Pages

Wednesday, March 13, 2013

မြင်းခြံက ငြိမ်းချမ်းရေးလမ်းလျှောက်သူများ လိုင်ဇာရောက်ရှိ

RND:  :13.3.2013 ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်သူတွေဟာ ဒီနေ့လယ် ၂ နာရီလောက်မှာ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်အနီးက လိုင်ဇာမြို့ကို ရောက်ရှိခဲ့ပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့နယ်ကနေ လမ်းလျှောက်တဲ့သူ ၅၅ ဦးကို ရာနဲ့ချီတဲ့ လိုင်ဇာ ဒေသခံတွေက ကြိုဆိုခဲ့ကြတယ်လို့ လမ်းလျှောက်ရာမှာ လိုက်ပါလာတဲ့ မငယ်ထွေးက ပြောပါတယ်။ ရှေ့ဆက် လိုင်ဇာမှာ ဘာတွေ ဆက်လုပ်မယ်ဆိုတာကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

လမ်းလျှောက်တဲ့သူတွေက ရွှေ့ပြောင်းဒုက္ခသည် စခန်းကို သွားရောက်လည်ပတ်မယ်လို့ ထင်မြင်တဲ့အကြောင်း လိုင်ဇာ ဒေသခံတဦးကတော့ ပြောပါတယ်။

ဒီအဖွဲ့ဟာ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီးက မိုးလဲချောင်းတံတားမှာ မြေမြုပ်မိုင်းတွေကြောင့် ရှေ့ဆက်မသွားဖို့ စစ်တပ်က တားမြစ်ခဲ့ပေမယ့် ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ခဲ့ပြီး လိုင်ဇာအရောက် ချီတက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ရန်ကုန်ကနေ လိုင်ဇာကို လမ်းလျှောက်တဲ့သူတွေနဲ့ မန္တလေးမှာ ပူးပေါင်းဖို့ ကနဦးက ကြိုးစားခဲ့ပေမယ့် မတူညီမှုတွေကြောင့် တခြားလမ်းတနေရာကနေ လိုင်ဇာကို သွားရောက်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ရန်ကုန်ကနေ လိုင်ဇာကို ချီတက်တဲ့သူတွေကတော့ မြစ်ကြီးနားကို ရောက်ရှိနေပြီးတော့ မကြာခင်မှာ လိုင်ဇာကို ဆက်လက်သွားရောက်မှာလည်း ဖြစ်ပါတယ်။
 ဒီဗွီဘီ
 Rangonnewsdaily

0 comments:

Post a Comment