Pages

Wednesday, December 5, 2012

မန္တလေးတွင် ကားနှင့်ဆိုင်ကယ်များအတွက် ဘီးလှိမ့်ခွန်နှုန်းထားများ၂၀၁၂-၂၀၁၃ဘဏ္ဍရေးနှစ်ပြီးမှ တိုးမြင့်သွားရန် အစီအစဉ်ရှိ

မန္တလေး၊ ဒီဇင်ဘာ ၅။

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဘီးလှိမ့်ခွန်နှုန်းထား များအား၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ်

အတွင်း တိုးမြင့်ကောက်ခံသွားရန် အစီအစဉ်မရှိကြောင်းသိရသည်။ မန္တလေးခြောက်မြို့နယ်အတွင်း ဆိုင်ကယ်၊ ကားစီးရေများ သိသာစွာ တိုးမြှင့် လာသည်နှင့်အညီ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များ ဖြစ်ပေါ်နေသော်
လည်း လတ်တလောပိုင်းတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် တိုးမြင့်ကောက်ခံမှု မလုပ်သေးခြင်း
ဖြစ်ကြောင်း သိရသည်။ "၂၀၁၁ခုနှစ်က ဘီးလှိမ့်ခွန်တွေကို တိုးမြင့်ကောက်ခံလိုက်ပြီး နောက်ပိုင်းမှာ ဆက်လက်တိုးမြင့်ဖို့ ပြောဆိုလာတာ
 တွေ ရှိပေမယ့်။ ကျွန်တော်တို့အနေနဲ့ ခတ္တ မပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။ အဲဒါကြောင့် ဒီဘဏ္ဍရေးနှစ် အတွင်းတော့ မဖြစ်နိုင်တော့ပါဘူး"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာဒုဦးမှူး ဦးသန်း
တင့်က ပြောကြားသည်။

အခွန်နှုန်းထားများကို လက်ရှိအချိန်တွင် တိုးမြှင့်မကောက်ခံသော်လည်း ဘီးလှိမ့်ခွန်များကို မှတ်ပုံတင်ထားရှိ
သည့် မည်သည့်ယာဉ်မဆို အခွန် ပေးဆောင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး အခွန်မဆောင် စီးနင်းနေသော ယာဉ်များကို ဒဏ်ကြေးများသတ်မှတ်ကာ ကောက်ခံသွားမည်ဟုသိရသည်။

အဆိုပါကိစ္စပတ်သက်၍ ဆိုက်ကယ်ဘီးလှိမ့်ခွန် လာရောက်ပေးဆောင်သူ တစ်ဦးကို မေးမြန်းရာ "သူတို့က အ
ခွန်တာ ကောက်ခံနေတာပါ။ အဓိကကျ တဲ့ အပိုင်းတွေကို မပြုပြင်သေးပါဘူး။ လမ်းမီပွိုင့်၊ လမ်းကြေားပိုင်းတွေ
ကို စနစ်တကျ ပြုလုပ်ဖို့၊ လမ်းတွေကို ပြုပြင်ဖို့ လိုတယ်။ အခုက မြင်သာထင် သာတဲ့ နေရာတွေမှာပဲ ပြင်နေတာ
ပါ။ လက်ရှိက အပေါ်ကလုပ် အောက်က တစ်ခုဖြစ် ဖြစ်နေတာကို တွေ့နေရ ပါတယ်"ဟု ပြောကြားသည်။

The Myanma Age

0 comments:

Post a Comment