Pages

Friday, March 22, 2013

မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ လပခတိုင်းမှူးကို တာဝန်ပေး

မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ လပခတိုင်းမှူးကို တာဝန်ပေး

မတ်လ ၂၁ ရက်နေ့ မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေမှာ အင်းတကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေအနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဒီတပ်ရင်းတွေဟာ သမ္မတရဲ့အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း မှာ အဓိကရုဏ်းဖြစ်ရာဒေသနဲ့ နီးစပ်ရာမြို့တွေကို သွားရောက်တာဝန်ယူဖို့ အသင့်စုဖွဲ့ပြီး၊ ဒီကနေ့ညနေက ရန်ကုန်ကနေ ထွက်ခွာခဲ့ပါတယ်။

ဒီအရေးပေါ် အခြေအနေကို ဖြေရှင်းဖို့ နိုင်ငံတော်သမ္မတရုံးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်ရိုက်ညွှန်ကြားမှာ ဖြစ်ပြီး မိတ္ထီလာမြို့မှာတော့ အမှတ် (၁) စစ်ဆင်ရေးအထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲအောင်တို့က အခြေစိုက်ပြီး ကွပ်ကဲမှာ ဖြစ်တယ်လို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော် အရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောကြားပါတယ်။

မိတ္ထီလာမြို့ရဲ့ အဓိကရုဏ်း အခြေအနေတွေကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ ည ၈ နာရီက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အဓိကရုဏ်းနှိမ်နှင်းတဲ့ ရဲတပ်ရင်းသုံးရင်းနဲ့ ရမည်းသင်း ရဲသင်တန်းကျောင်းက ရဲတပ်ဖွဲ့ဝင်တွေကို မိတ္ထီလာမြို့ကို သွားရောက်ပြီး လုံခြုံရေးတာဝန်ယူစေပေမယ့် အခြေအနေတွေဟာ တည်ငြိမ်မှုမရှိပဲ ပိုမိုဆိုးရွားလာတဲ့အတွက် အခုလို တပ်မတော်က သမ္မတအမိန့်နဲ့ တာဝန်ယူလိုက်ရတာပါ။

မတ်လ ၂၁ ရက်နေ့ မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေမှာ အင်းတကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေအနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ RFA က စုံစမ်းသိရပါတယ်။ ဒီတပ်ရင်းတွေဟာ သမ္မတရဲ့အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း မှာ အဓိကရုဏ်းဖြစ်ရာဒေသနဲ့ နီးစပ်ရာမြို့တွေကို သွားရောက်တာဝန်ယူဖို့ အသင့်စုဖွဲ့ပြီး၊ ဒီကနေ့ညနေက ရန်ကုန်ကနေ ထွက်ခွာခဲ့ပါတယ်။

ဒီအရေးပေါ် အခြေအနေကို ဖြေရှင်းဖို့ နိုင်ငံတော်သမ္မတရုံးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်ရိုက်ညွှန်ကြားမှာ ဖြစ်ပြီး မိတ္ထီလာမြို့မှာတော့ အမှတ် (၁) စစ်ဆင်ရေးအထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲအောင်တို့က အခြေစိုက်ပြီး ကွပ်ကဲမှာ ဖြစ်တယ်လို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော် အရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောကြားပါတယ်။

မိတ္ထီလာမြို့ရဲ့ အဓိကရုဏ်း အခြေအနေတွေကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ ည ၈ နာရီက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အဓိကရုဏ်းနှိမ်နှင်းတဲ့ ရဲတပ်ရင်းသုံးရင်းနဲ့ ရမည်းသင်း ရဲသင်တန်းကျောင်းက ရဲတပ်ဖွဲ့ဝင်တွေကို မိတ္ထီလာမြို့ကို သွားရောက်ပြီး လုံခြုံရေးတာဝန်ယူစေပေမယ့် အခြေအနေတွေဟာ တည်ငြိမ်မှုမရှိပဲ ပိုမိုဆိုးရွားလာတဲ့အတွက် အခုလို တပ်မတော်က သမ္မတအမိန့်နဲ့ တာဝန်ယူလိုက်ရတာပါ။
RFA (Burmese),Rangonnewsdaily
RND:  :22.3.2013
ကလေးဆိုတာ ချစ်ဖို့ကောင်းပါတယ်... ခုတော့ကွာ... လူမဆန်လိုက်တာ မင်းတို့ အတွက် သူတို့ တနေ့ ပေးဆပ် ရမှာပါ ....
အပြစ်မဲ့တဲ့ အစ္စလာမ်ဘာသာဝင်ကလေးငယ်များလည်းအသတ်ခံရ

မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း အတွင်းသို့ ရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။
မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း အတွင်းသို့ ရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်

ဒီလိုမြင်ကွင်းက အမှန်တရားတွက် ရပ်တည်မှုတွေ ပိုမိုခိုင်မာစေတယ်
အစ္စလာမ်ဘာသာဝင်များကို ဘေးလွတ်ရာသို့ရွေ့ပြောင်းပေးနေစဉ်

ဗုဒ္ဓ ကို မျက်နှာဖျက်ကြသူတွေ
------------------------------------------------------
ညနေက ကို ဒင်္ဂါး က စတေးတပ်တစ်ခုတင်တယ် "ရက်စက်လိုက်ကြတာ။ သာပို၊ သန့်ဇင်၊ ဆန်းသစ်တို့ရေ... ရှူံးပဟ" အဲ့တာကို တစ်ချို့က ဘာရှုံးလို့ ရှုံးမှန်းမသိကြဘူး ဒီတော့ရှင်းပြမယ် တွေဝေခြင်း မိုက်ခြင်း ကန်းခြင်း သွေးဆိုးခြင်း စည်းကမ်းမဲ့ခြင်း အစရှိတဲ့ ပညာမဲ့သူတို့ စရိုက်ရှိတဲ့ အသိတရားချွန်း ကို အချိန်မှီမအုပ်နိုင်တဲ့ ဆင်ကန်းကဲ့သို့သော လူတွေက ဘာမှအရေးအရာမဟုတ်တဲ့ ခိုက်ရန်ဖြစ်မှုကို အခွင့်ကောင်းယူပြီး မေတ္တာတရားမဲ့စွာ ဘာသာရေးပဋိပက္ခကို ဖန်တီးခဲ့တယ်။သို့ပေမယ့် တစ်ဖက်က လူသားဆန်မှု ကြောက်ရွံမှု သိးခံ မှုကိုပြတဲ့အနေနဲ့ မြို့ကို စွန့်ခွာထွက်ပြေးကြရတယ်။သူတို့တွေ လက်လေးတွေခေါင်းပေါ်တင်ပြီးမြို့ကို စွန့်ခွာသွားပုံကို သူတို့နဲ့ ဘာသာတူတဲ့သူတွေက သာမြင်ကြည့်ကြစမ်းပါ ကျုပ်လို သူတို့နဲ့ ဘာသာမတူတဲ့လူတစ်ယောက်တောင် သူတို့ အိုကြီးအိုမတွေ ကလေးငယ်တွေ နဲ့ ထွက်ပြေးကြရပုံကို ဂရုဏာသက်မိတယ်။ကဲ ခင်ဗျားတို့ က ဘယ်ဘာသာဝင်တွေလဲ ထစ်ခနဲရှိ ဒုတ်ကိုင်ပြီး သူများဘာသာရေးအဆောက်အအုံပြေးဖျက်တာ ဘယ်သူ့အဆုံးအမကို နာခံတဲ့ ဘယ်ဘာသာဝင်တွေလဲ။ခင်ဗျားတို့ ရမ်းကားခဲ့သမျှ ကျုပ်တို့ ဗုဒ္ဒမျက်နှာပျက်ရတယ်။ကဲ ဘာရှုံးလဲ သိလား ဒါရှုံးတာ ပဲ " လူသားဆန်မှု " ကြီးကို ရှုံးတာပဲ။ (ဓါတ်ပုံကို EMG မှဒေါင်းလုပ်ဆွဲ ယူသုံးသည်)
လက်မြှောက်ပြီး ဘေးလွတ်ရာသို့ထွက်လာသူများကို ဘေးကကြည့်နေသူများက ခဲ့ဖြင့်ဝိုင်းပေါက်

မိတ္ထီလာမြို့ ရန်ကုန် - မန္တလေး ကားလမ်း သီရိမင်္ဂလာရပ်ကွက် နာရီစင်အနီး AGD ဘဏ်နားတွင် မီးလောင်နေစဉ် (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)
မိတ္ထီလာမြို့ ရန်ကုန် - မန္တလေး ကားလမ်း သီရိမင်္ဂလာရပ်ကွက် နာရီစင်အနီး AGD ဘဏ်နားတွင် မီးလောင်နေစဉ် (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)
မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့၊ မင်္ဂလာဇေယျုံ ရပ်ကွက်ရှိ လူနေအိမ်များ မီးလောင်ကျွမ်းနေစဉ် မြင်တွေ့ရပုံ
photo: RFA/ Win Naung Toe

Re-Post By ACM 21-3-2013
အေးချမ်းမွန် Credit & Copy From >>RFA Burmese<< Thank

မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့၊ မင်္ဂလာဇေယျုံ ရပ်ကွက်ရှိ လူနေအိမ်များ မီးလောင်ကျွမ်းနေစဉ် မြင်တွေ့ရပုံ
photo: RFA/ Win Naung Toe

0 comments:

Post a Comment