Pages

Wednesday, December 5, 2012

လိုင်စင်ရုပ်သိမ်းခံရသော ရှေ့နေ ၁၄ ဦး လိုင်စင်ပြန်ရ

နိုင်ငံရေးသမားများ၏ အမှုများကိုလိုက်ပါဆောင်ရွက်ရာမှ လိုင်စင်ရုပ်သိမ်းခံရသည့် တရားလွှတ်တော်ရှေ
့နေ ၂၅ဦးအနက် ၁၄ဦးမှာ ယခုရက်ပိုင်းအတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှလိုင်စင်ပြန်လည်ရရှိ
ခဲ့ကြောင်း လိုင်စင်ပြန်လည်ရရှိခဲ့သူများအနက် တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက
 ပြောသည်။
“နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုတွေလိုက်ရင်းနဲ့ထောင်ကျပြီး လိုင်စင်ရုပ်သိမ်းခံရတဲ့တရားလွှတ်တော်ရှေ့နေ
 ၂၅ ယောက်မှာ ကျွန်တော်အပါအ၀င် ၁၄ ယောက်ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာလိုင်စင်ပြန်ထုတ်ပေးလိုက်
ပါတယ်” ဟု ဦးအောင်သိန်းကပြောသည်။

ရှေ့နေဦးအောင်သိန်းသည် ၂၀၀၇ ခုနှစ် သြဂုတ်နှင့်စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သောမင်းကိုနိုင်၊အရှင်
ဂမ္ဘီရတို့၏ အမှုများအတွက် အင်းစိန်ထောင်တွင် လိုက်ပါဆောင်ရွက်စဉ် အမှုတစ်ခုနှင့် ပတ်သက်၍ တရား
ရုံးအားမထီမဲ့မြင်ပြုမှု ပုဒ်မဖြင့် အရေးယူခံခဲ့ရပြီး ထောင်ဒဏ်လေးလ ချမှတ်ခြင်းခံရသည်။

“ထောင်ကလွတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျွန်ယက်တောအမှုအတွက် လိုက်ပါဆောင်ရွက်ဖို့ ဒေါ်အောင်
ဆန်းစုကြည်ဘက်ကနေ ရှေ့နေပါဝါသွားတင်တော့ ကျွန်တော်တို့ကို ရှေ့နေ လိုင်စင်ရုပ်သိမ်းထားတယ်လို့ မြို့နယ်တရားသူကြီးက ပြောတော့မှ သိရတယ်” ဟု ဦးအောင်သိန်းက ပြောသည်။ ဦးအောင်သိန်းနှင့်အတူ အမှုတွဲဖြစ်ခဲ့သည့် တရားလွှတ်တော် ရှေ့နေဦးခင်မောင်ရှိန်လည်း လိုင်စင်ပြန်လည်ရရှိပြီ ဖြစ်သည်။

ယခင်က လိုင်စင်ရုပ်သိမ်းခံခဲ့ရသူအားလုံး လိုင်စင်ပြန်လည်ခွင့်ပြုရန် စုပေါင်းတောင်းဆိုခဲ့သော်လည်း ယခု
အခါတစ်ဦးချင်း ပြန်လည်လျှောက်ထားရန်သက်ဆိုင်ရာမှ ညွှန်ကြားလာသဖြင့်တစ်ဦးချင်း ပြန်လည်လျှောက်
ထားခဲ့ပြီး အသနားခံစာတင်ခဲ့ခြင်း မဟုတ်ကြောင်း ဦးအောင်သိန်းက ရှင်းပြသည်။ 
 
“နိုင်ငံရေးကြောင့် ရှေ့နေလိုင်စင်သိမ်းခံရတယ်ဆိုတာ ရှိကိုမရှိသင့်ခဲ့တာ။ ဒါပေမဲ့ဒါတွေတကယ်ဖြစ်ခဲ့တယ်
။ ခုလိုမဖြစ်သင့်၊ မရှိသင့်ဘူးဆိုတာ သဘောပေါက်လာပြီလို့ထင်ပါတယ်။ခုလို ရှေ့နေတွေလိုင်စင် ပြန်ရတာ
ကို ကြိုဆိုပါတယ်” ဟု ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေဦးကိုနီက ပြောသည်။

လိုင်စင်ပြန်လည်ရရှိခဲ့သည့် ဦးအောင်သိန်းသည် ဒီဇင်ဘာ ၃ ရက်နေ့တွင် ခွင့်ပြုချက်မရှိဘဲ လက်ပံတောင်း
တောင် ကိစ္စအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြသော ဒေါ်နော်အုန်းလှ အပါအ၀င်ခြောက်ဦးအား တရားစွဲဆိုထား
သည့် အမှုတွင် ဒေါ်နော်အုန်းလှတို့ဘက်မှ လိုက်ပါဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
 
 
 7days News:

0 comments:

Post a Comment