Pages

Thursday, January 9, 2014

ဆိုင်ကယ်မစီးရ ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ဖမ်းဆီးထားသည့် ဆိုင်ကယ် ၂၆၀၀ ကျော်ရှိနေ

RangonNewsDaily:: January . 9 .2014
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ဖမ်းဆီးအရေးယူထားသည့် ဆိုင်ကယ်ပေါင်း ၂၆,

၈၂ စီးရှိသည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက ဇန်န၀ါရီ ၇ ရက်တွင် မဇ္ဈိမ
ကို ပြောသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဒီဇင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်
အတွင်း ဖမ်းဆီးအရေးယူထားသည့် ဆိုင်ကယ်များတွင် လိုင်စင်ရှိဆိုင်ကယ် ၁၅၄၇ စီးနှင့် လိုင်စင်မဲ့ဆိုင်
ကယ် ၁၁၃၅ စီး ပါဝင်သည်။
ရဲအုပ်ဇော်မျိုးထွန်းက “ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်ထဲမှာ ဆိုင်ကယ်စီးခွင့်မရှိဘူး။ ဒလနဲ့ ဆိပ် ကြီး
ခနောင်တိုမြို့နယ်က စီးလို့ရတယ်။ လိုင်စင်ရှိတဲ့ဆိုင်ကယ်ဆိုရင် နယ်ကျော်စီးတဲ့အတွက် မော်တော် ယာဉ်
ဥပဒေအရ အရေးယူတယ်”ဟု ပြောသည်။

ရန်ကုန်တိုင်းစည်ပင်သာယာနယ်နိမိတ်အတွင်းတွင်တရားဝင်ဆိုင်ကယ်စီးခွင့် ပြုထားသည့် ဌာနများ မှာ လျှပ်

စစ်၊ စည်ပင်နှင့် ယာဉ်ထိန်းရဲဌာနများသာ ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအတွင်း ဆိုင်ကယ် ဖမ်းဆီးမှုတွင် လိုင်စင်ရှိဆိုင်ကယ် ၁၅၇ စီး၊ လိုင်စင်မဲ့ဆိုင်ကယ် ၇၂ စီးရှိပြီး ဆိုင်ကယ်တိုက်မှုကြောင့် သေဆုံးသူ သုံးဦးနှင့် ဒဏ်ရာရရှိ သူ ၄၄ ဦး ရှိသည်။

မြောက်ဥက္ကလာမှဆိုင်ကယ်တက္ကစီမောင်းအမျိုးသားတစ်ဦးက “တချို့နေရာတွေက ခရီးသည်တွေရဲ့ လိုအပ်

ချက်ရှိလို့ဆိုင်ကယ်တက္ကစီဆွဲကြတယ်။တချို့နယ်ဆိုင်ကယ်ကလိုင်စင်ရှိတယ်။ ဆိုင်ကယ်တွေ ကိုယာဉ်ထိန်း
ရဲတွေက ဖမ်းချင်တဲ့အချိန် ဖမ်းတယ်။ စီမံချက်ရှိရင်လည်းဖမ်းတယ်။ တစ်ခါတစ်ခါ လိုက် ထရပ်ကားနှစ်စီးနဲ့ လိုက်ဖမ်းတယ်။ဘယ်လမ်းပေါ်မှာ မောင်းလို့ရတယ်။ ဘယ်လမ်းက မောင်းလို့မရဘူး ဆိုပြီး သတ်မှတ်ပေး
ရင် ပိုကောင်းမယ်”ဟု ဆိုသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပတွင် ဖမ်းဆီးအရေး ယူ

ထားသည့် ဆိုင်ကယ်ပေါင်း ၈၁၉ စီး ရှိသည်။

ဆိုင်ကယ်အများဆုံးစီးသည့်မြို့နယ်များမှာ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာနှင့် မင်္ဂလာ

ဒုံမြို့နယ်တို့ ဖြစ်ပြီး ယခုနောက်ပိုင်းတွင် မြို့တွင်းမြို့နယ်များတွင်ပါဆိုင်ကယ်စီးမှုများအများအ ပြား တွေ့လာ
ရသည်။ ယင်းဆိုင်ကယ်များသည် လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်ပြီး တချို့ ဆိုင်ကယ်များ သည် နယ်လိုင်စင်ရှိ
သည့် နယ်ကျော်ဆိုင်ကယ်များဖြစ်သည်။

Mizzima - News  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment