Pages

Friday, March 22, 2013

သံဃာတော်များ၊အစ္စလမ်ဘာသာရေး ခေါင်းဆောင်အချို့နှင့် ပြည်သူများပါဝင်သော မိတ္ထီလာလူမှုကယ်ဆယ်ရေးအဖွဲ့ဖွဲ့စည်း

ရန်ကုန်၊ မတ် ၂၂

မန္တလေးမြို့တော်အခြေစိုက် သံဃာတော်များ၊ အစ္စလမ်ဘာသာရေးခေါင်းဆောင်အချို့၊ နိုင်ငံရေးအဖွဲ့အစည်း များ၊ ကျောင်းသားဟောင်းများ၊ ဗုဒ္ဓဘာသာနှင့်အစ္စလာမ်ဘာသာဝင် ပြည်သူများ ပါဝင်သော မိတ္ထီလာလူမှုကယ် ဆယ်ရေးအဖွဲ့ကို မန္တလေးတွင်ဖွဲ့စည်းလိုက်ပြီး ဒုက္ခရောက်နေသော ပြည်သူများကို ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ က ဆိုသည်။ "ကျမတို့ အခု အစည်းအဝေးလုပ်နေတယ်။ ပြီးရင် ဘယ်လိုကူညီကယ်ဆယ်မှုတွေလုပ်မယ်ဆိုတာ သေသေချာချာ ထုတ်ပြန်ပါ့မယ်" ဟု ၈၈ မျိုးဆက်ကျောင်းသားဟောင်းတဦးက ပြောသည်။

အဆိုပါအဖွဲ့ကို ဆရာတော်ဦးခေမာစာရ(ဘုရားကြီးတိုက်)၊ဦးတေဇနိယ(ဘုရားကြီးတိုက်)၊ ဦးကာဝိယ(ငွေငါးကျောင်းတိုက်)၊ ဦးဝိသုတ(ရေတော်တိုက်) တို့က ကြီးကြပ်တာဝန်ယူမည်ဖြစ်သည်။
Rangonnewsdaily
RND:  :22.3.2013

0 comments:

Post a Comment

 
world time