Pages

Friday, March 22, 2013

မိတ္ထီလာမြို့ နေ့လည် ၁၁း၀၀ နာရီနှင့် နေ့လည် ၁း၀၀ နာ၇ီနောက်ဆုံးရသတင်း

မိတ္ထီလာမြို့တွင် ရဲတပ်ဖွဲ့ဝင်များ သိမ်းဆည်းထားသော တုတ်၊ဓါးများ 


Photo; မီးစက် ကြီး

မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်

မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင် သေဆုံးသူ (၅) ဦး ထပ်မံ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာ ရရှိသူ အရေ အတွက်မှာလည်း စုစုပေါင်း(၄၅) ဦးအထိ ရှိလာကြောင်း မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။ နိုင်ငံပိုင် မီဒီယာများမှ ယမန်နေ့က ထုတ်ပြန်ခဲ့သော စာရင်းများအရ မတ်လ ၂၁ ရက်နေ့တွင် သေဆုံးသူ (၅) ဦးရှိခဲ့သဖြင့် မတ်လ ၂၀ ရက်နေ့မှ ယခု အချိန်အထိ ဖြစ်ပွား နေသော မိထ္ထီလာ ပဋိပက္ခတွင် သေဆုံးသူ (၁၀) ဦးရှိလာခဲ့ကြောင်း ယနေ့ မွန်းလွဲပိုင်အချိန်အထိ တရားဝင် ရရှိသော သတင်းများအရ သိရပါသည်။

"လက်ရှိအချိန်အထိ စုစုပေါင်း သေဆုံးသူ (၁၀) ဦး ရှိပါပြီ။ ဒဏ်ရာရသူက (၄၅) ဦးပါ။ အများစုက မီးလောင် ဒဏ်ရာ၊ ပြတ်ရှ ဒဏ်ရာ၊ တုတ်နဲ့ ရိုက်ခံရတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ ဒီစာရင်းတွေက
ဆေးရုံကို ရောက်လာတဲ့ စာရင်း ဖြစ်ပါတယ်။ ဆေးရုံအနေနဲ့ ရောက်ရှိလာတဲ့ လူနာတွေကို ထိရောက်စွာ ကုသနိုင်ဖို့ ၀န်ထမ်း အင်အား၊ အရေးပေါ် နေရာတွေ တိုးချဲ့ပြီး ဆောင်ရွက်နေပါတယ်”ဟု မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
၂၂၊၃၊၂၀၁၃ နေ့လည် ၁၁း၀၀နာရီ။ 
၁။ချမ်းအေးရပ်ကွက်အကြီးအကျယ်မီးလောင်နေ။ 
၂။နန်းတော်ကုန်းရပ်ကွက်အာရဗီစာသင်ကျောင်းဗလီကိုမီးရှို့ရန်လာရောက်ကြသော လူအုပ်ကြီး ကိုရပ်
ကွက် အတွင်းရှိလူငယ်များကတားဆီးပြီး ရပ်ကွက်ထဲမီးအရှို့မခံနိုင်ပါ ၊ဒီဗလီကိုမြေပေါ် လုံးဝပြိုကြသွား
အောင်တာဝန်ယူဖျက်ပေးပါမယ်ဆိုပြီးဖျက်ပေးလိုက်၍မီးအရှို့မခံရပါ။ 
၃။ ကိုယ့်ရပ်ကွက်အတွင်းမီးအရှို့မခံရအောင် သတိထားပေးနေရပါသည်။ ၄။လူအုပ်ကြီးနဲ့ ဆရာတော်တွေ
က ကုလားလက်မခံရ။လက်ခံတဲ့အိမ်ပါဖျက်ဟုကြွေးကြော်နေသည်။ 
၅။မိတ္ထီလာအဖြစ်အပျက် ဗီဒီယို ခွေထွက်နေသည်။ သို့သော်ထိုခွေမှာမရိုးသားပါ။မြန်မာတွေခံနေရသည့်
အစပိုင်းနေ့ရက်များထဲမှ သွေးဆူစေသောအပိုင်းများကိုသာ edit လုပ်ထားပါသည်။ထိုခွေကိုကြည့်ပြီးသွေး
မဆူကြပါနဲ့။ ကိုယ်ဒေသငြိမ်းချမ်းရေးကို ကိုယ်ကိုယ်တိုင်တာဝန်ယူကြပါ။ 

မိထ္တီလာမြို့ပေါ် အိမ်များတွင် ပိတ်မိနေသူများကို ကယ်တင်ရန် စတင်ကြိုးပမ်း

မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်အတွင်း နေအိမ်များတွင် ပိတ်မိနေသော သူများကို ကယ်တင်ရန် စတင်
နေပြီဖြစ်ကြောင်း မိတ္ထီလာမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်
က ပြောသည်။

“ နေအိမ်တွေမှာ ပိတ်မိနေတာတွေ ရှိတယ်။ အဲဒါကို အခု လုံခြုံရေးတပ်ဖွဲ့တွေက ကယ်တင်ဖို့ အစီစဉ်တွေ စနေပြီ။ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ကြည့်ပြီး ရှာကြမှာ ” ဟု ၄င်းက ဆိုသည်။

ယနေ့နောက်ဆုံးအခြေအနေအရ ဓါး၊ တုတ်၊ လက်နက်ကိုင်များကို လုံခြုံရေး ရဲတပ်ဖွဲ့မှ လိုက်လံ သိမ်းဆည်း
 နေပြီး ပစ္စည်းများ သယ်ယူကြသူများကို ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
Eleven Media Group:, Irrawaddy News:,Rangonnewsdaily
RND:  :22.3.2013 

0 comments:

Post a Comment