၊
စံပြရပ်ကွက်၊ ဒလမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်၊ ဇူလိုင် ၇
၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန်တွင် တာမွေမြို့နယ်၊ကျောက်မြောင်းအရှေ့ရပ်ကွက်၊အောင်မင်္ဂလာလမ်း
နေ ဦးမိုးဦး၊ (ဘ)ဦးချစ်စိန်သည်သူငယ်ချင်းများထံသွားရောက်လည်ပတ်စဉ် ဇနီးဖြစ်သူနှင့်ကလေးနှစ်ဦးမှာ
လည်း အပြင်သို့ထမင်းကြော်သွားစားကြရာ ၎င်းနေအိမ်တွင် သမီးအကြီးဖြစ်သူ မခိုင်သီရိမိုးဦးမှာ နေအိမ်
အိပ်ခန်းအတွင်း၌ တစ်ဦးတည်းအိပ်၍ ကျန်ခဲ့စဉ် ၀၁၀၀ အချိန်ခန့်တွင် သမီးဖြစ်သူ၏ အိပ်ခန်းအတွင်းသို့ လူငယ်တစ်ဦးမှ ၀င်ရောက်လာပြီး ဆံပင်ဆွဲပါးရိုက်
ကာချွန်ထက်သောအရာဖြင့်ထောက်ပြီးနေအိမ်ရှိငွေ ကျပ်၃၉၀၀၀၀ အားလုယူထွက်ပြေးသွားကြောင်း သိရ
၍ ဦးမိုးဦးမှ တာမွေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ တာမွေမြို့မရဲစခန်း (ပ)၂၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၃၂၃
 ဖြင့် အမှုဖွင့်ထားရှိခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူတရားခံအားအမြန်ဆုံးစုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေးအတွက်
 တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေစုံစမ်းခဲ့ရာ ၀၂၁၅ အချိန်တွင်တာမွေမြို့နယ်၊ သီ
တာလမ်းနှင့် ကျောက်မြောင်းကြီးလမ်းဆုံတွင် သက်သေခံငွေ ကျပ်၃၉၀၀၀၀ ၊ စတား ၀က်အူလှည့် ၁ ချော
င်းနှင့်အတူပြစ်မှုကျူးလွန်သူ လှခိုင်၊ (ဘ)ဦးတင်အုန်း၊ ချောင်းပတ်လမ်း၊စံပြရပ်ကွက်၊ ဒလမြို့နယ်နေသူအား
ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
 
Yangon Police , RangonNewsDaily
kolatt(PBDN): 7.7.2013

0 comments:

Post a Comment