Pages

Tuesday, December 18, 2012

မိုဘို်င်းဖုန်းအသစ်ကိုသာရောင်းချမည့် ၀က်ဘ်ဆိုက်လွှင့်တင်

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသစ်စက်စက် များအား အွန်လိုင်းမှ ၀ယ်ယူနိုင်မည့်ဝက်ဘ်ဆိုက်တစ်ခုအား ဒီဇင်ဘာလ ၁၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ၀က်ဘ်ဆိုက်တွင်အရည်အသွေးမြင့် မိုဘိုင်းဖုန်းအသစ်များကို သာရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
"ကျွန်တော်တို့ ကအွန်လိုင်းမိုဘိုင်း စတိုးဖွင့်ချင်တာကြာပါပြီ ။ အရင်ကအွန်လိုင်း ငွေပေးချေမှု စနစ်မရှိ
သးတဲ့အတွက် မလုပ်ဖြစ်သေးဘဲအခုတော့အဆင်ပြေပြီဖြစ်လို့ အခုလိုမျိုးဝန်ဆောင်မှုကို စတင်လိုက်
တာပါ" ဟု အဆိုပါဝန်ဆောင်မှုမှ တာဝန်ရှိသူ ကိုစည်သူဖြိုး မှ ပြောကြားခဲ့သည်။

အဆိုပါဝက်ဘက်ဆိုက်တွင် Standard Item များဖြစ်သောiPhone ,Samsung, Sony အစရှိသော အမျိုးအစား
များကို သာ အဓိကထားရောင်းချသွားမည်ဖြစ်သည်။

"အများစုလက်ခံပြီးသားဖြစ်တဲ့ Standard Item တွေကိုပဲ အဓိကထားရောင်းသွားမှာဖြစ်ပါတယ်။ ဥပမာ
 iPhone 5 ဆိုပါတော့။ iPhone 5 ဆိုတာနဲ့ လူအများကလက်ခံထားပြီးသား Brand ဖြစ်ပါတယ်။ အဲဒိလို ဖုန်း
အမျိုးအစား တွေကိုပဲ အဓိကရောင်းချသွားမှာပါ။ လောလောဆယ် Apple,Samsung, Nokia, Sony,HTC 
အမျိုးအစားတွေ ရောင်းချပေးသွားမှာ ပါ။အွန်လိုင်းရှော့ပ်ပင်း ဖြစ်တဲ့အတွက် အပြင်ကထက် ဈေးသက်
သာအောင်တော့ စီစဉ်ထားပါတယ် " ဟု ကိုစည်သူဖြိုးမှ ပြောသည်။

အဆိုပါဝက်ဘ်ဆိုက်တွင် MyanPay ငွေပေးချေမှုစနစ်ဖြင့် ငွေပေးချေရမည် ဖြစ်ပြီး ၀ယ်ယူသူများအနေဖြင့်
Yangonနှင့် Mandalayမြို့တွင်းဖြစ်ပါက ၂၄နာရီ အတွင်းအိမ်တိုင်ရာရောက်ပို့ပေးမည်ဖြစ်ပြီးနယ်မှဝယ်ယူသူ
များအတွက် သက်ဆိုင်ရာကားဂိတ်မှ တဆင့် ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဝက်ဘ်ဆိုက်မှာ------

www.mobilestore.com.mm
 
ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉ ၅၀၇၅၅၁၀ သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။


  
 
TechSpace Journal

0 comments:

Post a Comment