Pages

Wednesday, March 13, 2013

ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေး

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ်ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း အဆိုပါတပ်မှ အရာရှိကြီးတစ်ဦးက ပြောသည်။ 

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီတို့၏ နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အရှိန်ကောင်းလာနေပြီး အကျိုးဆက်အနေဖြင့် တပ်ပိုင်းဆိုင်ရာကလည်း အားပေးကူညီခြင်း ဖြစ်သည်ဟု Myanmar Peace Center မှ အကြီးတန်းအရာရှိ တစ်ဦးက သုံးသပ်ထားသည်။

ရန်ကုန်မှ ထွက်ခွာစဉ် ရဲစခန်း ၁၀ ခုကျော်က အမှုဖွင့်ခြင်းခံရပြီး ထွက်ခွာရာလမ်းတစ်လျှောက် ခံဝန်လက်မှတ် ရေးထိုးခဲ့ရသော်လည်း နောက်ပိုင်းတွင် အတားအဆီးမရှိတော့ဘဲ လမ်းလျှောက်ထွက်ခဲ့ရသည့် အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် ၁၀၀ ကျော် ဖြင့် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာသို့ ယနေ့ မနက်ပိုင်းက ရောက်ရှိသွားပြီဟု လမ်းလျှောက်အဖွဲ့ဝင်တစ်ဦးက 
ဆိုသည်။

KIO ပြောခွင့်ရ ဦးလနန်က “ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်တဲ့အဖွဲ့တွေကို ကျွန်တော်တို့က အားပေးအားမြှောက်ပြုပြီး ကြိုဆိုရမှာပဲ၊ တစ်နိုင်ငံလုံး အစစ်အမှန် ငြိမ်းချမ်းရေးရဖို့အတွက် အပင်ပန်းခံ အဆင်းရဲခံပြီး လမ်းလျှောက်လာတဲ့သူတွေလေဗျာ” ဟုပြောသည်။

PN 051

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ်ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း အဆိုပါတပ်မှ အရာရှိကြီးတစ်ဦးက ပြောသည်။ KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီတို့၏ နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အရှိန်ကောင်းလာနေပြီး အကျိုးဆက်အနေဖြင့် တပ်ပိုင်းဆိုင်ရာကလည်း အားပေးကူညီခြင်း ဖြစ်သည်ဟု Myanmar Peace Center မှ အကြီးတန်းအရာရှိ တစ်ဦးက သုံးသပ်ထားသည်။

ရန်ကုန်မှ ထွက်ခွာစဉ် ရဲစခန်း ၁၀ ခုကျော်က အမှုဖွင့်ခြင်းခံရပြီး ထွက်ခွာရာလမ်းတစ်လျှောက် ခံဝန်လက်မှတ် ရေးထိုးခဲ့ရသော်လည်း နောက်ပိုင်းတွင် အတားအဆီးမရှိတော့ဘဲ လမ်းလျှောက်ထွက်ခဲ့ရသည့် အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် ၁၀၀ ကျော် ဖြင့် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာသို့ ယနေ့ မနက်ပိုင်းက ရောက်ရှိသွားပြီဟု လမ်းလျှောက်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

KIO ပြောခွင့်ရ ဦးလနန်က “ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်တဲ့အဖွဲ့တွေကို ကျွန်တော်တို့က အားပေးအားမြှောက်ပြုပြီး ကြိုဆိုရမှာပဲ၊ တစ်နိုင်ငံလုံး အစစ်အမှန် ငြိမ်းချမ်းရေးရဖို့အတွက် အပင်ပန်းခံ အဆင်းရဲခံပြီး လမ်းလျှောက်လာတဲ့သူတွေလေဗျာ” ဟုပြောသည်။

PN 051
Popular Myanmar News:
Rangonnewsdaily

0 comments:

Post a Comment