Pages

Wednesday, December 4, 2013

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အား ၁၂၀၀ ကျော်မှ ဆိုင်ကယ်စီးရေ ၃၁၀၊ မီးတန်းယာဉ် ၇၂ စီးတို့ဖြင့် လမ်းကြောင်း ရှင်းလင်းရေးနှင့် ဧည့်ကြိုပို့ရေး လုပ်ဆောင်မည်

Photo: ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အား ၁၂၀၀ ကျော်မှ ဆိုင်ကယ်စီးရေ ၃၁၀၊ မီးတန်းယာဉ် ၇၂ စီးတို့ဖြင့် လမ်းကြောင်း ရှင်းလင်းရေးနှင့် ဧည့်ကြိုပို့ရေး လုပ်ဆောင်မည်
Tuesday, December 03, 2013

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အင်အား ၁၂၀၀ ကျော်မှ မော်တော်ဆိုင်ကယ် အစီးရေ ၃၁၀ စီး၊ မီးတန်းယာဉ် ၇၂ စီးတို့ကို အသုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ဌာနချုပ် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေးက ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့် လမ်းကြောင်းရှင်းလင်းရေး၊ ဧည်ကြိုပို့ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့် နေပြည်တော်ဇုန်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ၅၀၀ နီးပါး၊ မော်တော်ဆိုင်ကယ် ၂၀၀ ကျော်နှင့် မီးတန်းယာဉ် ၄၀ ကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်ဇုန်တွင် တပ်ဖွဲ့ဝင် ၃၀၀ ကျော်၊ မော်တော်ဆိုင်ကယ် ၄၈ စီးနှင့် မီးတန်းယာဉ် ၂၀ စီး၊ မန္တလေးဇုန်တွင် တပ်ဖွဲ့ဝင် ၂၇၀ ကျော် မော်တော်ဆိုင်ကယ် ၄၈ စီး၊ မီးတန်းယာဉ် ရှစ်စီးနှင့် ငွေဆောင်-ပုသိမ် ဇုန်တို့တွင် တပ်ဖွဲ့ဝင် ၅၄ ဦး၊ မီးတန်းယာဉ်လေးစီး၊ မော်တော်ဆိုင်ကယ် ၁၄ စီးတို့ကို အသုံးပြုသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးထံမှ သိရသည်။

''ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့ ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားမှာ လမ်းကြောင်း ရှင်းလင်းမယ်။ နိုင်ငံခြားဧည့်သည်တွေကို ကြိုပို့မယ်။ ကစားသမားတွေပြိုင်ပွဲ ယှဉ်ပြိုင်မယ့် နေရာတွေကို သွားတဲ့အခါမှာ ပို့/ကြို လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်သွားပါမယ်။ ဒီမှာအသုံးပြုတဲ့ တပ်ဖွဲ့ဝင်တွေကလည်း ဆီးဂိမ်းစ်ပြိုင်ပွဲ အတွက် သီးသန့်တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်။ ဇုန်လေး ဇုန်မှာလည်း မူလလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တပ်ဖွဲ့ဝင်တွေကို ပုံမှန်အတိုင်း ထားရှိထားပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အသုံးပြုသွားမည့် မော်တော်ဆိုင်ကယ် အစီး ၁၀၀ ကို ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့ပြီး အစီး ၁၅၀ ကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ၀ယ်ယူထားကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

Eleven Media Group

RangonNewsDaily:: December . 4 .2013
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့
ဝင် အင်အား ၁၂၀၀ ကျော်မှ မော်တော်ဆိုင်ကယ် အစီးရေ ၃၁၀ စီး၊ မီးတန်းယာဉ် ၇၂ စီးတို့ကို အသုံးပြု
သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ဌာနချုပ် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်
ထွေးက ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ အဆိုပါ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့် လမ်းကြောင်းရှင်းလင်းရေး၊ ဧည်ကြိုပို့ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့် နေပြည်တော်ဇုန်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ၅၀၀ နီးပါး၊ မော်တော်ဆိုင်ကယ် ၂၀၀ ကျော်နှင့် မီးတန်းယာဉ် ၄၀ ကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ 
 
ရန်ကုန်ဇုန်တွင် တပ်ဖွဲ့ဝင် ၃၀၀ ကျော်၊ မော်တော်ဆိုင်ကယ် ၄၈ စီးနှင့် မီးတန်းယာဉ် ၂၀ စီး၊ မန္တလေးဇုန်
တွင် တပ်ဖွဲ့ဝင် ၂၇၀ ကျော် မော်တော်ဆိုင်ကယ် ၄၈ စီး၊ မီးတန်းယာဉ် ရှစ်စီးနှင့် ငွေဆောင်-ပုသိမ် ဇုန်တို
့တွင် တပ်ဖွဲ့ဝင် ၅၄ ဦး၊ မီးတန်းယာဉ်လေးစီး၊ မော်တော်ဆိုင်ကယ် ၁၄ စီးတို့ကို အသုံးပြုသွားမည် ဖြစ်
ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးထံမှ သိရသည်။

''ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့ ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားမှာ လမ်းကြောင်း ရှင်းလင်းမယ်။
 နိုင်ငံခြားဧည့်သည်တွေကို ကြိုပို့မယ်။ ကစားသမားတွေပြိုင်ပွဲ ယှဉ်ပြိုင်မယ့် နေရာတွေကို သွားတဲ့အခါမှာ ပို့/ကြို လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်သွားပါမယ်။ 
 
 ဒီမှာအသုံးပြုတဲ့ တပ်ဖွဲ့ဝင်တွေကလည်း ဆီးဂိမ်းစ်ပြိုင်ပွဲ အတွက် သီးသန့်တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်။ ဇုန်လေး ဇုန်မှာလည်း မူလလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တပ်ဖွဲ့ဝင်တွေကို ပုံမှန်အတိုင်း ထားရှိထားပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေးက ပြောကြား
သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အသုံးပြုသွားမည့် မော်တော်ဆိုင်ကယ် အစီး ၁၀၀ ကို ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့ပြီး အစီး ၁၅၀ ကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ၀ယ်ယူထားကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

Eleven Media  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment