Pages

Wednesday, March 13, 2013

လက်ပံတောင်းတောင် အစီရင်ခံစာအပေါ်“ဆရာမောင်ဝံသရဲ့  ဝေဖန်သုံးသပ်ချက်”

“ဆရာမောင်ဝံသရဲ့  ဝေဖန်သုံးသပ်ချက်”

ကော်မရှင်ရဲ့ အစီရင်ခံစာကတော့ အကြံပြုတင်ပြချက်ဘဲ ဖြစ်ပါလိမ့်မယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ သဘောသဘာဝက သူတို့ ရဲ့ စုံစမ်းစစ်ဆေး
တွေ့ ရှိချက်တွေကို စုဆောင်းပြီး အစီရင်ခံစာရေးပြီးတော့မှ သူတို့ ရဲ့ 
ဖြစ်သင့်ဖြစ်ထိုက်တဲ့သဘောထားကို တင်တာ။ အဲဒါကို သက်ဆိုင်ရာ
အစိုးရအဖွဲ့ က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်အတိုင်းဘဲ
လုပ်ရင်လည်းလုပ်မယ်။ အဲဒါကိုပြုပြင်ပြောင်းလဲပြီး လုပ်ချင်လည်းလုပ်မယ်။
အဲဒီလိုအစဉ်အလာတွေရှိတယ်။ ဒေသခံပြည်သူလူထုရဲ့ သဘောထားနဲ့ 
စုံစမ်းရေးကော်မရှင်နဲ့ တိုက်ဆိုင်တာလည်း ရှိချင်ရှိမယ်။ မရှိတာလည်း
ရှိချင်ရှိမယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒေသခံပြည်သူရဲ့ သဘောထားက
အဓိကကျမယ်လို့ မီဒီယာလောသားတစ်ဦးအနေနဲ့ ယူဆပါတယ်။
လူထုလက်မခံရင် ဘယ်အရာမှရေရှည်လုပ်လို့ အဆင်မပြေပါဘူး။ အမြဲတမ်း
အထစ်အငေါ့တွေဖြစ်မှာပါဘဲ။ ပြည်သူလူထုက မကျေမနပ်ဖြစ်နေရင်
ဒါအပေါ်မှာထပ်ပြီးတော့ ဒုတိယအတွေးနဲ့ ထပ်စဉ်းစားသင့်တယ်။ ပြည်သူလူထု
မကျေနပ်တာကို ဇွတ်လုပ်မယ်ဆိုရင် ဒီမိုကရေစီနည်းလမ်းမကျဘူးလို့ 
ယူဆတယ်။ ပြည်သူလူထုကျေနပ်မယ့် လက်ခံမယ့် အခြေအနေမျိုးဖြစ်အောင်
ပထမဆုံးလုပ်ဆောင်ရလိမ့်မယ်လို့ ထင်ပါတယ်။ စုံစမ်းစစ်ဆေးရေး
ကော်မရှင်က ဒီလိုပြောတယ်။ ဒါ့ကြောင့်မို့ ဒီလိုလုပ်တယ်။ မင်းတို့ ထပ်မပြော
ကြနဲ့ တော့။ ဆန္ဒထုတ်ဖော်တာတွေ မလိုချင်တော့ဘူးဆိုရင် တိုင်းပြည်ဟာ
မငြိမ်မသက်မှုတွေဆက်ပြီး ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထု
လိုလားတဲ့အခြေအနေကိုဘဲ ဖြစ်စေချင်ပါတယ်။

တိုင်းပြည်အကျိုးစီးပွားရှိမယ်ဆိုရင် ဒေသခံမကျေနပ်တာ အပထား၊
လုပ်ကိုလုပ်ရမယ်ဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။ ငါက ရေမြေ့သခင်ဖြစ်တယ်
ဆိုပြီး ငါလုပ်ချင်တာလုပ်မယ်ဆိုရင်တော့ ဒီမိုကရေစီမဟုတ်တော့ဘူး။
တိုင်းပြည်အကျိုးအတွက် ဒေသခံတွေက စတေးခံပြီးလုပ်ရမယ်ဆိုရင်
ဒါဟာ သဘာဝမကျဘူး။ ပီရူးမှာဆိုရင် သမ္မတကိုယ်တိုင်က အမိန့် ထုတ်တယ်။
“ဒေသခံပြည်သူလက်မခံရင် အမျိုးသားအကျိုးစီးပွားအတွက်ဖြစ်စေကာမူ
ဖွံ့ ဖြိုးရေးလုပ်ငန်းတွေကို မလုပ်ဆောင်ရ” ဆိုပြီး အမိန့် ထုတ်ပါတယ်။
အဲဒီလို ကမ္ဘာ့ အစဉ်အလာတွေလည်းရှိပါတယ်။ ဒေသခံက အနစ်နာခံရမယ်
ဆိုရင် ဘယ်အတိုင်းအတာထိ အနစ်နာခံရမလဲ။ တိုင်းပြည်ရဲ့ သယံဇာတတွေ
တောတောင်တွေ အကုန်လုံးဆုံးရှုံးပြီးမှ အနစ်နာခံရမယ်ဆိုရင်လည်း
မဟုတ်သေးဘူး။ တိုင်းပြည်အကျိုးစီးပွားရှိမယ်ဆိုတာထက် ဘယ်သူက
အကျိုးစီးပွားရှိမလဲဆိုတာ သေချာဂဃနဏ ပြန်စဉ်းစားသင့်ပါတယ်။

မောင်ဝံသ
(သတင်းစာဆရာ)

ကော်မရှင်ရဲ့ အစီရင်ခံစာကတော့ အကြံပြုတင်ပြချက်ဘဲ ဖြစ်ပါလိမ့်မယ်။စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ 
သဘောသဘာဝက သူတို့ ရဲ့ စုံစမ်းစစ်ဆေးတွေ့ ရှိချက်တွေကို စုဆောင်းပြီး အစီရင်ခံစာရေးပြီးတော့မှ သူ
တို့ ရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့သဘောထားကို တင်တာ။ အဲဒါကို သက်ဆိုင်ရာအစိုးရအဖွဲ့ က စုံစမ်းစစ်ဆေးရေး
ကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်အတိုင်းဘဲလုပ်ရင်လည်းလုပ်မယ်။ အဲဒါကိုပြုပြင်ပြောင်းလဲပြီး လုပ်ချင်
လည်းလုပ်မယ်။
အဲဒီလိုအစဉ်အလာတွေရှိတယ်။ ဒေသခံပြည်သူလူထုရဲ့ သဘောထားနဲ့ စုံစမ်းရေးကော်မရှင်နဲ့ တိုက်ဆိုင်တာလည်း ရှိချင်ရှိမယ်။ မရှိတာလည်းရှိချင်ရှိမယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒေသခံပြည်သူရဲ့ သဘောထားကအဓိကကျ
မယ်လို့ မီဒီယာလောသားတစ်ဦးအနေနဲ့ ယူဆပါတယ်။

လူထုလက်မခံရင် ဘယ်အရာမှရေရှည်လုပ်လို့ အဆင်မပြေပါဘူး။ အမြဲတမ်းအထစ်အငေါ့တွေဖြစ်မှာပါဘဲ။ ပြည်သူလူထုက မကျေမနပ်ဖြစ်နေရင်ဒါအပေါ်မှာထပ်ပြီးတော့ ဒုတိယအတွေးနဲ့ ထပ်စဉ်းစားသင့်တယ်။ ပြည်သူလူထုမကျေနပ်တာကို ဇွတ်လုပ်မယ်ဆိုရင် ဒီမိုကရေစီနည်းလမ်းမကျဘူးလို ယူဆတယ်။ ပြည်သူလူထုကျေနပ်မယ့် လက်ခံမယ့် အခြေအနေမျိုးဖြစ်အောင်ပထမဆုံးလုပ်ဆောင်ရလိမ့်မယ်လို့ ထင်ပါ

တယ်။ 

စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီလိုပြောတယ်။ ဒါ့ကြောင့်မို့ ဒီလိုလုပ်တယ်။ မင်းတို့ ထပ်မပြောကြနဲ့ 
တော့။ ဆန္ဒထုတ်ဖော်တာတွေ မလိုချင်တော့ဘူးဆိုရင် တိုင်းပြည်ဟာမငြိမ်မသက်မှုတွေဆက်ပြီး ရှိလာနိုင်
ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုလိုလားတဲ့အခြေအနေကိုဘဲ ဖြစ်စေချင်ပါတယ်။

တိုင်းပြည်အကျိုးစီးပွားရှိမယ်ဆိုရင် ဒေသခံမကျေနပ်တာ အပထား၊လုပ်ကိုလုပ်ရမယ်ဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။ ငါက ရေမြေ့သခင်ဖြစ်တယ်ဆိုပြီး ငါလုပ်ချင်တာလုပ်မယ်ဆိုရင်တော့ ဒီမိုကရေစီမဟုတ်တော့ဘူး။တိုင်းပြည်အကျိုးအတွက် ဒေသခံတွေက စတေးခံပြီးလုပ်ရမယ်ဆိုရင်
ဒါဟာ သဘာဝမကျဘူး။ ပီရူးမှာဆိုရင် သမ္မတကိုယ်တိုင်က အမိန့် ထုတ်တယ်။


“ဒေသခံပြည်သူလက်မခံရင် အမျိုးသားအကျိုးစီးပွားအတွက်ဖြစ်စေကာမူဖွံ့ ဖြိုးရေးလုပ်ငန်းတွေကို မလုပ်ဆောင်ရ” ဆိုပြီး အမိန့် ထုတ်ပါတယ်။အဲဒီလို ကမ္ဘာ့ အစဉ်အလာတွေလည်းရှိပါတယ်။ ဒေသခံက အနစ်နာခံရမယ်ဆိုရင် ဘယ်အတိုင်းအတာထိ အနစ်နာခံရမလဲ။ 


တိုင်းပြည်ရဲ့ သယံဇာတတွေတောတောင်တွေ အကုန်လုံးဆုံးရှုံးပြီးမှ အနစ်နာခံရမယ်ဆိုရင်လည်းမဟုတ်
သးဘူး။ တိုင်းပြည်အကျိုးစီးပွားရှိမယ်ဆိုတာထက် ဘယ်သူကအကျိုးစီးပွားရှိမလဲဆိုတာ သေချာဂဃန
ဏ ပြန်စဉ်းစားသင့်ပါတယ်။

မောင်ဝံသ
(သတင်းစာဆရာ)

Rangonnewsdaily

1 comments:

sweet said...

ကောင်းလိုတ်တာဗျာ ကျယ်ကျယ်ပြန့်ပြန့်ရေးပါဦးဆရာ
ကိုယ့်မိန်းမပင်ဖြစ်သော်ညား သဘောမတူရင် အဓမ္မ မှု
မြောက်တယ် လို့ထပ်ပြောပါရစေ

Post a Comment