Pages

Wednesday, December 5, 2012

ဒဏ်ရာပြင်းသံဃာများကျန်းမာရေးမိမွေးတိုင်း ပြန်ဖြစ်မဖြစ် မပြောနိုင်သေး

ဒဏ်ရာပြင်းသံဃာများကျန်းမာရေးမိမွေးတိုင်း ပြန်ဖြစ်မဖြစ် မပြောနိုင်သေး

လက်ပံတောင်းတောင်အရေးကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် သံဃာတော်များ၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာ မရှိတော့သော်လည်းမိမွေးတိုင်း ပြန်ဖြစ်မဖြစ်ကိုမူ လောလောဆယ် မပြောနိုင်သေးကြောင်းလာရောက်ပြုစုစော င့်ရှောက်ပေးနေသော ဆရာတော် ဦးရာဇကမိန့်သည်။

''အကောင်းပကတိအတိုင်း ပြန်ဖြစ် မဖြစ်ကိုတော့ဆရာဝန်တွေက လောလောဆယ်မပြောသေးပါဘူး''ဟု ဆရာတော် ဦးရာဇကမိန့်သည်။ မန္တလေးပြည်သူ့ဆေးရုံ၌ လက်ပံ တောင်းတောင်အရေးမှဒဏ်ရာရ သံဃာ ၉၆ ပါးနှင့်လူကိုးဦးတက်ရောက် ကုသလျက်ရှိပြီး ဒဏ်ရာပြင်းသော သံဃာရှစ်ပါးနှင် လူလေးဦးရှိကြောင်းဦးရာဇထံမှသိရသည်။

''မျက်စိကိုထိတဲ့သံဃာသုံးပါးရှိတယ်။ ခေါင်းတစ်ခုလုံးဒဏ်ရာရတဲ့ ကိုယ်တော်တွေလည်းရှိတယ်။ ခါး အောက်ပိုင်းတစ်ခုလုံးဒဏ်ရာရတာ တွေလည်း ရှိတယ်။ ဒါကဒဏ်ရာပြင်းတာတွေပေါ့''ဟု ဒီဇင်ဘာ ၁ ရက်နေ့မှစတင်ကာ ဆေးရုံရောက်သံဃာများအား နေ့ဆွမ်း ပုံမှန်ဆက်ကပ်နေသော The Action Times Foundation မှ ကိုထင်အောင်ကပြောသည်။

မျက်လုံးဒဏ်ရာ ရထားသည့်ကိုယ်တော် သုံးပါး၏အခြေအနေ မှာ လောလောဆယ်ပုံမှန်ပါပဲဟုဆရာတော်ဦးရာဇက မိန့်သည်။ မျက်လုံးဒဏ်ရာရ ဦးဇင်းတစ်ပါး က''မျက်လုံးက နည်းနည်းမြင်ရ တယ်။ ကောင်းမယ်လို့လည်း ပြောတယ်။ မျက် ကြည်လွှာကိုမထိခိုက်ဘူး။ အပေါ်ယံကြောပဲထိခိုက်တာလို့ပြောတယ်'' ဟုမိန့်သည်။

ဒဏ်ရာ သက်သာလာသော် လည်းမိမွေးတိုင်း မဖြစ်နိုင်တော့ ဟုထင်ကြောင်းအထက်ပါ ဦးဇင်းက ဆက်လက်မိန့်သည်။ အင်တာနက်ပေါ် တွင်ပျံ့နှံ့လျက်ရှိသော ဒဏ်ရာရ ကိုယ်တော် အချို့၏ အသားများ ပဲ့ကျသည်ဆို သည့်သတင်းမှာ မဟုတ်မှန်ကြောင်းဦးရာဇက ဆက်လက်မိန့်သည်။

မန္တလေးဆေးရုံသို့ရောက်ရှိ လာပြီးမှ များစွာသက်သာလာ သည်ဟု ဒဏ်ရာရ ကိုယ်တော်များ ကမိန့်ကြောင်း ကိုထင်အောင်က ပြောသည်။ ဒဏ်ရာရရှိသော ရဟန်းရှင်လူများအား မုံရွာဆေးရုံမှမန္တလေးဆေးရုံကြီးသို့ ဒီဇင်ဘာ ၂ရက်နေ့ တွင် အပြီးပြောင်းရွှေ့ပေးခဲ့သည်ဟု သိရသည်။

The Action Times Foundation အနေဖြင့် သံဃာတော်များဆေးရုံမှမဆင်းမချင်း နေ့ဆွမ်းဆက် ကပ်သွားမည်ဟုသိရသည်။ လက်ပံတောင်းတောင်ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့ကိုဒီဇင်ဘာ ၁ ရက်နေ့တွင်မုံရွာဆေးရုံ၌ ဖွဲ့စည်းခဲ့ပြီးလှူဒါန်း လိုသူများအနေနှင့်ဖော်ပြပါအတိုင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

credit to-စိုင်းလမင်း(popular myanmar news)

လက်ပံတောင်းတောင်အရေးကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် သံဃာတော်များ၏ ကျန်းမာရေးအခြေအ
နေမှာစိုးရိမ်စရာ မရှိတော့သော်လည်းမိမွေးတိုင်း ပြန်ဖြစ်မဖြစ်ကိုမူ လောလောဆယ် မပြောနိုင်သေးကြောင်းလာ
ရောက်ပြုစုစော င့်ရှောက်ပေးနေသော ဆရာတော် ဦးရာဇကမိန့်သည်။
''အကောင်းပကတိအတိုင်း ပြန်ဖြစ် မဖြစ်ကိုတော့ဆရာဝန်တွေက လောလောဆယ်မပြောသေးပါဘူး''ဟု ဆရာ
တော် ဦးရာဇကမိန့်သည်။ မန္တလေးပြည်သူ့ဆေးရုံ၌ လက်ပံ တောင်းတောင်အရေးမှဒဏ်ရာရ သံဃာ ၉၆ ပါးနှင့်
လူကိုးဦးတက်ရောက် ကုသလျက်ရှိပြီး ဒဏ်ရာပြင်းသော သံဃာရှစ်ပါးနှင် လူလေးဦးရှိကြောင်းဦးရာဇထံမှသိရ
ည်။

''မျက်စိကိုထိတဲ့သံဃာသုံးပါးရှိတယ်။ ခေါင်းတစ်ခုလုံးဒဏ်ရာရတဲ့ ကိုယ်တော်တွေလည်းရှိတယ်။ ခါး အောက်
ပိုင်းတစ်ခုလုံးဒဏ်ရာရတာ တွေလည်း ရှိတယ်။ ဒါကဒဏ်ရာပြင်းတာတွေပေါ့''ဟု ဒီဇင်ဘာ ၁ ရက်နေ့မှစတင်
ကာ ဆေးရုံရောက်သံဃာများအား နေ့ဆွမ်း ပုံမှန်ဆက်ကပ်နေသော The Action Times Foundation မှ ကိုင်
အောင်ကပြောသည်။

မျက်လုံးဒဏ်ရာ ရထားသည့်ကိုယ်တော် သုံးပါး၏အခြေအနေ မှာ လောလောဆယ်ပုံမှန်ပါပဲဟုဆရာတော်ဦး
ရာဇက မိန့်သည်။ မျက်လုံးဒဏ်ရာရ ဦးဇင်းတစ်ပါး က''မျက်လုံးက နည်းနည်းမြင်ရ တယ်။ ကောင်းမယ်လို့လည်း
 ပြောတယ်။ မျက် ကြည်လွှာကိုမထိခိုက်ဘူး။ အပေါ်ယံကြောပဲထိခိုက်တာလို့ပြောတယ်'' ဟုမိန့်သည်။

ဒဏ်ရာ သက်သာလာသော် လည်းမိမွေးတိုင်း မဖြစ်နိုင်တော့ ဟုထင်ကြောင်းအထက်ပါ ဦးဇင်းက ဆက်လက်
မိန့်သည်။ အင်တာနက်ပေါ် တွင်ပျံ့နှံ့လျက်ရှိသော ဒဏ်ရာရ ကိုယ်တော် အချို့၏ အသားများ ပဲ့ကျသည်ဆို သည့်
သတင်းမှာ မဟုတ်မှန်ကြောင်းဦးရာဇက ဆက်လက်မိန့်သည်။

မန္တလေးဆေးရုံသို့ရောက်ရှိ လာပြီးမှ များစွာသက်သာလာ သည်ဟု ဒဏ်ရာရ ကိုယ်တော်များ ကမိန့်ကြောင်း ကို
ထင်အောင်က ပြောသည်။ ဒဏ်ရာရရှိသော ရဟန်းရှင်လူများအား မုံရွာဆေးရုံမှမန္တလေးဆေးရုံကြီးသို့ ဒီဇင်ဘာ ၂ရက်နေ့ တွင် အပြီးပြောင်းရွှေ့ပေးခဲ့သည်ဟု သိရသည်။

The Action Times Foundation အနေဖြင့် သံဃာတော်များဆေးရုံမှမဆင်းမချင်း နေ့ဆွမ်းဆက် ကပ်သွားမည်
ဟုသိရသည်။ လက်ပံတောင်းတောင်ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့ကိုဒီဇင်ဘာ ၁ ရက်နေ့တွင်မုံ
ရွာဆေးရုံ၌ ဖွဲ့စည်းခဲ့ပြီးလှူဒါန်း လိုသူများအနေနှင့်ဖော်ပြပါအတိုင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

စိုင်းလမင်း
popular myanmar news

0 comments:

Post a Comment