Pages

Wednesday, March 13, 2013

ဧရာဝတီနှင့် ချင်းတွင်းမြစ်တွင် မြို့အချို့၌ ရေနည်းသတိပေးမှတ် ၀န်းကျင်သို့ ရောက်ရှိ၍ သတိပေးချက် ထုတ်ပြန်

ဧရာဝတီနှင့် ချင်းတွင်းမြစ်တွင် မြို့အချို့၌ ရေနည်းသတိပေးမှတ် ၀န်းကျင်သို့ ရောက်ရှိ၍ သတိပေးချက် ထုတ်ပြန်
Wednesday, March 13, 2013

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေသည် မြို့အချို့၌ ရေနည်း သတိပေးမှတ် ၀န်းကျင်သို့ ရောက်ရှိနေသည့်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။

၂၀၁၃ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ဧရာဝတီမြစ်ရေသည် မကွေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် တိုင်းထွာချက်များအရ အဆိုပါမြို့များ၌
ရေနည်းသတိပေးမှတ်ဝန်းကျင်သို့ ရောက်ရှိနေသည်ဟု သိရှိရသည်။ 

၂၀၁၃ ခုနှစ် မတ်လ ၆ ရက်နေ့တွင် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မကွေးမြို့တွင် ၄၁၉ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ မြစ်ရေသည် ရက်သတ္တပတ်အတွင်း ပေ၀က်ခန့် ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်း သတိပေးမှတ် ၄၁၀ စင်တီမီတာအောက်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့အတူ မတ်လ ၁၀ ရက်နေ့တွင် မကွေးမြို့၌ တိုင်းထွာချက်အရ ၄၀၇ စင်တီမီတာသို့ ရောက်ရှိပြီး လာမည့် မတ်လ ၂၀ ရက်နေ့အထိ ယင်းမြို့၏ ရေနည်းသတိပေးမှတ်အောက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း ထပ်မံထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်တွင် မတ်လ ၈ ရက်နေ့ စစ်ကိုင်းမြို့၌ တိုင်းထွာချက်အရ 
၁၈၃ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ အဆိုပါ မြစ်ရေသည်
နောက်ငါးရက်အတွင်း ပေ၀က်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏
ရေနည်းသတိပေးမှတ် ၁၇၀ စင်တီမီတာအောက်သို့ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။ 

ဧရာဝတီမြစ်တွင် ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရေနည်း သတိပေးမှတ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ချင်းတွင်းမြစ်မှာမူ ၂၀၁၃ ခုနှစ်အတွင်း ရေနည်းမည့် အခြေအနေအဖြစ် ဒုတိယအကြိမ် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ချင်းတွင်းမြစ်ရေသည် ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်အရ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ၆၉ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် လာမည့် မတ်လကုန်အထိ မုံရွာမြို့၏ ရေနည်းသတိပေးမှတ် ၁၀၀ စင်တီမီတာ
အောက်တွင် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ရေနည်းမည့်အခြေအနေ သတင်းအဖြစ် ထုတ်ပြန်ခဲ့သည်။ ချင်းတွင်းမြစ်၏ ရေနည်းသတိပေး ထုတ်ပြန်ချက်ကို ဇန်န၀ါရီလ ၂၃ ရက်နေ့ကလည်း ထုတ်ပြန်ခဲ့ရသည်။

မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သော ဧရာဝတီနှင့် ချင်းတွင်းမြစ်များ တွင် ယခုနှစ်များအတွင်း မြစ်ကြောင်းပြောင်းလဲယိုယွင်းမှု၊
သောင်ဖြစ်ထွန်းခြင်းများပြားမှု၊ ရေကြောင်းကြပ်မှု စသည့်အခြေအနေများကို ရင်ဆိုင်လာရပြီး ရေနည်းသတိပေးမှတ်ကို အဆိုပါမြစ်များအတွက် ထုတ်ပြန်ရမှုများလည်း ရှိခဲ့သည်။ ရေကြောင်းကြပ်မှုကို ရေနည်းကာလ အတွင်း နှစ်စဉ်ရင်ဆိုင်လာရသည်။     

ဓာတ်ပုံ - ချင်းတွင်းမြစ်ကြောင်း တစ်နေရာအား ယခုနှစ် ဖေဖော်ဝါရီလ
ကုန်ပိုင်းက တွေ့ရစဉ်

Eleven Media Group
ဓာတ်ပုံ - ချင်းတွင်းမြစ်ကြောင်း တစ်နေရာအား ယခုနှစ် ဖေဖော်ဝါရီလ
ကုန်ပိုင်းက တွေ့ရစဉ်
RND:  :13.3.2013
ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်တို့တွင်မစ်ရေသည်မြို့အချို့၌ရနည်းသတိပေးမှတ် ၀န်းကျင်သို့ ရောက်ရှိနေ
သည့်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။ ၂၀၁၃ ခုနှစ်မတ်လ၆ရက်နေ့မှ၁၀ရက်နေ့အတွင်းဧရာဝတီမြစ်ရေသည် မကွေးမြို့နှင့်စစ်ကိုင်းမြို့တို့တွင်တိုင်းထွာ
ချက်များအရ အဆိုပါမြို့များ၌ ရေနည်းသတိပေးမှတ်ဝန်းကျင်သို့ ရောက်ရှိနေသည်ဟု သိရှိရသည်။ ၂၀၁၃ ခုနှစ် မတ်လ ၆ ရက်နေ့တွင် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မကွေးမြို့တွင် ၄၁၉ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ မြစ်ရေသည် ရက်သတ္တပတ်အတွင်း ပေ၀က်ခန့် ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်း သတိပေးမှတ် ၄၁၀ စင်တီမီတာအောက်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့အတူ မတ်လ ၁၀ ရက်နေ့တွင် မကွေးမြို့၌ တိုင်းထွာချက်အရ ၄၀၇ စင်တီမီတာသို့ ရောက်ရှိပြီး လာမည့် မတ်လ ၂၀ ရက်နေ့အထိ ယင်းမြို့၏ ရေနည်းသတိပေးမှတ်အောက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း ထပ်မံထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်တွင်မတ်လ၈ရက်နေ့စစ်ကိုင်းမြို့၌တိုင်းထွာချက်အရ၁၈၃ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ အဆိုပါ မြစ်ရေသည် နောက်ငါးရက်အတွင်း ပေ၀က်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ ရေနည်းသတိပေးမှတ် ၁၇၀ စင်တီမီတာအောက်သို့ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။

ဧရာဝတီမြစ်တွင် ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရေနည်း သတိပေးမှတ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ချင်းတွင်းမြစ်မှာမူ၂၀၁၃ခုနှစ်အတွင်းရနည်းမည့်အခြေအနေအဖြစ်ဒုတိယအကြိမ် ထုတ်ပြန်ထားခြင်း ဖြစ်
သည်။

ချင်းတွင်းမြစ်ရေသည် ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်အရ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ၆၉ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် လာမည့် မတ်လကုန်အထိ မုံရွာမြို့၏ ရေနည်းသတိပေးမှတ် ၁၀၀ စင်တီမီတာ အောက်တွင် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်းမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ရေနည်းမည့်အခြေအနေ သတင်းအဖြစ် ထုတ်ပြန်ခဲ့သည်။ ချင်းတွင်းမြစ်၏ ရေနည်းသတိပေး ထုတ်ပြန်ချက်ကို ဇန်န၀ါရီလ ၂၃ ရက်နေ့ကလည်း ထုတ်ပြန်ခဲ့ရသည်။

မြန်မာနိုင်ငံ၏အဓိကမြစ်ကြီးများဖြစ်သောဧရာဝတီနှင့်ချင်းတွင်းမြစ်များတွင်ယခုနှစ်များအတွင်း မြစ်ကြောင်း
ပြောင်းလဲယိုယွင်းမှုသာင်ဖြစ်ထွန်းခြင်းများပြားမှု၊ရကြောင်းကြပ်မှုစသည့်အခြေအနေများကို ရင်ဆိုင်လာ
ရပြီးရနည်းသတိပေးမှတ်ကိုအဆိုပါမြစ်များအတွက်ထုတ်ပြန်ရမှုများလည်းရှိခဲ့သည်။ ရေကြောင်းကြပ်မှုကို
ရနည်းကာလ အတွင်း နှစ်စဉ်ရင်ဆိုင်လာရသည်။


Eleven Media Group
Rangonnewsdaily

0 comments:

Post a Comment