Pages

Thursday, January 9, 2014

apple၏ မျိုးဆက်သစ် iPhoneက ပါးလွှာမှုကို အထူးပြု တည်ဆောက်ဖွယ်ရှိ

Photo: apple၏ မျိုးဆက်သစ် iPhoneက ပါးလွှာမှုကို အထူးပြု တည်ဆောက်ဖွယ်ရှိ
Thursday, January 9, 2014

Appleက အသစ်ထုတ်လုပ် ရောင်းချမည့် iPhone 6သည် iPhone မျိုးဆက်အားလုံးအနက် အပါးလွှာဆုံး ဖြစ်လာဖွယ် ရှိနေကြောင်း သိရှိရသည်။ iPhone မျိုးဆက်သစ်၏ ဒီဇိုင်းပုံဟု ယူဆရသည့် ဓာတ်ပုံတစ်ခု အင်တာနက်တွင် ပျံ့နှံ့လာရာ ယင်းဖုန်း၏ ကိုယ်ထည်သည် (၃)မီလီမီတာမျှသာ ထူထဲကြောင်း တွေ့ရှိရသည်။ အချို့ကလည်း (၄.၅)မီလီမီတာမျှ ထူထဲမည်ဟု ခန့်မှန်းကြသည်။ မည်သို့ပင်ဖြစ်စေ Appleအနေဖြင့် iPhone အသစ်ကို ထုတ်လုပ် ရောင်းချရာတွင် ကိုယ်ထည် ပါးလွှာပေါ့ပါးမှုကို အသားပေး တည်ဆောက်လာလိမ့်မည်ဟု အများစုက လက်ခံထားသည်။ 

အထူးသဖြင့် iPad Air အမျိုးအစား ပါးလွှာသည့် Tabletကို ထုတ်လုပ်ခဲ့သည့်နောက် ဖုန်းများကိုလည်း ပါးလွှာသော ကိုယ်ထည်အဖြစ် ပြောင်းလဲရန် ကုမ္ပဏီက အာရုံစိုက်လာဖွယ် ရှိနေသည်။ Appleအနေဖြင့် ယခုနှစ်အတွင်း မျိုးဆက်သစ် iPhoneကို ထုတ်လုပ် ရောင်းချဖွယ် ရှိနေပြီး iPhone 5Sနှင့် iPhone 5Cတို့ကို ဆက်ခံမည့် အဆိုပါ အမျိုးအစားသည် iPhone 6ဟု ယေဘုယျ ခေါ်ဝေါ်နေသည့်တိုင် iPhone Airဟူသော အမည်မျိုးဖြင့် ထွက်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။ 

Apple၏ iPhoneများသည် Screen အရွယ်အစား သေးငယ်မှုအတွက်လည်း ဝေဖန်မှုများ ကြုံနေရပြီး အသစ်ထွက်ရှိမည့် အမျိုးအစားတွင် Samsung၏ Galaxy S4နှင့် HTC Oneတို့ကဲ့သို့ (၅)လက်မ Screenမျိုး ဖြစ်လာရန်လည်း Appleပရိသတ်က မျှော်လင့်နေသည်။ လက်ရှိ ရောင်းချနေသည့် iPhone 5Sသည် (၇.၆)မီလီမီတာ ထူထဲပြီး iPad Airကမူ ယင်းထက် အတန်ငယ် ပါးလွှာကာ (၇.၅)မီလီမီတာ အထူရှိသည်။ လက်ရှိ ကမ္ဘာပေါ်တွင် ကိုယ်ထည်အပါးလွှာဆုံးဖုန်းမှာ Vivo X3ဖြစ်ပြီး (၅.၇၅)မီလီမီတာသာ ထူသည်။ ယင်းသည် Huawei၏ Ascen P6၏ ကိုယ်ထည်အထူ (၆.၁၈)မီလီမီတာ စံချိန်ဟောင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ 

Planet Myanmar Network.

RangonNewsDaily:: January . 7 .2014
Appleက အသစ်ထုတ်လုပ် ရောင်းချမည့် iPhone 6သည် iPhone မျိုးဆက်အားလုံးအနက် အပါးလွှာဆုံး ဖြစ်လာဖွယ် ရှိနေကြောင်း သိရှိရသည်။ iPhone မျိုးဆက်သစ်၏ ဒီဇိုင်းပုံဟု ယူဆရသည့် ဓာတ်ပုံတစ်ခု အင်တာနက်တွင် ပျံ့နှံ့လာရာ ယင်းဖုန်း၏ ကိုယ်ထည်သည် (၃)မီလီမီတာမျှသာ ထူထဲကြောင်း တွေ့ရှိရသည်။ အချို့ကလည်း (၄.၅)မီလီမီတာမျှ ထူထဲမည်ဟု ခန့်မှန်းကြသည်။ 
 
မည်သို့ပင်ဖြစ်စေ Appleအနေဖြင့် iPhone အသစ်ကို ထုတ်လုပ် ရောင်းချရာတွင် ကိုယ်ထည် ပါးလွှာပေါ့ပါးမှုကို အသားပေး တည်ဆောက်လာလိမ့်မည်ဟု အများစုက လက်ခံထားသည်။

အထူးသဖြင့် iPad Air အမျိုးအစား ပါးလွှာသည့် Tabletကို ထုတ်လုပ်ခဲ့သည့်နောက် ဖုန်းများကိုလည်း ပါးလွှာသော ကိုယ်ထည်အဖြစ် ပြောင်းလဲရန် ကုမ္ပဏီက အာရုံစိုက်လာဖွယ် ရှိနေသည်။ Appleအနေဖြင့် ယခုနှစ်အတွင်း မျိုးဆက်သစ် iPhoneကို ထုတ်လုပ် ရောင်းချဖွယ် ရှိနေပြီး iPhone 5Sနှင့် iPhone 5Cတို့ကို ဆက်ခံမည့် အဆိုပါ အမျိုးအစားသည် iPhone 6ဟု ယေဘုယျ ခေါ်ဝေါ်နေသည့်တိုင် iPhone Airဟူသော အမည်မျိုးဖြင့် ထွက်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။

Apple၏ iPhoneများသည် Screen အရွယ်အစား သေးငယ်မှုအတွက်လည်း ဝေဖန်မှုများ ကြုံနေရပြီး အသစ်ထွက်ရှိမည့် အမျိုးအစားတွင် Samsung၏ Galaxy S4နှင့် HTC Oneတို့ကဲ့သို့ (၅)လက်မ Screenမျိုး ဖြစ်လာရန်လည်း Appleပရိသတ်က မျှော်လင့်နေသည်။ 
 
လက်ရှိ ရောင်းချနေသည့် iPhone 5Sသည် (၇.၆)မီလီမီတာ ထူထဲပြီး iPad Airကမူ ယင်းထက် အတန်ငယ် ပါးလွှာကာ (၇.၅)မီလီမီတာ အထူရှိသည်။ လက်ရှိ ကမ္ဘာပေါ်တွင် ကိုယ်ထည်အပါးလွှာဆုံးဖုန်းမှာ Vivo X3ဖြစ်ပြီး (၅.၇၅)မီလီမီတာသာ ထူသည်။ ယင်းသည် Huawei၏ Ascen P6၏ ကိုယ်ထည်အထူ (၆.၁၈)မီလီမီတာ စံချိန်ဟောင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Planet Myanmar Network. , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment