Pages

Wednesday, December 4, 2013

"သံတွဲရှိ ကမန်တိုင်းရင်းသား မွတ်စ်လင်မ်များ ဒုက္ခသည်စခန်း ပို့ပစ်မည်ဟု ခြိမ်းခြောက်ခံနေရ"

RangonNewsDaily:: December . 3 .2013
ရခိုင်သား ဒီဇင်ဘာ၃ရက်/၂၀၁၃ သံတွဲတရားရုံးတွင်ဒီဇင်ဘာ နှစ်ရက်နေ့၌ အကြမ်းဖက်တရားခံများအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသူများအား ရုံးထုတ်စစ်ဆေးခဲ့ပြီး ယနေ့ရုံးချိန်းတွင် ဖမ်းဆီးထားသူ (၁၁)ဦးထဲမှ ကို
ထွန်းသန့်ကျော်/ကိုသိန်းဇံ/ကိုတင့်လွင်/ကိုကျန်ထွန်း/ကိုမောင်ပု/ကိုညီညီနိုင်/ကိုဌေးအောင်/ကိုထွန်းဖေ/ကို
ဝင်းနိုင် အပါအဝင် (၉)ဦးကို ယနေ့ အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။အကြမ်းဖက်သမားများထဲမှ ကိုသိန်း
ဝင်းနှင့် ကိုမြင့်မိုးတို့ကိုတော့ လာမည့်အပတ် ရုံးချိန်းတွင် အာမခံပေးမည်ဟု ကြားသိရပါတယ်။  

 ယခုကဲ့သို့ ဖမ်းဆီးခံထားရသူတွေ မလွှတ်လာခင်ကတည်းက ပြန်လွတ်လာရင် သံတွဲက မွတ်စလင်မ်တွေ
ကို ဒုက္ခသည် စခန်းပို့ မယ် ဆိုပြီး သတင်းထုတ်ထားကြတော့ သံတွဲရှိ ကမန်တိုင်းရင်းသား မွတ်စ်လင်မ်တွေ
 ကြောက်လန့်နေရကြောင်း|မနေ့က ရုံးချိန်းမှာ အာမခံ တင်တာကို မြို့နယ် တရားရုံးက ပယ်ချလိုက်တယ် ဒီနေ့ရုံးထုတ်တော့ အာမခံပေးပြီး လွှတ်လိုက်ခြင်းဟာ သင်္ကာမကင်းစရာ ဖြစ်နေတယ်လို့ သတင်းပေးသူမှ
 ပြောပါတယ်။ နောက်ပြီး ယခုဖမ်းဆီး ထားသူတွေဟာ သမ္မတ အမိန့်နဲ့ ဖမ်းထားတဲ့သူတွေ ဖြစ်လို့ အာမခံ
 ပေးလို့ မရပါဘူး။

ဒါကို ၉၆၉ ဘာသာရေးခွဲခြားဟောပြောမှုတွေ|စတေကာကပ်တာတွေနဲ့ မီးရှို့ လူသတ်မှုတွေ မှာ သူတို့ ပါ
တယ်ဆိုတာ သက်သေမပေးနိုင်လို့ အာမခံပေးလိုက်တာလို့ ရဲကပြောတယ်။ထောင်ထဲမှာ အဖမ်းခံထားရတဲ့ ကမန်လူငယ်တွေရဲ့ပြောပြချက်အရ ဒီ ၉၆၉ ရခိုင်အကြမ်းသမားတွေကို အာမခံ ပေးမယ်ဆိုတဲ့ သတင်း
ထွက်နေတာကြာပြီ လို့ ဆိုပါတယ်။

"ထူးခြားတာက မနေ့က ကာချုပ်သံတွဲကို ပြည်နယ် ဝန်ကြီးချုပ်နဲ့ အတူလာတယ် ဒီနေ့ကျတော့ သမ္မတအမိန်
နဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးလိုက်တော့ ယခုလို အာမခံပေးမှုဟာ သံသယရှိစရာတွေ ဖြစ်နေပါတယ်
။သူတို့တွေကို စစွဲတုန်းက ပုဒ်မ ၄၃၆/၄၂၇နဲ့ ဆွဲတာ ဒါကို တရားစွဲစဉ်အချိန်ထဲက စစ်တပ်က ပယ်ချခိုင်း
တယ်။

ပုဒ်မ ပြောင်းပြီး အမှုဖွင့်ဖို့ ပြောတယ် အဲ့လိုပြောသူတွေထဲမှာ ခရက ဥက္ကဌ ဦးထွန်းဝေလဲ ပါတယ်ဗျ။သံတွဲ အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်တော့ "ဦးထွန်းဝေ"ကိုယ်တိုင် သံတွဲမီးသတ်ကားတွေကို ပြာကျမှ သွားဖို့ညွှန်
ကြားထားကြောင်း မီးသတ်က အရာရှိတစ်ယောက်က ပြောပြလို့ နောက်မှ သိရတယ်" ဟု သတင်းပေးသူ
က ပြောပါတယ်။ 

အကြမ်းဖက်သမားတွေက လွှတ်လာရင် သံတွဲမှာရှိတဲ့ မွတ်စ်လင်မ်တွေကို ဒုက္ခသည်စခန်း ပို့မယ် ဘာမယ်
 ခြိမ်းခြောက်ထားတော့ အကယ်ဤ တစ်ခုခုဖြစ်လာခဲ့ရင် သူတို့တွေဟာ အကွက်တကျအကြမ်းဖက်ဖို့ စီစဉ်
ထားတာ မြင်သာနေကြောင်း သတင်းပေးသူမှ မှတ်ချက်ပေး ပြောကြားသွားပါတယ်။

Mahar Heroking 
kolatt(PBDN)
RangonNewsDaily



0 comments:

Post a Comment