Pages

Wednesday, March 13, 2013

အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံး၍ လုပ်အားခခေါင်းပုံဖြတ်သူ လင်မယား(၂)ဦးအား အရေးယူ

အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံး၍ လုပ်အားခခေါင်းပုံဖြတ်သူ လင်မယား(၂)ဦးအား အရေးယူ
နေပြည်တော်၊ မတ် ၁၃
၎-၁-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ်၊ လှိုင်ဘုံသာရွာနေ အောင်ကျော်မိုးမှ ၎င်းင်းနှင့်မျိုးမင်းသန်းတို့ ၂ ဦးသည် တာချီလိတ်မြို့၊ ၀မ်ကောင်းဈေးရှိ ဒေါ်ခင်ချို၏ အုန်းသီး/ငှက်ပျောသီးအရောင်းဆိုင်တွင် အလုပ်လုပ်နေစဉ် တာချီလိတ်မြို့နယ်၊ မယ်လိပါကော်ရွာ နေသူ မဘူးပါ(၃၇)နှစ်နှင့် မိုးလွင်(ခ)ကျော်သိန်း(၂၉)နှစ်တို့ လင်မယား ၂ ဦး ရောက်ရှိလာပြီး ထိုင်းနိုင်ငံ၊ ချင်းရိုင်းကော်ဖီခြံတွင် စရိတ်ငြိမ်းတစ်ဦးလျှင် ဘတ် ၄၅၀၀ ရမည်ဟု စည်းရုံးပြောဆိုသဖြင့် လိုက်ပါ သွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံသို့ရောက်ရှိ၍ ကော်ဖီခြံတွင်အလုပ်လုပ်ကိုင်ခဲ့ရာ ဒေသစံတော်ချိန် နံနက် ၀၅၃၀ အချိန်မှ ၁၈၃၀ အချိန်ထိ ကော်ဖီစေ့(၁၃/၂၁)အိတ် ခူးခဲ့ရကြောင်း၊ အိမ်သို့ပြန်ရောက်သော အခါ တစ်နေ့တာခူးခဲ့သော ကော်ဖီအိတ်တို့အား ၂၀၀၀ အချိန်ထိ ကြိတ်ခွဲရကြောင်း၊ ကြိတ်ခွဲပြီးမှသာ ထမင်းစားခဲ့ရကြောင်း၊ အချိန်ပိုလုပ်အားခမရရှိကြောင်း၊ ၎င်းင်းတို့ ၂ ဦး၏လုပ်အားခ ဘတ် ၉၀၀၀ အား ဘူးပါနှင့်မိုးလွင်တို့မှဖြတ်ယူသွားခဲ့ကြောင်း၊ ထို့သို့ အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံး၍ လုပ်အားခခေါင်းပုံဖြတ်သူ ဘူးပါနှင့် မိုးလွင်(ခ)ကျော်သိန်းတို့ ၂ ဦးအား အရေးယူပေးရန် တိုင်တန်း သဖြင့် ၈-၃-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် တာချီလိတ်ရဲစခန်း(ပ)၅၁/၂၀၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

RND:  :13.3.2013
၎-၁-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ်၊ လှိုင်ဘုံသာရွာနေ အောင်ကျော်မိုးမှ ၎င်းင်းနှင့်မျိုးမင်းသန်းတို့ ၂ ဦးသည် တာချီလိတ်မြို့၊ ၀မ်ကောင်းဈေးရှိ ဒေါ်ခင်ချို၏ အုန်းသီး/ငှက်ပျောသီးအရောင်းဆိုင်တွင် အလုပ်လုပ်နေစဉ် တာချီလိတ်မြို့နယ်၊ မယ်လိပါကော်ရွာ နေသူ မဘူးပါ(၃၇)နှစ်နှင့် မိုးလွင်(ခ)ကျော်သိန်း(၂၉)နှစ်တို့ လင်မယား ၂ ဦး ရောက်ရှိလာပြီး ထိုင်းနိုင်ငံ၊ ချင်းရိုင်းကော်ဖီခြံတွင် စရိတ်ငြိမ်းတစ်ဦးလျှင် ဘတ် ၄၅၀၀ ရမည်ဟု စည်းရုံးပြောဆိုသဖြင့်
လိုက်ပါ သွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံသို့ရောက်ရှိ၍ ကော်ဖီခြံတွင်အလုပ်လုပ်ကိုင်ခဲ့ရာ ဒေသစံတော်ချိန် နံနက် ၀၅၃၀ အချိန်မှ ၁၈၃၀ အချိန်ထိ ကော်ဖီစေ့(၁၃/၂၁)အိတ် ခူးခဲ့ရကြောင်း၊ အိမ်သို့ပြန်ရောက်သော အခါ တစ်နေ့တာခူးခဲ့သော ကော်ဖီအိတ်တို့အား ၂၀၀၀ အချိန်ထိ ကြိတ်ခွဲရကြောင်း၊

 ကြိတ်ခွဲပြီးမှသာ ထမင်းစားခဲ့ရကြောင်း၊ အချိန်ပိုလုပ်အားခမရရှိကြောင်း၊ ၎င်းင်းတို့ ၂ ဦး၏လုပ်အားခ ဘတ် ၉၀၀၀ အား ဘူးပါနှင့်မိုးလွင်တို့မှဖြတ်ယူသွားခဲ့ကြောင်း၊ 

ထို့သို့ အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံး၍ လုပ်အားခခေါင်းပုံဖြတ်သူ ဘူးပါနှင့် မိုးလွင်(ခ)ကျော်သိန်းတို့ ၂ ဦးအား အရေးယူပေးရန် တိုင်တန်း သဖြင့် ၈-၃-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် တာချီလိတ်ရဲစခန်း(ပ)၅၁/၂၀၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
Rangonnewsdaily
 

0 comments:

Post a Comment