Pages

Wednesday, March 13, 2013

ပူဖောင်းလူသား ဆေးကုသပေးမည့် သူကို ရှာဖွေ

RND:  :13.3.2013
အင်ဒိုနီးရှား နိုင်ငံတွင် ပူဖောင်းလူသားဟု အမည်တွင်နေသည့် Wisnu Chandra အမည်ရှိ အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦးသည် သူ၏ ခန္ဒာကိုယ် ပြင်ပတွင် အသားပိုများဖြင့် ရုပ်ဆိုးနေခြင်းအား ခွဲစိတ်လိုသည့်အတွက် အလှူရှင် ရှာဖွေလျက်ရှိနေကြောင်း The Learning Channel တွင် တစ်နာရီစာ documentary ထုတ်လွှင့် တင်ပြခဲ့သည်။ အသက် ၁၉နှစ် အရွယ်မှ စတင်ကာ အရေပြားတွင် အသားပိုများ စတင်ထွက်ရှိခဲ့ပြီး ယခုအခါ အရေအတွက်လည်း များပြားလာပြီး အရွယ်အစားများပါ ကြီးမားလာခဲ့ကြောင်း၊ ပြင်ပလောကအတွင်း သွားလာလှုပ်ရှားရန် အခက်အခဲများရှိပြီး မိမိ သားသမီးများမှလည်း သူတို့ထံ အဆိုပါ ရောဂါ ကူးစက်မည်လားဟူသည့် စိုးရိမ်စိတ်များ ရှိနေကြောင်း ပြောကြားခဲ့သည်။

အရေပြား ဆရာဝန်မှ Wisnu ၏ အရေပြားပေါ်မှ အဖုအကျိတ်များမှ အာရုံခံစနစ် nervous system ပုံမှန် မဟုတ်ခြင်းနှင့် မျိုးရိုးဗီဇ မူမမှန်သည့်အတွက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းသည် Nanik Tri Haryani နှင့် လက်ထပ်ခဲ့ပြီး သားသမီး (၄)ဦး ထွန်းကားခဲ့သည်။
 
 
Rangonnewsdaily

0 comments:

Post a Comment