Pages

Friday, January 10, 2014

CES 2014 ပြပွဲကြီးတွင် စောင့်မျှော်ကြည့်ရှုရမည့် နောက်ဆုံးပေါ်ပစ္စည်းများ

RangonNewsDaily:: January . 10 .2014
Smart phones
စမတ်ဖုန်းများသည် PhoneDog.com တွင် ပထမဦးစားပေးစိတ်ဝင်စားဖွယ်နယ်ပယ်တစ်ခုဖြစ်လာ မည်မှာ မလွဲပေ။ သို့သော် ပြပွဲအတွင်း ထုတ်လုပ်သူများအားလုံးကမူ ၎င်းတို့၏ပစ္စည်းများအား ပြသ ကြမည်မဟုတ်

သော်လည်း ပြပွဲလာရောက်သူများအနေဖြင့် စိတ်ဝင်စားနိုင်မည့် တံဆိပ်အနည်းငယ် တော့ရှိနေသည်။
သုံးစွဲသူများသည်ကမ္ဘာ့မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ၎င်းတို့အဖို့ Samsung တံဆိပ်သည် အရေး
အပါဆုံးဖြစ်နိုင်သည်။CES ပြပွဲတွင် Samsung ကုမ္ပဏီသည် မည်သည့်နမူနာပစ္စည်းကို မဆို ပြသရန် မကျိန်း
သေသော်လည်း processing power 64 ရှိသော အသစ်တစ်မျိုးနှင့်ဟု ၎င်းတို့ခေါ်ဆို သော အသစ်တစ်မျိုးကိုမူ ခင်းကျင်းပြသမည်ဟု ကောလာဟလများ ထွက်ပေါ်ထားသည်။

သုံးစွဲသူများအဖို့ အဆိုပါအချက်၏အဓိပ္ပာယ်အတိအကျကို မသိနိုင်သော်လည်း ဆိုလိုသည်မှာ ွော်ကညါ ကုမ်္ပ

ဏီ၏ နောင် လာမည့်ဖုန်းနမူနာများသည် လက်ရှိ,ရှိနေ သောဖုန်းများ၏မြန်နှုန်းထက် ပိုမိုမြန်ဆန် လာမည့်
သဘောမျိုးပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် များသောအားဖြင့် အမေရိကန်မှ ထုတ်ကုန်များ အပေါ်တွင်သာ အာ
ရုံစိုက်ခဲ့ကြပြီး တရုတ်ထုတ်လုပ်သူ MEIZU အပေါ်တွင်လည်း စိတ်ဝင်စားမှုရှိနေ သည်ဆိုပါက ကြားရသည်
မှာ ထူးဆန်းဖွယ်ရှိနေနိုင်သည်။

MEIZU သည် ယခုနှစ်တွင် အမေရိကန် ဈေးကွက်အတွင်းသို့ ၀င်ရောက်ရန်စီစဉ်လျက်ရှိသည်။MEIZUသည် ၎င်းတို့၏ MEIZU MX3 ကြောင့် ကမ္ဘာအနှံ့ သိများလာခြင်းဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့ သည် ZTE, Sony, LenovoESifh Asusတို့ကဲ့သို့သောထုတ်လုပ်သူများထံမှခင်းကျင်းပြသသော ပစ္စည်းများကို တွေ့မြင်ခွင့်ရရန်

လည်း မျှော်မှန်းနိုင်လေသည်။

Tablets
Tablets များနှင့် smart phone ramများသည်အများအပြားယှဉ်တွဲလျက်ရှိသောကြောင့် CES ပြပွဲ၌Tablets များ

၏အစိတ်အပိုင်းကဏ္ဍသည်လည်းကျွန်ုပ်တို့အာရုံကိုဖမ်းစားနေမည်မှာ အံ့သြဖွယ်ရာ မရှိပေ။အများစုသတိ
ထားမိ၍ ကျွန်ုပ်တို့ အာရုံကို လှလှပပဆွဲဆောင်နိုင်သောအရာများမှာ Asus tablet များဖြစ်သည်။ 

၎င်း tablet သည် Android နှင့် Windows စနစ် နှစ်မျိုးလုံးပါရှိသည်။ သုံးစွဲသူများအနေဖြင့် အဆိုပါ tablet အား လိုချင်သည်ဖြစ်စေ၊မလိုချင်သည်ဖြစ်စေအဓိကမကျသော်လည်း၎င်း tablet သည် မည်မျှလောက် လုပ်ဆောင်
မည်ကို အတိအကျသိရှိရန်အတွက်မူ စိတ်ဝင်စားဖွယ်ရှိရဦးမည်ပင် ဖြစ်သည်။

Samsung ကုမ္ပဏီသည်လည်း စိတ်ဝင်စားဖွယ် tablet တစ်မျိုးဖြစ်သည့် Galaxy Note Pro ကို ထုတ် ဖော်ပြသ

ရန် မျှော်မှန်းထားသည်။ထို့ပြင် နောက်ဆုံးပေါ် Androids 4.4 kitKatကိုသုံးစွဲထားသည့် ဈေးနှုန်းချိုသာသော
tablet အချို့ကိုလည်း ကျွန်ုပ်တို့အနေဖြင့် ပြပွဲတွင် တွေ့မြင်ရန် မျှော်မှန်းနိုင် သည်။

Car Tech
Carနည်းပညာပစ္စည်းများသည်လည်း ကျွန်ုပ်တို့ စောင့်ကြည့်လေ့လာသွားရမည့် ထိပ်တန်းပစ္စည်းများ အနက်

တစ်ခုအပါအ၀င်ဖြစ်လေသည်။၎င်းနည်းပညာကို နောက်ဆုံးမှဖော်ပြခြင်းကြောင့်အရေးမကြီး တော့ဟုလည်း
မဆိုနိုင်ပေ။ 

The Tech Insideအပိုင်းများအားဂရုစိုက်ကြည့်မည်ဆိုပါကမိုဘိုင်းနည်း ပညာနှင့် ကားများသည် အခြားသော
စက်ပစ္စည်းများအကြား နောက်ပိုင်းတွင် အဆင်ပြေပြေ ပူးတွဲသုံး စွဲ၍ရသည်ကို သိရှိပေလိမ့်မည်။ ၎င်းနည်း
ပညာသည်မည်မျှလောက်ဆက်လက်တိုးတက်မြင့်မားလာမည်ကိုလည်း CES ပြပွဲတွင် ကြည့်ရှုခွင့်ရမည်ဖြစ်
သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment