Pages

Friday, March 22, 2013

မိတ္ထီလာမြို့ သိရိမင်္ဂလာ ရပ်ကွက်ရှိ မဒ် မူဒီယာ ဘာသာရေးကျောင်းမှ အသက် ၁၂အရွယ် နှင့် ၁၄နှစ် အရွယ် ယောကျာ်းလေးနှစ်ဦး ထပ်မံအသက်ဆုံးရှုံးသွားကြောင်းအတည်ပြု

အစွန်းရောက်ဒုက္ခဘာသာဝင်များရဲ့ အကြမ်းဖက်မှုကြောင့် ရှဟိဒ်ဖြစ်ခဲ့ရသော အပြစ်မဲ့ကျောင်းသားလေးများနှင့် ဆရာများစာရင်း


Zawwin Myint
အစွန်းရောက် အကြမ်းဖက်မှုကြောင့် ရှဟိဒ်ဖြစ်ခဲ့ရသော အပြစ်မဲ့ကျောင်းသားလေးများနှင့်
ဆရာများစာရင်း
မိတ္ထီလာနဲ့ဖုန်း အဆက်အသွယ်ရလာပါပြီ၊ သိရိမင်္ဂလာ ရပ်ကွက်ရှိ မဒ် မူဒီယာ ဘာသာရေးကျောင်းမှ အသက် ၁၂အရွယ် နှင့် ၁၄နှစ် အရွယ် ယောကျာ်းလေးနှစ်ဦး ဖိတ်စင်သည့်သတင်းကို အတည်ပြုလိုက်ရပါပြီ၊ နောက်တဦးကတော့ ပျောက်ဆုံးနေပြီး ရှာဖွေဖို့ ကြိုးစားနေပါတယ်။ စာသင် ကျောင်းသား ၁၅ယောက်နှင့် ကျောင်းသူ ၆၀ ယောက် လွတ်မြောက်ပြီး လောလောဆယ်တော့ ဘေးကင်းလုံခြုံသည့်နေရာကို ရောက်ရှိသွားပြီဖြစ်ပါသည်။
သို့သော်လည်း ရေနှင့် အစားအစာများ အရေးတကြီးလိုအပ်လျှက်ရှိပြီး အနယ်နယ်အရပ်ရပ်ရှိ မိဘရင်ခွင်
များသို့ အမြန်ဆုံး ပြန်ချင်နေကြကြောင်း ခိုင်လုံစွာ သတင်းရရှိပါသည်။

နောက်ထပ်သတင်းအရ ** ဟာဖစ် အဘူဘကရ် ၁၃ နှစ်နဲ့ ၃ လ အဖ ဦးဥာဏ်ဝင်း အမိ ဒေါ်နီလာမိုး ဝင်း
ဇာဘော်လီ မန်မြန်မာ ပလာဇာ နေရပ် ၇၇ ၇၆ ကြား ၂၈ လမ်း '''မနက် ၆ နာရီလောက်က သားနဲ့ဖုန်းပြော
ခဲ့ရသေးတယ် ကျမက ငိုတော့ အမေ မငိုပါနဲ့တဲ့ အမေငိုရင် မျက်နှာတွေယောင်တတ်တယ်တဲ့ ။

နောက် တခါ ဖုန်းထပ်ခေါ်တော့ သူက ငိုနေပြီး သား ဘာဖြစ်တာလည်းဆိုတော့ လူတွေအများကြီးပဲတဲ့ ဝိုင်းအာ်နေကြတယ်တဲ့ ကျနော်ကြောက်တယ် အမေတဲ့။

အဲ ဒါနောက်ဆုံးပြောခဲ့တဲ့ စကားပဲ နောက် မှာဒဏ်ရာနဲ့လွတ်လာတဲ့ သူ့ဆရာက ဒါနဲ့သုံးပိုင်း ပြီးမီးပုံထဲပစ်ချခံရတာ တွေ့ခဲ့ကြောင်း ထူခြားချက်မှာ အသံတချက်မှာ့ မထွက်ပဲ ရှဟီဒ်ဖြစ်သွားကြောင်း ဒိုအာမှာသတိရပေးဘို့ ရှဟီဒီကလေးဧ။်အမေ မှာ့ယခု့ ကျနော့်ညီမအား ( ည ၇း၀၀ နာရီတွင် ပြောကြားခဲ့ကြောင်း ၀ါဇီလှမြင့်မှပြောကြားသွားပါတယ်။

ဟာဖစ် အဘူဘကာရ်။ ကျနော့်တူ ဖစ်အဇီဇွလ်လာ( အဖ ဦးမောင်ဝင်း ၄၁ လမ်း)့ ရှဟိဒ်ဖြစ်သွာသော သာသနာ့အာဇာနည် အပြစ်မဲ့အာလင် များကို လူမဆန်စွာရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်သွားသော လူယုတ်မာ များကို ပြင်းထန်စွာနဲ့မထင်မှတ်ထားသော အရေးယူမူ့များနဲ့အရေးယူတော်မူပါ အသျှင်။......?အာမိန်း


Rangonnewsdaily
RND:  :22.3.2013
 
ရိုးရိုးလေး လက်ခံလိုက်ပါ 

မြန်မာ့နိုင်ငံရေး အနာဂါတ်ခရီးက ရှုပ်ထွေးလှတယ် ဆိုတဲ့ စကားက လူတွေကို လှည့်စားနေတဲ့ စကားမျှသာ ဖြစ်တယ်။ မရိုးသားမှုကို လက်ကိုင်ထားသူတွေ၊ အယူအဆတစ်ခုမှာ အုပ်စုဖွဲ့အနိုင်လိုချင်သူတွေ၊ အနိုင်ကျင့် ချင်သူတွေနဲ့ လူမျိုးလွှမ်းမိုး နိုင်ငံထူထောင်ချင်သူတွေရဲ့- ပရိယယ်မျှသာ ဖြစ်တယ်။ 

တိုင်းပြည်တစ်ခုကို တိုင်းပြည်တစ်ခု ပုံစံနဲ့ ညီညွတ်အောင် ဖွဲ့စည်းတည်ထောင်ဘို့ရာ ခက်ခဲ့တဲ့ အလုပ်မဟုတ်ပါ။ ရိုးသားဖြောင့်မတ်မှု၊ တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာမှုတွေကို အခြေခံပေးလိုက်ဘို့ပဲ လိုအပ်ပါတယ်။ လူလူချင်း မုန်းတီးမှုကို သွန်သင်နေခြင်း၊ လှုံ့ဆော်နေခြင်း၊ စစ်မက်ဖြစ်ပွားခြင်းများက မရိုးသားစွာ အာဏာမက်မောမှုများ သာ ဖြစ်ပြီး တိုင်းပြည်အတွက် ရေရှည်မှာ နစ်နာစေမယ့် အကျိုးဆက်များကိုသာ ခံစားရပါမယ်။ 

အုပ်စုကြီးတဲ့ဘက် လတ်တလောမှာ အပေါ်စီး၊ အသာစီးက ရနိုင်ပေမယ့်- အမုန်းတရားကြီးထွားမှု၊ ရန်ငြိုးရန် တေး ကိန်းဝပ်စေမှု၊ နာကျည်းမှုများ ဖြစ်ထွန်းစေပါမယ်။ 

မြန်မာနိုင်ငံတွင်းမှာ “တိုင်းရင်းသား” ဆိုတဲ့ စနစ်ကို ဖျက်သိမ်းဘို့လည်း လိုပါမယ်။ ဥပမာ မူလအစ နေသူများ ဖြစ်တဲ့ ပျူလူမျိုးများ ပျောက်ဆုံးသွားပါပြီ။ ဒီအတွက် ပျူလူမျိုးတွေဟာ နစ်နာထိခိုက်ခြင်း မရှိခဲ့ဘူး။ ပျူတွေ ကိုယ်တိုင်က မြန်မာတွေ ဖြစ်ကုန်လို့သာ ဖြစ်ပါတယ်။ ဒါဟာ လူမျိုးတစ်မျိုးက နောက်တစ်မျိုးကို မြိုလိုက်ခြင်း မဟုတ်ဘဲ- မြန်မာဆိုတဲ့ ဘုံအမည်နာမ တစ်ခုက အဲ့ဒီခေတ်မှာ ရှိနေတဲ့ လူမျိုးအားလုံးကို မြိုလိုက်ခြင်းကြောင့် သာ ဖြစ်ပါတယ်။ အခုခေတ်အခါမှာလည်း လူမျိုးအားလုံးကို မြိုနိုင်မယ့် “ဘုံအမည်နာမ”တစ်ခုသာ လိုအပ်ပါ မယ်။ ဘုံအမည်နာမ တစ်ခုအောက်မှာ တန်းတူညီမျှမှု ရှိနေရင်- အမျှော်အမြင်နည်းပါးပြီး ခေါင်းမာသူ လူနည်းစု တစ်ချို့ကသာ ငြင်းဆန်နိုင်ပေမယ့်၊ လူအများစုကြီးက သဘောတူ လက်ခံမှာ သေချာနေပါတယ်။ အဓိက သော့ ချက်က- “တန်းတူညီမျှခြင်း” သာ ဖြစ်ပါတယ်။ တန်းတူညီမျှခြင်း မရှိတဲ့ စနစ်က လူလူချင်း ခွဲခြားခြင်း ဇတ်စနစ် လို ဖြစ်နေပါတယ်။ လူဦးရေနည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ- ဇတ်စနစ်ပုံ- နှိမ့်ချဆက်ဆံခြင်း ဓလေ့ကို နှိမ့်ချဆက်ဆံခံရတဲ့ ဘက်က ဘယ်အခြေအနေမှာမှ လက်ခံမှာ မဟုတ်ပါ။ ဒီလိုဆိုရင် နှိမ့်ချဆက်ဆံခံရသူများ ဘက်က ရတဲ့နည်းနဲ့ တော်လှန်နေမယ်၊ ပုန်ကန်နေမယ်၊ အတူမနေခွဲထွက်ချင်မယ်၊ ကိုယ့်အုပ်စုနဲ့ကိုယ် အချုပ် အခြာလိုချင်နေမယ်။ ဖိနှိပ်သူများကို ရတဲ့နည်းနဲ့ ဆန့်ကျင်နေမယ်- ဆန့်ကျင်ဘို့ ကြံစည်နေမယ်- ဆိုတာ သေ ချာနေပါတယ်။ 

သေချာ စဉ်းစားရင် မြန်မာပြည်မှာ “တိုင်းရင်းသား” ဆိုတဲ့ ဝေါဟာရက- အုပ်ချုပ်ခံ လူမျိုးတစ်မျိုးလို ဖြစ်နေ ပါတယ်။ တိုင်းရင်းသားတို့က ဘယ်လို အခွင့်အရေးတွေ ရနိုင်တယ်လို့ ပြဌာန်းပါစေ-၊ ဗမာများက အဲ့ဒီ အခွင့် အရေးကို ပေးမှရတယ် ဆိုတဲ့ အဓိပ္ပါယ်ကိုပဲ ဆောင်ပါတယ်။ ဒီဝေါဟာရ “တိုင်းရင်းသား” ဆိုတာ ရှိနေသ၍- ဘယ်လိုဆို ဘယ်လိုမှ ဗမာနဲ့ တိုင်းရင်းသား တန်းတူ မဖြစ်နိုင်ပါ။ ဒါကြောင့် တစ်ချို့က ဗမာ သည်လည်း တိုင်းရင်းသားလို့ ခံယူပါ ဆိုပြီး- အသံထွက်လာခြင်းသာ ဖြစ်ပါတယ်။ တိုင်းရင်းသား- တိုင်းရင်းသားချင်း ဆိုရင် ညီမျှသွားတဲ့ သဘောကို ဆောင်ပါတယ်။ ဒါပေမယ့်--၊ ဒါဟာ အမည်နာမအောက်က လူမျိုးစုချင်း အမုန်းရန်စ ကြီးပြီး ဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် အလွန်အန္တရာယ်ကြီးပြီး အချိန်မရွေးပြိုကွဲသွားနိုင်တဲ့ တိုင်းရင်းသား ပြည် ထောင်စုတစ်ခုသာ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအချိန်မှာမှ မပြိုကွဲရလေအောင် ဗမာများက ပြန်တိုက်ရင်လည်း ရန်ငြိုးရန်စက ပိုမိုကြီးထွားလာပြီး ပိုမိုရှုပ်ထွေး- ဆင်းရဲဘေးနဲ့ ထပ်ပြန်ကြုံရဦးမှာ ဖြစ်နေတယ်။ 

မြန်မာနိုင်ငံလို့ လက်ရှိတည်ရှိနေတဲ့ ဧရိယာကို ဧရိယာအတွင်းက လူသားတွေ ဘုံသဘောတူညီတဲ့ အမည်နာမ တစ်ခုကို လွှတ်တော်မှာ အမြန်ဆုံး တင်ပြ ဆုံးဖြတ်ရဲဘို့ လိုပါတယ်။ အဲ့ဒီ အမည်နာမနဲ့ ဖြစ်တည်လာတဲ့ ပြည် ထောင်စုထဲမှာ လူအစုစုက ကြိုက်တဲ့ အမည်နာမကို ခံယူပါစေ- ပြည်ထောင်စုနဲ့ ပြည်ထောင်စုက ပြဌာန်းထား တဲ့ ဥပဒေကို မထိခိုက်ရင် ခွင့်ပြုပေးလိုက်ဘို့ လိုပါမယ်။ ဥပမာ အမေရိကန်ပြည်ထောင်စုကို ကြည့်ပါ။ ကြိုက်တဲ့ လူက ကြိုက်တဲ့ လူမျိုးလို့ ခံယူလိုက်ပါ။ ရပါတယ်- သူဖြစ်ချင်တဲ့ အတိုင်း စာရွက်ပေါ်ရေးပေးလိုက်တာပဲ။ အရေးကြီးတဲ့ ကိစ္စတစ်ရပ် အဖြစ် မခံစားထားဘူး။ တိုင်းပြည်က ပြဌာန်းထားတဲ့ ဥပဒေ၊ စည်းကမ်းအတိုင်း အဲ့ဒီ လူက နေထိုင်ဘို့ပဲ အရေးကြီးတယ်လို့ ခံယူထားပါတယ်။ 

မြန်မာပြည်မှာလို ကရင်က ၀တ်စုံ၊ ကချင်ဝတ်စုံ၊ မြန်မာဝတ်စုံ- လည်း ခွဲမနေဘူး၊ ကြိုက်တဲ့လူက ကြိုက်တဲ့ ၀တ်စုံကို ၀တ်ဆင်နိုင်တယ်။ အ၀တ်အစားပေါ်မှာ လူကို ဆုံးဖြတ်ခြင်းလည်း မခံစားတော့ပါ။ ၀တ်စုံတစ်ခု အဖြစ် သတ်မှတ်ခြင်းကိုယ်တိုင်ကလည်း ကျေးကျွန်သဘော၊ ၀န်ထမ်းသဘောကို ဆောင်ပါတယ်။ ဒီကုမ္ပဏီ မှာ ဒီလို ၀တ်စုံဝတ်ရမယ်၊ ဘယ်အလုပ်ဌာနမှာ ဘယ်လိုဝတ်စုံ ၀တ်ရမယ် ဆိုတဲ့ ပြဌာန်းချက်သဘောလိုသာ ဖြစ်နေပါတယ်။ ဒီလိုဆင်ခြင်ရင်- မြန်မာပြည်မှာ-၊ လူတိုင်းက “တိုင်းရင်းသား” ဆိုတဲ့ ကုမ္ပဏီတစ်ခုစီ အောက် က ၀န်ထမ်းတွေလို ဖြစ်နေပြီး-၊ ဘာသာတရားတွေမှာလည်း သက်ဆိုင်ရာ ဘာသာရေးကုမ္ပဏီတွေလို Uniform ၀တ်စုံတွေနဲ့ ၀န်ထမ်းတွေလို ဖြစ်နေတာကို တွေ့နေရပါတယ်။ (ဘာသာရေးဝန်ဆောင်များကို မဆိုလို ပါ။- ဘာသာရေးဝန်ဆောင်မှာလည်း သက်ဆိုင်ရာဘာသာရဲ့ ၀ိနည်း၊ ပညတ်များအတိုင်း နေထိုင်မှ အဲ့ဒီ ဘာသာရဲ့ ဘာသာကိုယ်စားပြု ၀တ်စုံကို ၀တ်ဆင်သင့်ပါတယ်။ ဘာသာရေး ၀တ်စုံလို့ သတ်မှတ်ထားတာ တစ်ခုကို ဘိန်းစားလည်းဝတ်၊ သူခိုးလည်းဝတ်၊ ၀တ်ချင်သူ ၀တ်ခွင့်ပြုထားခြင်းက သက်ဆိုင်ရာ ဘာသာတရား ကို ထိခိုက်စေသလို၊ အမှန်တကယ် ကျင့်ကြံအားထုတ်တဲ့ ဆရာတော်ကြီးများရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက် နစ်နာစေပါတယ်။) 

ကမ္ဘာ့နိုင်ငံတိုင်းက မပြောင်းလည်းချင်သည် ဖြစ်စေ၊ ပြောင်းလည်းချင်သည် ဖြစ်စေ-၊ လူ့အခွင့်အရေး၊ တန်းတူ ညီမျှ အခွင့်အရေးတွေအတိုင်း ချစ်ခင်ညီညွတ်မှု ပြည်ထောင်စုတွေဆီသို့ ပြောင်းလဲနေပါပြီ။ လူမျိုးအမည်နာမ နဲ့ နိုင်ငံတွေဟာလည်း ကျဆုံးနေပါပြီ။ အင်္ဂလိပ်တွေ ကြီးစိုးတဲ့ အင်္ဂလန်သည်ပင်- United Kingdom အဖြစ် ပြောင်းလဲနေပြီ။ အယူသည်းပါပေ့လို့ လူတွေမြင်နေတဲ့ အာဖဂန်နစ္စတန် သည်လည်း လူမျိုးတစ်ခုရဲ့ အမည်နာမ မဟုတ်ပါ။ ဇတ်စနစ်တွေ ကြီးစိုးတဲ့ အန္ဒိယသည်လည်း လူမျိုးတစ်မျိုးရဲ့ အမည်နာမ မဟုတ်ပါ။ အီရန်၊ အီရတ်၊ ဆော်ဒီ၊ အီဂျစ်၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်း အရှေ့တောင်အာရှနိုင်ငံများ၊ တိုးတက်နေတဲ့ အမေရိကန်၊ ကနေဒါ၊ စတဲ့စတဲ့ ကမ္ဘာ့နိုင်ငံ အများစုကို ပြန်ကြည့်ဘို့ နမူနာယူဘို့ လိုပါမယ်။ 

မြန်မာနိုင်ငံကိုလည်း ဒီမိုကရေစီ ပြောင်းလဲခြင်းနဲ့အတူ စီးလုံးညီညွတ်ပြီး တိုးတက်စေမယ့် နိုင်ငံတစ်ခုအဖြစ် ပညာရှင်များ ဆုံးဖြတ်ဘို့လိုပါမယ်။- ရာသက်ပန်အတွက် တစ်ခါပဲ ရင်း လိုက်ရမှာပါ။- ဒါဆိုရင် ကချင်နိုင်ငံ၊ ကရင်နိုင်ငံ၊ မွန်နိုင်ငံ၊ ရှမ်းနိုင်ငံ၊ ကရင်နီနိုင်ငံ၊ ရခိုင်နိုင်ငံ--၊ ဆိုတာတွေ ဘယ်လိုမှ ပေါ်လာနိုင်စရာ မရှိတော့ပါ။ 

ဒီအတွက် ရိုးရိုးလေးပဲ စဉ်းစားပြီး လက်ခံလိုက်ဘို့ လိုပါမယ်။ 

ဌေးလွင်ဦး


အစွန်းရောက်ဒုက္ခဘာသာဝင်များရဲ့ အကြမ်းဖက်မှုကြောင့် ရှဟိဒ်ဖြစ်ခဲ့ရသော အပြစ်မဲ့ကျောင်းသားလေးများနှင့် ဆရာများစာရင်း


Zawwin Myint
အစွန်းရောက်ဒုက္ခဘာသာဝင်များရဲ့ အကြမ်းဖက်မှုကြောင့် ရှဟိဒ်ဖြစ်ခဲ့ရသော အပြစ်မဲ့ကျောင်းသားလေးများနှင့် ဆရာများစာရင်း
အကြမ်းဖက်လုယှက်သူတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့မှဖမ်းဆီးစစ်ဆေးနေစဉ်

ဓါတ်ပုံ မီးစက်ကြီး
အကြမ်းဖက်လုယှက်သူတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့မှဖမ်းဆီးစစ်ဆေးနေစဉ်

0 comments:

Post a Comment