Pages

Tuesday, December 18, 2012

ပြည်ပအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ပြည်တွင်းမှာ လာရောက်ရပ်တည်ဖို့ မဖြစ်နိုင်သေး

ပြည်ပအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ပြည်တွင်းမှာ လာရောက်ရပ်တည်ဖို့ မဖြစ်နိုင်သေး

ထိုင်းနယ်စပ်အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ WLB အနေနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဒု ဥက္ကဌ ဦးအောင်မင်း ဦးဆောင်တဲ့ ၀န်ကြီးအဖွဲ့နဲ့ တွေ့ဆုံ
ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ မိမိတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်အရ  အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)အနေနဲ့ လက်ရှိအချိန်မှာ ပြည်တွင်းမှာ လာရောက်ရပ်တည်ဦးမှာ မဟုတ်ဘူးလို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လာရောက်ရပ်တည်ဖို့ မဖြစ်နိုင်သေးတာဟာလည်း လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ရပ်စဲမှုမရှိသေးပဲ  တိုင်းရင်းသားဒေသတွေမှာ စစ်မက်တွေ ဖြစ်ပွားနေတဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်ထည်ဖော်ဆောင်ရွက်ရာမှာ အစိုးရကို ပိုမို တွန်းအားပေးနိုင်ရေးအတွက်ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ထိုင်း၊ အိန္ဒိယအစရှိတဲ့ နိုင်ငံတွေမှာ မြန်မာလူမျိုးတွေ သန်းချီ ရှိနေတဲ့အတွက် သူတို့ရဲ့ အရေးတွေကို ဆောင်ရွက်ပေးနိုင်အောင်၊ နောက်ပြီး အဘက်ဘက်က အသွင်ကူးပြောင်းနေတဲ့အချိန်မှာ ချောချောမွေ့မွေ့ဖြစ်စေရန် အဘက်ဘက်ကရည်ရွယ်ပြီး ခုလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံအထွေထွေ အတွင်းရေးမှုး ဒေါ်တင်တင်ညို က ရန်ကုန်မြို့ ရွှေဂုံတိုင်က ရွှေရသာစားသောက်ဆိုင်မှာ ဒီကနေ့ မနက်ပိုင်းကကျင်းပတဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာလာရောက်ရပ်တည်ဖို့ မရှိပေမဲ့လည်း မြန်မာနိုင်ငံအတွင်းက အမျိုးသမီးထုရဲ့ အရေးကိစ္စတွေအတွက် ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ လူမှုရေးအသင်းဖွဲ့တွေနဲ့ ပူပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ လည်း သိရပါတယ်။

ထိုင်းနယ်စပ်အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ WLB အနေနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စု
ဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဒု ဥက္ကဌ ဦးအောင်မင်း ဦးဆောင်တဲ့ ၀န်ကြီးအဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေး
မှုတွေ ပြုလုပ်ခဲ့ပေမဲ့မိမိတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်အရအမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အနေနဲ့ လက်
ရှိအချိန်မှာ ပြည်တွင်းမှာ လာရောက်ရပ်တည်ဦးမှာ မဟုတ်ဘူးလို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာလာရောက်ရပ်တည်ဖို့မဖြစ်နိုင်သေးတာဟာလည်းလက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်း ပြည်
တွင်းစစ်ရပ်စဲမှုမရှိသေးပဲတိုင်းရင်းသားဒေသတွေမှာစစ်မက်တွေ ဖြစ်ပွားနေတဲ့အတွက် ပြည်တွင်းငြိမ်းချမ်း
ရေးလုပ်ငန်းစဉ်တွေကို အကောင်ထည်ဖော်ဆောင်ရွက်ရာမှာ အစိုးရကို ပိုမို တွန်းအားပေးနိုင်ရေးအတွက်
ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ထိုင်း၊ အိန္ဒိယအစရှိတဲ့ နိုင်ငံတွေမှာ မြန်မာလူမျိုးတွေ သန်းချီ ရှိနေတဲ့အတွက် သူတို့ရဲ့ အရေးတွေ
ကို ဆောင်ရွက်ပေးနိုင်အောင်၊ နောက်ပြီး အဘက်ဘက်က အသွင်ကူးပြောင်းနေတဲ့အချိန်မှာ ချောချောမွေ့
မွေ့ဖြစ်စေရန် အဘက်ဘက်ကရည်ရွယ်ပြီး ခုလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာ
နိုင်ငံအထွေထွေ အတွင်းရေးမှုး ဒေါ်တင်တင်ညို က ရန်ကုန်မြို့ ရွှေဂုံတိုင်က ရွှေရသာစားသောက်ဆိုင်မှာ
ဒီကနေ့ မနက်ပိုင်းကကျင်းပတဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာလာရောက်ရပ်တည်ဖို့မရှိပေမဲ့လည်း မြန်မာနိုင်ငံ
အတွင်းက အမျိုးသမီးထုရဲ့ အရေးကိစ္စတွေအတွက် ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေ၊လူမှုရေး
အသင်းဖွဲ့တွေနဲ့ ပူပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ လည်း သိရပါတယ်။
 
 
RFA (Burmese)

0 comments:

Post a Comment