Pages

Friday, July 19, 2013

DuDo ၏ တစ်ကိုယ်တော်စီးရီး (DuDo’s EP) ထွက်ရှိ

Photo: DuDo ၏ တစ်ကိုယ်တော်စီးရီး (DuDo’s EP) ထွက်ရှိ
Thursday, July 18, 2013

Cobra-X နှင့် Monopoly ဂီတအဖွဲ့တို့တွင် ဘေ့စ်ဂစ်တာ တီးခတ်ခဲ့သူ တေးသံရှင်သစ် DuDo က သူ၏ တစ်ကိုယ်တော်စီးရီးဖြစ်သည့် (DuDo’s EP) ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် The Sun Music Production မှ ဖြန့်ချိမည် ဖြစ်ကြောင်း The Voice သို့ ပြောကြားသည်။

အဆိုပါတေးစီးရီးတွင် သီချင်းလေးပုဒ်သာ ပါဝင်ပြီး လူငယ်အများစု ကြိုက်နှစ်သက်သော ဂီတအမျိုးအစားဖြစ်သည့် METAL သီချင်းများ ဖြစ်ကြောင်း၊ သီချင်းများမှာ ကိုယ်ပိုင်သံစဉ် သီချင်းများ ဖြစ်ကြောင်း၊ အခြားအသစ်တစ်ခု ဖန်တီးလိုစိတ်ဖြင့် ယင်းစီးရီး လုပ်ဖြစ်ခဲ့ကြောင်း၊ အယ်လ်ဘမ်တစ်ခုလုံး အနေဖြင့် ထုတ်လုပ်သွားဖို့ ရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါ တေးစီးရီးမိတ်ဆက်ပွဲသို့ တက်ရောက်လာသော တေးသံရှင် Corba ကလည်း“ ဒီ Music က အရမ်းကြမ်းတယ် မြန်မာနိုင်ငံနဲ့ ဖြစ်ပါ့မလားပေါ့။ နည်းနည်းလျှော့ပါလားလို့ ပြောတော့ ကျွန်တော် လုံးဝမလျှော့ဘူးလို သူကပြောတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဲဒီ စိတ်ဓာတ်မျိုးကို ကြိုက်တယ်။ အဲဒါရှုးသွပ်မှလည်း အောင်မြင်မှုတွေ ပိုပြီးရရှိမယ်လို့ ထင်တယ်” ဟု ပြောကြားသည်။

စည်သူ
The Voice Weekly

Thursday, July 18, 2013

Cobra-X နှင့် Monopoly ဂီတအဖွဲ့တို့တွင် ဘေ့စ်ဂစ်တာ တီးခတ်ခဲ့သူ တေးသံရှင်သစ် DuDo က သူ၏ တစ်
ကိုယ်တော်စီးရီးဖြစ်သည့် (DuDo’s EP) ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် The Sun Music Production မှ ဖြန့်ချိ
မည် ဖြစ်ကြောင်း The Voice သို့ ပြောကြားသည်။ အဆိုပါတေးစီးရီးတွင်သီချင်းလေးပုဒ်သာပါဝင်ပြီးလူငယ်အများစု ကြိုက်နှစ်သက်သောဂီတအမျိုးအစားဖြစ်
သည့် METAL သီချင်းများ ဖြစ်ကြောင်း၊ သီချင်းများမှာ ကိုယ်ပိုင်သံစဉ် သီချင်းများ ဖြစ်ကြောင်း၊ အခြားအ
သစ်တစ်ခု ဖန်တီးလိုစိတ်ဖြင့် ယင်းစီးရီး လုပ်ဖြစ်ခဲ့ကြောင်း၊ အယ်လ်ဘမ်တစ်ခုလုံး အနေဖြင့် ထုတ်လုပ်သွား
ဖို့ ရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါ တေးစီးရီးမိတ်ဆက်ပွဲသို့ တက်ရောက်လာသော တေးသံရှင် Corba ကလည်း“ ဒီ Music က အရမ်း
ကြမ်းတယ် မြန်မာနိုင်ငံနဲ့ ဖြစ်ပါ့မလားပေါ့။ နည်းနည်းလျှော့ပါလားလို့ ပြောတော့ ကျွန်တော် လုံးဝမလျှော့
ဘူးလို သူကပြောတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဲဒီ စိတ်ဓာတ်မျိုးကို ကြိုက်တယ်။ အဲဒါရှုးသွပ်မှ
လည်း အောင်မြင်မှုတွေ ပိုပြီးရရှိမယ်လို့ ထင်တယ်” ဟု ပြောကြားသည်။

စည်သူ
The Voice Weekly , RangonNewsDaily
kolatt (Pabedan): 19.7.2013

0 comments:

Post a Comment