Pages

Wednesday, March 13, 2013

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ထုတ်ပြန်ချက်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ ရန်ကုန်တွင်ပြုလုပ် (လက်ပန်တောင်းတောင် အရေး ယနေ့ဆန္ဒပြပွဲမြင့်ကွင်းများ)

Photo

ကော့မှူးမြို့နယ်မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောလက်ပံ
တာင်းတာင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ထုတ်ပြန်ချက်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို မတ်လ ၁၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်-အင်းစိန်လမ်မပေါ်တွင် ပြုလုပ်ခဲ့ကြကြောင်းသတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းဘေးတွင် တွေ့ရသော အဆိုတော်လင်းလင်း။ ဆန္ဒပြသူများနှင့် ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းတွေ့ဆုံရာတွင် မည်သည့်ပြဿနာမှဖြစ်ပွားခဲ့ခြင်းမရှိပါ။
အွန်လိုင်းဝဏ္ဏ
ခေတ္တမုံရွာ
၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်။
ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းဘေးတွင် တွေ့ရသော အဆိုတော်လင်းလင်း
ဆန္ဒပြသူများနှင့် ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းတွေ့ဆုံရာတွင် မည်သည့်ပြဿနာမှဖြစ်ပွားခဲ့ခြင်းမရှိ
ပါ။
စိတ်ညစ်နေပလား.. အန်တီ.. သွေးပူနေတုန်း အမှန်ကို မမြင်နိုင်တုန်း မြှောက်ထိုးပင့်ကော်တွေ ရှိနေတုန်းမို့ပါ..  အချိန်က ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။ ...း)
နိုင်ငံတာဝန်တွေနဲ့ ရတတ်မအေးဖြစ်နေရတဲ့ လက်ပန်တောင်း ခရီးစဉ်မှ အမေ့ရဲ့ပုံရိပ်
ရိုးရိုးဆန္ဒပြကြတာ ဒီးယမ်အနေနဲ့ အားပေးပါတယ်။ လက်ထဲမှာ တံစဉ်ကြီးကိုင် အမေ့ကားနားကပ် ပြူးပြဲအော်တာကြီးကတော့ အရုပ်ဆိုးလွန်းတယ်။ ကိုယ့်တစ်ယောက်ထဲရဲ့ မဆင်မချင်လုပ်ရပ်ကြောင့် ကျန်တဲ့ ဘဝတူ ဒေသခံတွေပါ ထိခိုက်မယ့်အပြုအမူမျိုးကို ရှောင်ရှားသင့်ပါတယ်။ အမေကလဲ ဆန္ဒပြအဖွဲ့ဝင်တွေနဲ့ နက်ဖြန်မိုးလင်းရင် တွေ့ဆုံသွားမယ်လို့ သိရတယ်။ အဲ့ကျရင် လိုအပ်ချက်တွေ နစ်နာချက်တွေရှိသမျှ အားမနာတမ်းပြော။ ဦးပိုင်နဲ့ ဝမ်ပေါင်ဆီက ငွေနဲ့ လုပ်ပေးရမှာ၊ အားနာစရာမရှိဘူး။ လိုသမျှ ပွင့်ပွင့်လင်းလင်းသာ ပြောကြ တောင်းကြ။ စည်းကမ်းရှိကြပါ၊ နားလည်မှုပေးကြပါ။ ဒီအစီရင်ခံစာရေးခဆိုပြီး ငွေတစ်ကျပ်တောင် ဒေါ်စုမရပါဘူး။
မုံရွာမှာ ဒေသခံတွေကို လက်ပန်တောင်းအရေး ရှင်းလင်းပြောကြားနေတဲ့ အမေစု
တောင်းဆိုး ပလုံးဆိုးကိုသာ ပြစ်ရိုးထုံးစံရှိတယ်။ သားဆိုးသမီးဆိုး ပြစ်ရိုးထုံးစံမရှိပါဘူး....

ဒီဇင်ဘာလဆန်းတုန်းက ပုံဟောင်းပါ။
ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူတွေကို မီးခိုးဗုံးသုံးအပြီး လက်ပန်တောင်းဒေသကိုရောက်ခဲ့တဲ့ အမေစု
လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို ဒေသခံများ မကျေနပ်လျှင် ဥပဒေဘောင်အတွင်းက ဆက်လက်တောင်း ဆိုရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား 

ရန်ကုန်၊မတ် ၁၂။

လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထုတ်ပြန်
လိုက်သော အစီရင်ခံစာကိုမကျေနပ်လျှင် ဥပဒေဘောင်အတွင်းမှ ဆက်လက် တောင်းဆိုသွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ပြည်သူ့လွှတ်တော်နားချိန်တွင် လက်ပံတောင်းတောင်အရေး
ဆောင်ရွက်ပေးနေသူ ကိုဟန်ဝင်းအောင်၏ ဆက်သွယ်မေးမြန်း ချက်ကို ပြန်လည်ဖြေကြားကြောင်း သိရသည်။

ယင်း အစီရင်ခံစာပါ ပုဒ်မ ၁၄၄ကို ဆက်လက်ထုတ်ထားသင့်
သည် ဟူသောအချက်နှင့်  လက်ပံတောင်းတောင်စီမံကိန်းကို ဆက်လက်လုပ် ဆောင် သင့်သည်ဆိုသော စုံစမ်းစစ်ဆေးရေး
ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ဒေသခံပြည်သူလူထုက လက်
မခံနိုင်ဖြစ်နေပြီး သပိတ်စခန်းများကို ရုပ်သိမ်းရန်အစီအစဉ် မရှိဘဲ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များကို ရွာ ၁၄ရွာမှ
ခေါင်းဆောင်များနှင့် တိုင်ပင်လျက်ရှိကြောင်း ကိုဟန်ဝင်းအောင်က
မြန်မာ့ခေတ်သို့ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့ကအချက်အလက်ရှာတာ
တရားခံရှာဖို့မှ မဟုတ်တာလို့ သတင်းထောက်တွေ မေးတာကို
ပြန်ဖြေထားတာ ကျွန်တော်အင်တာနက်မှာတွေ့ရတယ်။ သူ
ပြောချင်တာက သူ့တာဝန်က ၂၀၁၂ ဒီဇင်ဘာ ၃ရက်နေ့ကနေ 
မနေ့က အစီရင်ခံစာတင်တဲ့ အထိပဲလို့ ပြောချင်တာပါ။
ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုတွေအပေါ် ထားတဲ့ 
စိတ်စေတနာကို နားလည်ပါတယ်။စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ တာဝန်ယူထားရပေမယ့် ကော်မရှင်မှာက တခြားလူတွေကလည်း ပါသေးတယ်လေ။ အစီရင်ခံစာ အဖြေကို ဒေသခံတွေဘက်ကတော့ လုံးဝလက်မခံနိုင်ပါဘူး” ဟု ကိုဟန်ဝင်းအောင်က ပြောကြားသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်သော အဖြေမှာ 
စီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း ဆုံးဖြတ်လိုက်
ခြင်းသည် ဒေသခံများ၏ စိတ်ဆန္ဒကို လျစ်လျူရှုပြီး ဦးပိုင်နှင့် 
ဝမ်ပေါင်ကို စိတ်ကြိုက်ကြေးနီများ ထုတ်လုပ်ခွင့်ပေးလိုက်ခြင်း
ဖြစ်ပြီး ထိုကိစ္စကို မကျေနပ် သော ဒေသခံလူထုမှ ဦးပိုင်နှင့်
ဝမ်ပေါင်ကို ဘာမှမလုပ်နိုင်ရန် ပုဒ်မ ၁၄၄ကိုထုတ်ပြန်ကာ 
ဦးပိုင်နှင့်ဝမ်ပေါင် ဘက်မှကာကွယ်ပေးလိုက်သော ဆုံးဖြတ်ချက်
ဖြစ်သဖြင့် ဒေသခံလူထုဘက်မှ မကျေနပ်မှု မြင့်တက်လျက်
ရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် မှ ဆုံးဖြတ်ချက် ထုတ်ပြန်ပေးပြီး
သည့်နောက် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီကို ဖွဲ့စည်းလိုက်ခြင်း
တို့မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် ကိုယ်တိုင်က ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေးကို သာ ချဉ်းကပ်နေပြီး ဒေသခံလူထု
ဆန္ဒကို လျစ်လျူရှုထားခြင်းဖြစ်ကြောင်း၊ ထို အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီတွင် ပါဝင်သူ များမှာလည်း အစိုးရအဖွဲ့ ဝင်များနှင့် ၀မ်ပေါင်၊ ဦးပိုင်တို့မှ ပုဂ္ဂိုလ်
များ ပါဝင်နေပြီ။ ပြည်သူလူထုယုံကြည်ရသူ တစ်စုံတစ်ဦးမှ 
မပါဝင်ကြောင်း တုံရွာ သပိတ်စခန်းမှ ကိုသားကြီးကပြောကြားသည်

မတ်လ ၁၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်း
တောင်သို့ သွားမည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိရာ 
သူမ လာ ရောက်ပါက သွားရောက်တွေ့ဆုံရန်ရှိမရှိနှင့် စပ်လျဉ်းပြီး
မေးမြန်းရာ “ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာက ၀မ်ပေါင်နဲ့
 ဦးပိုင်က လူတွေ နဲ့သွားတွေ့မှာပါပါ။ ဒေသခံတွေနဲ့တွေ့ဖို့ မဟုတ်
ပါဘူး။ သူလာရင်လည်းသူ့လုံခြုံရေးတွေနဲ့ သူ ပြီးတော့ ၀မ်ပေါင် ဘက်ကလုံခြုံရေးတွေလည်း ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ သွားတွေ့ဖို့လည်း အစီအစဉ် မရှိသလို ကန့်ကွက်ဆန္ဒပြဖို့ မရှိပါဘူး ကိုယ်လုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်မှာပါ” ဟု ကိုဟန်ဝင်းအောင်ကပြောကြားသည်။

“စုံစမ်းစစ်ဆေးရေးလုပ်တဲ့နေရာမှာ တချို့ရွာတွေဆိုလုံးဝလာမစစ်ဘူး၊ စုံစမ်းစစ်ဆေးရေးလုပ်နေတဲ့အချိန်တုန်းက ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် လာရောက်ပြီး ဒေသခံတွေနဲ့တွေ့ပြီး စစ်ဆေး
တာတွေ မရှိဘူး၊ ဒကာမကြီး အလုပ်ရှုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်လာမစစ်ခဲ့တာကတော့ ဒကာမကြီးရဲ့  အားနည်းချက်လို့
ပြောရမလားပဲ” ဟု တုံရွာ သပိတ်စခန်းမှ ဆရာတော် ဦဆန္ဒသီရိက 
မိန့်ကြားသည်။

ဆုဝေ
လက်ပန်တောင်းတောင် ဒေသခံပြည်သူတွေက စည်းလုံးညီညွတ်စွာနဲ့ ဆန္ဒဖော်ထုတ်နေစဉ်
Photo

The Voice Weekly
Rangonnewsdaily

0 comments:

Post a Comment