Pages

Friday, January 10, 2014

ဟားခါးတွင် ဒေါ်အောင်ဆန်းစုကြည် တည်းခိုရန် ခက်ခဲမှုကို အစိုးရရှင်းချက်ထုတ်

RangonNewsDaily:: January . 10 .2014
ဒေါ်အောင်ဆန်းစုကြည်၏ချင်းပြည်နယ်ခရီးစဉ်အတွင်းဟားခါးမြို့တွင်တည်းခိုရန်အခက်အခဲရှိခဲ့သည့် အခြေ

အနေနှင့် ပတ်သက်၍ အစိုးရက ဇန်နဝါရီ ၁၀ရက် ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။ ဒေါ်အောင်ဆန်းစု
ကြည်၏ ဟားခါးခရီးစဉ်တွင်ယခင်ကအစိုးရအကြီးအကဲများ တည်းခိုသည့် ပြည်ထောင်စုရိပ်သာတွင် တည်း
ခိုရန် စီစဉ်ထားသော်လည်းချယ်ရီတည်းခိုခန်းတွင်တည်းခိုလိုက်ရကြောင်းမီဒီယာများတွင် ရေးသားဖော်ပြ
ချက်များကို ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်က သူ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ တစ်ဆင့် ရှင်းလင်းလိုက်ခြင်း
ဖြစ်သည်။
ရှင်းလင်းချက် အပြည့်အစုံမှာ >>>>> ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း ဟားခါးမြို့မှာ တည်းခိုနေထိုင်ခဲ့ရမှုအခြေအနေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက စီစဉ်ပေးမှုမရှိဘူးဆိုပြီး ပြောဆိုမှုတွေ
ကို မီဒီယာများမှာ တွေ့ရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ ဆက်သွယ်မေးမြန်းသိရှိရတဲ့ အခြေအနေများကိုတင်ပြအပ် ပါ

တယ်။

ဒေါ်အောင်ဆန်းစုကြည်တည်းခိုနိုင်ဖို့အတွက် ပြည်နယ်အစိုးရမှ ပြည်ထောင်စုရိပ်သာ အခန်း(၂ ) အား ဒေါ်

အောင်ဆန်းစုကြည် အတွက်လည်းကောင်း၊ PSO နှင့် လုံခြုံရေးဟုသူ ပေါင်း( ၁၀ )ဦးအတွက် ယခင်က ၀န်
ကြီးများလာရောက်လျှင်တည်းခိုနေထိုင်လေ့ရှိသော( ၂ )ယောက်ခန်းအမှတ်( ၄/၅/၆)နဲ့PSOခန်းCOMMON
HALLအား ပေးခဲ့ပါသည်။

အခန်းအရေအတွက်သာလျာထားပေးခဲ့ခြင်းဖြစ်ပြီး နေရာချထားမှုကို NLD အစီစဉ်ဖြင့်ဆောင်ရွက်
ရန်စီစဉ်

ပေး ခဲ့ပါတယ်။ အခန်း (၁) ကတော့ အစဉ်အလာအရ နိုင်ငံတော်အကြီးအကဲ တွက်သတ်မှတ်ထားတာဖြစ်
ပါတယ်။ ဒုသမ္မတနဲ့ ပြည်ထောင်စု လွှတ်တော်နာယက ကြီး တို့ လာရောက်စဉ်မှာလည်း အခန်း ၂ မှာပဲ တည်းခိုနေထိုင်ခဲ့တာဖြစ် ပါတယ်။

အဲဒီအချိန်က ပြည်ထောင်စုရိပ်သာမှာ ဟိုတုံးထဲက ရောက်ရှိတည်းခိုနေတဲ့ နိုင်ငံခြားသား ၄ ဦးအပါအ၀င် ဧည့် သည်များကိုတော့ ရိပ်သာရဲ့နောက်ဘက် အခန်းငယ်များမှ နေရာချထားပေးခဲ့ပါတယ်။

ဒါ့အပြင်ပန်းကန်ခွက်ယောက်များငှားရမ်းရန်ပြောကြားတဲ့အတွက် ၁၅ ဦးစာပန်းကန်ခွက်ယောက်များနဲ့ ရိပ်

သာ မှာ ချက်ပြုတ်နိုင်ရန် စီစဉ်ပေးခဲ့ပါတယ်။

ဒါပေမယ့်ဇန်နဝါရီ ၇ ရက်နေ့ညနေမှာ ချင်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးရာကျုံး က ရိပ်
သာ

မှာမနေတော့ဘဲ ချယ်ရီတည်းခိုခန်းမှာပဲ နေထိုင်မယ်လို့ လာရောက်အကြောင်း ကြားခဲ့ပါတယ်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment