Pages

Friday, January 10, 2014

၂၀၄ ဘတ်စ်ကားပေါ်မှ ခါးပိုက်နှိုက်နှစ်ဦး ဖမ်းမိ

RangonNewsDaily:: January . 10 .2014
(၂၀၄) ယာဉ်လိုင်းပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ရွှေဥ(ခ)တင်ရွှေဦး (ဘ) ဦးတင်

ရွှေ ဆိပ်ကြီးခနောင်တိုမြို့နယ်နေသူနှင့် ရာဇာ(ဘ)ဦးတင်ရွှေ တွံတေးမြို့နယ်နေသူတို့ကို ပန်းဘဲ တန်းမြို့
နယ်၊ ကုန်သည်လမ်းနှင့် လမ်း(၃၀)ထိပ် ကားမှတ်တိုင်၌ ဇန်န၀ါရီ ၇ ရက်၊ မွန်းလွဲ ၃နာရီခန့်တွင် ဖမ်းမိခဲ့
သည်ဟု ရဲဇာနည်ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် လမ်း(၃၀) ထိပ်ကား မှတ်
တိုင်၌ ၎င်းယာဉ်ပေါ်မှ ဆင်းလာသည့် သံသယရှိသူနှစ်ဦးကိုရှာဖွေခဲ့ရာ ရွှေဥ(ခ)တင်ရွှေဦးထံမှ ငွေ ကျပ် ၁၈,၅၀၀အား တွေ့ရှိသည်။

ဆက်လက်စစ်ဆေးရာတွင် ယာဉ်ပေါ်စီးနင်းလိုက်ပါလာစဉ် ရာဇာက လူကာပေးပြီး ရွှေဥ(ခ)တင်ရွှေဦးက ယာဉ် ပေါ်ပါအသက်(၅၅)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ လက်ကိုင်အိတ်အတွင်းမှ နှိုက်ယူရရှိခဲ့သော ငွေ များဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် ၎င်းတို့နှစ်ဦးအား ပန်းဘဲတန်းမြို့မရဲစခန်းက ပြစ်မှုအမှတ်(ပ) ၇/၂၀၁၄၊ ပုဒ်မ ၃၇၉(နှိုက်) /၅၄ ဖြင့် အရေးယူထားသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment