Pages

Thursday, January 9, 2014

အမျိုးအမည်မသိရသော ပျံသန်းနေတဲ့အရာဝတ္ထုကြောင့် ဂျာမနီမှာ လေကြောင်းခရီးစဉ် အများစု နှောင့်နှေး၊ ဖျက်သိမ်းခဲ့ရ

Photo: အမျိုးအမည်မသိရသော ပျံသန်းနေတဲ့အရာဝတ္ထုကြောင့် ဂျာမနီမှာ လေကြောင်းခရီးစဉ် အများစု နှောင့်နှေး၊ ဖျက်သိမ်းခဲ့ရ
Thursday, January 9, 2014

အမျိုးအမည်မသိပျံသန်းနေသောအရာဝတ္ထု (UFO) တစ်ခုကို ရေဒါမှာ မြင်တွေ့ နေရတာကြောင့် ဂျာမနီ လေဆိပ်ရဲ့ လေကြောင်းခရီးစဉ်အများစု နှောင့်နှေးခဲ့ရပြီး ခရီးစဉ်တစ်ခု ကို ဖျက်သိမ်းလိုက်ရပါတယ်။

ဒီ အမည်မဖော်နိုင်တဲ့ ထူးဆန်းတဲ့အရာဝတ္ထုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညနေ ၄ နာရီခွဲကနေ ၉ နာရီခွဲအထိ ဘရီမင် လေဆိပ် ရေဒါမှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာပါ။ ရဲရဟတ်ယာဉ်တစ်စင်းကို လေထုထဲ စေလွှတ်ပြီး အဲဒီ့အရာဝတ္ထုကို သွားရောက်စုံစမ်းစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီအမည်မဖော်နိုင်တဲ့ယာဉ်ဟာ ဘာမှန်းမသိခဲ့ရဘူးလို့ အာဏာပိုင်တွေက ထုတ်ဖော်ဝန်ခံခဲ့ကြပါတယ်။

ဂျာမန်လေကြောင်းထိန်းသိမ်းရေး ဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူ Weser Kurier က “ အဲဒီအရာဟာ သာမန် အနီရောင် ၊ အစိမ်းရောင်ပုံစံမျိုးပဲရှိပါတယ်။ ဘေးနှစ်ဖက်မှာလည်း အချက်ပြမီးတွေကို တွေ့ ရပါတယ်” လို့  ပြောကြားခဲ့ပါတယ်။

မျက်မြင်တွေ့ ရှိခဲ့သူတစ်ဦးဖြစ်တဲ့ Dominique Hober ကလည်း ဒီအရာဝတ္ထုဟာ သူ့ အိမ်ပေါ်ကနေ လေးကြိမ်တိတိ ဖြတ်ပျံသွားခဲ့တာကို တွေ့ လိုက်ရတယ်လို့ ဆိုပါတယ်။ သူက “ ဒါဟာ လေယာဉ်တစ်စီး နဲ့  ပုံစံတူပါတယ်။ ဒါပေမယ့် သူ့ မှာ အလင်းရောင်တွေ အများကြီးရှိပြီး အသံလည်း တော်တော်ပိုကျယ်ပါတယ်” လို့ ဂျာမန်သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ် အစအတွင်းမှာပဲ ကမ္ဘာတစ်လွှားမှာ ဒီလို UFO လိုအရာဝတ္ထုတွေ တွေ့ ရှိတယ်ဆိုတဲ့ အမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။

Ref: mirror
Trend Myanmar

RangonNewsDaily:: January . 9 .2014
အမျိုးအမည်မသိပျံသန်းနေသောအရာဝတ္ထု (UFO) တစ်ခုကို ရေဒါမှာ မြင်တွေ့ နေရတာကြောင့် ဂျာမနီ လေ
ဆိပ်ရဲ့ လေကြောင်းခရီးစဉ်အများစု နှောင့်နှေးခဲ့ရပြီး ခရီးစဉ်တစ်ခု ကို ဖျက်သိမ်းလိုက်ရပါတယ်။ ဒီ အမည်မဖော်နိုင်တဲ့ ထူးဆန်းတဲ့အရာဝတ္ထုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညနေ ၄ နာရီခွဲကနေ ၉ နာရီခွဲအထိ ဘရီ
မင် လေဆိပ် ရေဒါမှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာပါ။ 
 
ရဲရဟတ်ယာဉ်တစ်စင်းကို လေထုထဲ စေလွှတ်ပြီးအဲဒီ့အရာဝတ္ထုကိုသွားရောက်စုံစမ်းစေခဲ့ပါတယ်။ ဒါပေမယ့်
လည်းဒီအမည်မဖော်နိုင်တဲ့ယာဉ်ဟာဘာမှန်းမသိခဲ့ရဘူးလို အာဏာပိုင်တွေကထုတ်ဖော်ဝန်ခံခဲ့ကြပါတယ်။

ဂျာမန်လေကြောင်းထိန်းသိမ်းရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Weser Kurier က “ အဲဒီအရာဟာ သာမန် အနီ
ရောင် ၊ အစိမ်းရောင်ပုံစံမျိုးပဲရှိပါတယ်။ ဘေးနှစ်ဖက်မှာလည်း အချက်ပြမီးတွေကို တွေ့ ရပါတယ်” လို့  ပြော
ကြားခဲ့ပါတယ်။

မျက်မြင်တွေ့ ရှိခဲ့သူတစ်ဦးဖြစ်တဲ့ Dominique Hober ကလည်း ဒီအရာဝတ္ထုဟာ သူ့ အိမ်ပေါ်ကနေ လေးကြိမ်
တိတိ ဖြတ်ပျံသွားခဲ့တာကို တွေ့ လိုက်ရတယ်လို့ ဆိုပါတယ်။ သူက “ ဒါဟာ လေယာဉ်တစ်စီး နဲ့  ပုံစံတူပါ
တယ်။ ဒါပေမယ့်သူ့ မှာအလင်းရောင်တွေအများကြီးရှိပြီး အသံလည်း တော်တော်ပိုကျယ်ပါတယ်” လို့ ဂျာမန်
သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ် အစအတွင်းမှာပဲ ကမ္ဘာတစ်လွှားမှာ ဒီလို UFO လိုအရာဝတ္ထုတွေ တွေ့ ရှိတယ်ဆိုတဲ့ အမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။

Ref: mirror , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment