Pages

Friday, January 10, 2014

အသက် ၁၃ နှစ်အရွယ် ၆တန်းကျောင်းသားတစ်ဦးကြိုးဆွဲချသေဆုံးမှု တောင်တွင်းကြီးမြို့ ၌ဖြစ်ပွား

RangonNewsDaily:: January . 10 .2014
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်တောင်တွင်းကြီးမြို့နယ်--- ကျေးရွာတွင် ကျောင်းသားတစ်ဦး ကြိုးဆွဲချသေ

ဆုံးကြောင်း သတင်း ရရှိသည်။ဖြစ်စဉ်မျာ ၈.၁.၂၀၁၄ ရက် နံနက် ၁၀ နာရီအချိန်ခန့် တောင်တွင်းကြီးမြို့မ ရဲစခန်းပိုင် ရဲစခန်းအရှေ့မြောက်ဘက် ၆ မိုင် ခန့်အကွာ ---- ကျေးရွာတွင် လူတစ်ဦးကြိုးဆွဲချသေဆုံးနေ
 ကြောင်း သတင်းအရခေတ္တစခန်းမှူးရဲအုပ်စိုင်းထွန်းကျော်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည်သတ်သေ ဦးသန်း
ဝင်းအောင်၊ ဦးစိုင်းစိုးဝင်း တို့နှင့် အတူသွားရောက်စစ်ဆေး ရာသေဆုံးသူမှာ
မောင် ---- ၁၃ နှစ်ဖြစ်ကြောင်း၊ ၎င်း၏ဘကြီး တော်စပ်သူဦး ----၏ (၄) ပင် နေအိမ်အလယ်ထုပ်တန်း၌ ကြိုး ဆွဲချသေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိရကြောင်း၊ သေဆုံးသူ၏ အဒေါ်ဖြစ်သူ၏ပြောပြချက် အရ မောင် -----မှာယခင်ကလည်းကြိုးဆွဲချကြံစည်ဖူး ကြောင်း၊တစ်ခါတစ်ရံစိတ်ဖောက် ပြန်လေ့ရှိကြောင်း၊ အခင်းမဖြစ်
 နံနက် ၉ နာရီ ၃၀အချိန်ခန့်ကက ဒေါ် ---- မှာ နေအိမ်အောက် ၌ အ၀တ်ဖွတ်နေစဉ်နေအိမ်ပေါ် မှ ဒုန်းဒုန်း
ဟုအသံကြား၍ တက်ရောက်ကြည့်ရှုရာမောင်--- အား နေအိမ်အလယ်ထုပ်တန်း၌ ကြိုးဆွဲချသေဆုံးနေသည်
ကို တွေ့ရကြောင်း ပြောပြသိရှိရ သည်ဆို၏။

ကြိုးဆွဲချသေဆုံးမှု နှင့် ပတ်သက်၍ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်စုံစမ်း စစ်ဆေးနိုင်ရန် တောင်

တွင်းကြီး မြို့မရဲစခန်းကသေမှုသေခင်းအမှတ်စဉ်၁/၂၀၁၄ ဖြင့်ဆက်လက်စစ် ဆေးလျက်ရှိကြောင်း သတင်း
ရရှိ သည်။

Hot News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment