Pages

Friday, July 19, 2013

အမေရိကန် မွတ်စလင်မ် ကျောင်းသူ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် အရွေးခံရ

**********************************************************

ပါလက်စတိုင်းအရေးထောက်ခံလှုပ်ရှားတက်ကြွသူ အမေရိကန် မွတ်စ်လင်မ် ကျောင်းသူတစ်ဦးသည် ဂျူးအုပ်စုများ၏ ကန့်ကွက်မှုများအပေါ်အောင်မြင်ပြီး ၊ မွတ်စ်လင်မ်များအနက် ပထမဆုံး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည်။
ကယ်လီဖိုးနီးယားပြည်နယ်၏ ဂုဏ်ထူးဆောင်တက္ကသိုလ်ဖြစ်သော ဘာကလေ (Berkeley)တွင် လူမှုဗေဒဘာသာရပ် တက်ရောက်နေသည့် အသက် ၂၁ နှစ်အရွယ် စာဒီယဟ် စိုင်ဖွဒ္ဒီန်း(Sadia Saifuddin)က “ အတိုင်းထက်အလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်ရှင် ” ဟု ရိုက်တာသို့ ဇူလိုင် ၁၇ ရက် ဗုဒ္ဓဟူးနေ့၌ ပြောကြားခဲ့သည်။

သူမ၏ရာထူးကိုလက်ခံရန် သူမအားထောက်ခံသူ လူအုပ်ကြီးအကြား ဖြတ်သန်းလျှောက်လှမ်းလာစဉ် “ ဒီအနေအထား အတွက် ကျွန်မ အရမ်း စိတ်လှုပ်ရှားနေတယ် ” ဟု ဆိုခဲ့သည်။

စိုင်ဖွဒ္ဒီးန်သည် ၂၀၁၄ ခုနှစ်မှစတင်မည့် စာသင်နှစ်တစ်နှစ်လုံးအတွက် ကျောင်းသားခေါင်းဆောင်ဘုတ်အဖွဲ့ဝင် ၂၆ ဦး အနက် ပထမဆုံးသော မွတ်စ်လင်မ်တစ်ဦး ဖြစ်လာတော့မည်။

သူမ၏နေရာနှင့်ပတ်သက်ပြီး ထင်ရှားပေါက်ရောက်သော Simon Wiesenthal Center အပါအ၀င် ဂျူးအုပ်စုတို့၏ အပြင်းအထန်ဆန့်ကျင်မှုကို ကျော်ဖြတ်ခဲ့ရသည်။ အစ္စရေးစစ်တပ်နှင့်ချိတ်ဆက်နေသည့်ကုမ္ပဏီလုပ်ငန်းများထံမှ ရရှိသော တက္ကသိုလ်ရန်ပုံငွေများအား သူမလှုပ်ရှားနေသည့်ဆောင်ရွက်ချက်များတွင် အသုံးချလိမ့်မည်ဟု ၄င်းတို့က ပုတ်ခတ်စွပ်စွဲဆန့်ကျင်ထားကြသည်။ စန်တာခရုဇ် Santa Cruz ကျောင်းဝင်းမှ နည်းပြတစ်ဦးမှာ အစ္စလာမ်အပေါ် တစ်ဖက်သတ်အထင်မှားပြီးရွံကြောက်နေသူဖြစ်ကြောင်း ကျောင်းသားရေးရာအဖွဲ့၏ ရှုတ်ချချက်အပေါ် ရပ်တည်သည့် အတွက်ကြောင့်လည်း ၄င်းတို့က ကန့်ကွက်ခြင်းဖြစ်သည်။

“ UC စံနစ်ကြီးစိုးထားတဲ့နှစ်တစ်နှစ်ရဲ့ ကျောင်းသတင်းထုတ်ပြန်ချက်မှာ ကျောင်းထဲက ထောင်နဲ့ချီတဲ့လူတွေကို အပြောင်းအလဲဖြစ်စေတဲ့သူအပေါ် ခန့်အပ်ရမယ်လို့ အဆိုတစ်ခုပါနေတယ်။ အခြားသင့်တော်တဲ့ မွတ်စ်လင်မ်တစ်ဦးဦးကို ဒီရာထူးမှာ ထားသင့်တယ်။ စာဒီယဟ်ဟာ သင့်တော်သူမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံထားတယ် ” ဟု Wiesenthal Center မှ ဂျူးဘုန်းကြီး အေရွန် ဟိုင်ယာ (Aron Hier) ပြောကြားကြောင်း စာဒီယဟ်အား ဘုတ်အဖွဲ့ဝင်အဖြစ်မှငြင်းဆိုရန် ထိုအဖွဲ့၏ထုတ်ပြန်စာ၌ ဖော်ပြထား၏။

အတိုက်အခံများကြားမှ တက္ကသိုလ်ကျောင်းကိုယ်စားလှယ် ၂၅ ဦး၏ဆန္ဒမဲဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် သူမအား ခန့်အပ်ရန်  အတည်ပြုခဲ့ကြသည်။ မဲမထည့်သော ကျန်အဖွဲ့ဝင်တစ်ဦးမှာ ရစ်ချက် ဘလမ်း(Richard Blum)သာ ရှိခဲ့၏။ သူက စိုင်ဖွဒ္ဒီးန်၏လှုပ်ရှားမှုများနှင့်ပတ်သက်၍ ဝေဖန်ခဲ့သူဖြစ်၏။

စိုင်ဖွဒ္ဒီးန်က အလွှာအသီးသီးမှ ကျောင်းသားများအတွက် ကျောင်းတွင်းဆိုင်ရာကိစ္စများ နှင့် ငွေကြေးအကူအညီများ ပိုမို တိုးတက်လာအောင် ဆောင်ရွက်သွားမည်ဟု ရာထူးလက်ခံစဉ် ပြောကြားသွားခဲ့သည်။

လာမည့်နှစ်အတွက် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များစုံညီ အစည်းအဝေး၌ ပါဝင်ခွင့်ရမည်ဖြစ်၏။ သို့သော် သူမ၏ တာဝန်စတင်မည့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမတိုင်မီတွင် ဆန္ဒမဲပေးခွင့်တော့ မရှိသေးချေ။

အတိုက်အခံဖက်မှ အသံများလျှံထွက်နေလင့်ကစား စိုင်ဖွဒ္ဒီးန်ကိုထောက်ခံကြသူတို့က သူမသည် ဘာသာပေါင်းစုံ ကျောင်းသူကျောင်းသားများအပေါ်အလေးထားသော စံပြကျောင်းသူတစ်ဦးအဖြစ် ချီးကျူးခဲ့ကြသည်။
Credit: M Media

ပါလက်စတိုင်းအရေးထောက်ခံလှုပ်ရှားတက်ကြွသူ အမေရိကန် မွတ်စ်လင်မ် ကျောင်းသူတစ်ဦးသည် ဂျူးအုပ်စုများ၏ ကန့်ကွက်မှုများအပေါ်အောင်မြင်ပြီး ၊ မွတ်စ်လင်မ်များအနက် ပထမဆုံး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည်။ကယ်လီဖိုးနီးယားပြည်နယ်၏ ဂုဏ်ထူးဆောင်တက္ကသိုလ်ဖြစ်သော ဘာကလေ (Berkeley)တွင် လူမှုဗေဒဘာသာရပ် တက်ရောက်နေသည့် အသက် ၂၁ နှစ်အရွယ် စာဒီယဟ် စိုင်ဖွဒ္ဒီန်း(Sadia Saifuddin)က “ အတိုင်းထက်အလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်ရှင် ” ဟု ရိုက်တာသို့ ဇူလိုင် ၁၇ ရက် ဗုဒ္ဓဟူးနေ့၌ ပြောကြားခဲ့သည်။

သူမ၏ရာထူးကိုလက်ခံရန် သူမအားထောက်ခံသူ လူအုပ်ကြီးအကြား ဖြတ်သန်းလျှောက်လှမ်းလာစဉ် “ ဒီအနေအထား အတွက် ကျွန်မ အရမ်း စိတ်လှုပ်ရှားနေတယ် ” ဟု ဆိုခဲ့သည်။

စိုင်ဖွဒ္ဒီးန်သည် ၂၀၁၄ ခုနှစ်မှစတင်မည့် စာသင်နှစ်တစ်နှစ်လုံးအတွက် ကျောင်းသားခေါင်းဆောင်ဘုတ်အဖွဲ့ဝင် ၂၆ ဦး အနက် ပထမဆုံးသော မွတ်စ်လင်မ်တစ်ဦး ဖြစ်လာတော့မည်။

သူမ၏နေရာနှင့်ပတ်သက်ပြီး ထင်ရှားပေါက်ရောက်သော Simon Wiesenthal Center အပါအ၀င် ဂျူးအုပ်စုတို့၏ အပြင်းအထန်ဆန့်ကျင်မှုကို ကျော်ဖြတ်ခဲ့ရသည်။ အစ္စရေးစစ်တပ်နှင့်ချိတ်ဆက်နေသည့်ကုမ္ပဏီလုပ်ငန်းများထံမှ ရရှိသော တက္ကသိုလ်ရန်ပုံငွေများအား သူမလှုပ်ရှားနေသည့်ဆောင်ရွက်ချက်များတွင် အသုံးချလိမ့်မည်ဟု ၄င်းတို့က ပုတ်ခတ်စွပ်စွဲဆန့်ကျင်ထားကြသည်။ စန်တာခရုဇ် Santa Cruz ကျောင်းဝင်းမှ နည်းပြတစ်ဦးမှာ အစ္စလာမ်အပေါ် တစ်ဖက်သတ်အထင်မှားပြီးရွံကြောက်နေသူဖြစ်ကြောင်း ကျောင်းသားရေးရာအဖွဲ့၏ ရှုတ်ချချက်အပေါ် ရပ်တည်သည့် အတွက်ကြောင့်လည်း ၄င်းတို့က ကန့်ကွက်ခြင်းဖြစ်သည်။

“ UC စံနစ်ကြီးစိုးထားတဲ့နှစ်တစ်နှစ်ရဲ့ ကျောင်းသတင်းထုတ်ပြန်ချက်မှာ ကျောင်းထဲက ထောင်နဲ့ချီတဲ့လူတွေကို အပြောင်းအလဲဖြစ်စေတဲ့သူအပေါ် ခန့်အပ်ရမယ်လို့ အဆိုတစ်ခုပါနေတယ်။ အခြားသင့်တော်တဲ့ မွတ်စ်လင်မ်တစ်ဦးဦးကို ဒီရာထူးမှာ ထားသင့်တယ်။ စာဒီယဟ်ဟာ သင့်တော်သူမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံထားတယ် ” ဟု Wiesenthal Center မှ ဂျူးဘုန်းကြီး အေရွန် ဟိုင်ယာ (Aron Hier) ပြောကြားကြောင်း စာဒီယဟ်အား ဘုတ်အဖွဲ့ဝင်အဖြစ်မှငြင်းဆိုရန် ထိုအဖွဲ့၏ထုတ်ပြန်စာ၌ ဖော်ပြထား၏။

အတိုက်အခံများကြားမှ တက္ကသိုလ်ကျောင်းကိုယ်စားလှယ် ၂၅ ဦး၏ဆန္ဒမဲဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် သူမအား ခန့်အပ်ရန် အတည်ပြုခဲ့ကြသည်။ မဲမထည့်သော ကျန်အဖွဲ့ဝင်တစ်ဦးမှာ ရစ်ချက် ဘလမ်း(Richard Blum)သာ ရှိခဲ့၏။ သူက စိုင်ဖွဒ္ဒီးန်၏လှုပ်ရှားမှုများနှင့်ပတ်သက်၍ ဝေဖန်ခဲ့သူဖြစ်၏။

စိုင်ဖွဒ္ဒီးန်က အလွှာအသီးသီးမှ ကျောင်းသားများအတွက် ကျောင်းတွင်းဆိုင်ရာကိစ္စများ နှင့် ငွေကြေးအကူအညီများ ပိုမို တိုးတက်လာအောင် ဆောင်ရွက်သွားမည်ဟု ရာထူးလက်ခံစဉ် ပြောကြားသွားခဲ့သည်။

လာမည့်နှစ်အတွက် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များစုံညီ အစည်းအဝေး၌ ပါဝင်ခွင့်ရမည်ဖြစ်၏။ သို့သော် သူမ၏ တာဝန်စတင်မည့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမတိုင်မီတွင် ဆန္ဒမဲပေးခွင့်တော့ မရှိသေးချေ။

အတိုက်အခံဖက်မှ အသံများလျှံထွက်နေလင့်ကစား စိုင်ဖွဒ္ဒီးန်ကိုထောက်ခံကြသူတို့က သူမသည် ဘာသာပေါင်းစုံ ကျောင်းသူကျောင်းသားများအပေါ်အလေးထားသော စံပြကျောင်းသူတစ်ဦးအဖြစ် ချီးကျူးခဲ့ကြသည်။

Credit: M Media , RangonNewsDaily
kolatt (Pabedan): 19.7.2013

0 comments:

Post a Comment