Pages

Thursday, June 13, 2013

ပဋိပက္ခတွေရပ်တန့်နိုင်ဖို့ သံဃာတော်တွေ ဆွေးနွေးကြမယ်

ပဋိပက္ခတွေရပ်တန့်နိုင်ဖို့ သံဃာတော်တွေ ဆွေးနွေးကြမယ်
Thursday, June 13, 2013

မြန်မာနိုင်ငံတ၀ှမ်းမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေကို ရပ်တန့်နိုင်ဖို့အတွက် တနိုင်ငံလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာသံဃာတော်တွေက ဒီကနေ့မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ ပြုလုပ်မဲ့ အစည်းအဝေးကို သံဃာတော် အပါး နှစ်ရာကို ဖိတ်ခေါ်ထားတာဖြစ်ပြီးတော့ ရန်ကုန်မြို့ပြင်ဖက်မှာရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းမှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကြမှာဖြစ်လို့ဆို ပါတယ်။ တွေ့ဆုံဆွေးနွေးမှုအတွင်းမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခအခြေအနေတင်းမာမှုတွေကို ဖြေလျော့နိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေသွားမှာဖြစ်တယ်လို့ ဆရာတော် ဓမ္မပိယ ကမိန့်ကြားပါတယ်။

အခုဖြစ်နေတဲ့အကြမ်းဖက်မှုတွေမှာ ဗုဒ္ဓဘာသာ သံဃံတော်တွေကဦးဆောင်နေတယ် နိုင်ငံခြားသားတွေက ထင်မြင်ကြပေမယ့် အကြမ်းဖက်မှုမှာ သံဃာတော်တချို့သာပါဝင်ကြပြီး တချို့က အကြမ်းဖက်မှုတွေမဖြစ်အောင် ဟန့်တားဖို့ ပါဝင်နေတာကို အကြမ်းဖက်မှုမှာ ပါဝင်ကြတယ်လို့ နားလည်မှုမှားကြတဲ့အကြောင်း ဆရာတော်က မိန့်ကြားပါတယ်။

သံဃာတော်တွေက လူတွေကို အကြမ်းဖက်မှုတွေ မလုပ်တော့အောင် ဘယ်လိုမျိုး တားဆီးနိုင်မဲ့ အကြောင်းနဲ့ အစိုးရကပြဿနာဖြေရှင်းတဲ့နေရာမှာ သံဃာတော်တွေအနေနဲ့ ဘယ်လိုကူညီ ဆောင်ရွက်ပေးရမလဲ ဆိုတာတွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုစည်းဝေးပွဲမှာ မွတ်စလင်တွေကို တိုက်ခိုက်တဲ့အထဲမှာ ပါဝင်သူလို့ ထင်မြင်ကြတဲ့ မန္တလေးမြို့က ဆရာတော် ဦးဝီရသူလည်းတက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။

အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအရှေ့ဖက်ပိုင်း ရှမ်းပြည်နယ်က  ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦးကို တိုက်ခိုက်ခဲ့တဲ့ မွတ်စလင်အမျိုးသားကို မနေ့က ထောင်ဒဏ် ၂၆နှစ် ချမှတ်လိုက်တယ်လို့လည်း သိရပါတယ်။

အခုလိုဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့လက ရှမ်းပြည်နယ် လားရှိုးမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လားရှိုးမြို့ တရားရုံးက ဗုဒ္ဓဟူးနေ့မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တဲ့ အမျိုးသားဟာ အသက် ၄၈နှစ်ရှိပြီး မူးယစ်ဆေးဝါးသုံးစွဲသူတဦးဖြစ်တယ်လို့ အစိုးရသတင်းဌာနမှာဖော်ပြထားပါတယ်။ သူ့ကို လူသတ်ဖို့ကြံရွယ်မှု၊ ဆဲဆိုတိုက်ခိုက်မှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ တရားရုံးက ပစ်ဒဏ် ချမှတ်ခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတဦးက အေအက်ဖ်ပီသတင်းဌာနကို တယ်လီဖုန်းကနေတဆင့် ပြောပြခဲ့ပါတယ်။

အကြမ်းဖက်မှုအတွင်းမှာပါဝင်တဲ့လူ အယောက် ၆၀ကိုလည်း အာဏာပိုင်တွေကဖမ်းဆီးထားတယ်လို့ ရဲအရာရှိကဆက်လက်ပြောပြပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက မိထ္ထီလာ ပဋိပက္ခအတွင်းမှာ လူ၄၀ကျော်သေဆုံးခဲ့ပြီးတော့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ မွတ်စလင်အမျိုးသား ၁၀ဦးကိုလည်း ထောင်ဒဏ် ၂၈နှစ်အထိ ပစ်ဒဏ်ချမှတ် ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခကြောင့်လည်း လူပေါင်း ၂၀၀ လောက်သေဆုံးခဲ့ပြီး တစ်သိန်းလေးသောင်းကျော် အိုးအိမ်မဲ့ ဒုက္ခသည် စခန်းမှာ နေထိုင်ရပါတယ်။

အခုဆိုရင် မိုးရာသီရောက်လာပြီးဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့သူတွေဟာ လုံခြုံတဲ့ နေရာကို ပြောင်းရွေ့ရမှာဖြစ်ပြီးတော့ စခန်းထဲမှာ ဆေးဝါးကုသမှုတွေနဲ့ သန့်ရှင်းမှုမရှိတဲ့အတွက် ငှက်ဖျားရောဂါ၊ ၀မ်းပျက်ဝမ်းရောဂါ၊ သွေးလွန်ထုတ်ကွေးရောဂါတွေဟာ ဒုက္ခသည်တွေအတွက် အဓိကရင်ဆိုင်နေရတဲ့ ပြဿနာတွေ ဖြစ်နေပါတယ်။

ABC Radio Australia
မိတ္ထီလာမြို့အကြမ်းဖက်မှုမြင်ကွင်း (Credit: AFP)
မိတ္ထီလာမြို့အကြမ်းဖက်မှုမြင်ကွင်း (Credit: AFP)
Thursday, June 13, 2013

မြန်မာနိုင်ငံတ၀ှမ်းမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေကို ရပ်တန့်နိုင်ဖို့အတွက် တနိုင်ငံလုံးမှာရှိ
တဲ့ ဗုဒ္ဓဘာသာသံဃာတော်တွေက ဒီကနေ့မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီကနေ့ ပြုလုပ်မဲ့ အစည်းအဝေးကို သံဃာတော်အပါး နှစ်ရာကိုဖိတ်ခေါ်ထားတာဖြစ်ပြီးတော့ ရန်ကုန်မြို့ပြင်
ဖက်မှာရှိတဲ့ဘုန်းကြီးကျောင်းတကျောင်းမှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကြမှာဖြစ်လို့ဆိုပါတယ်။ တွေ့ဆုံဆွေး
နွေးမှုအတွင်းမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခအခြေအနေတင်းမာမှုတွေကို ဖြေလျော့နိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေသွားမှာဖြစ်တယ်လို့ ဆရာတော် ဓမ္မပိယ ကမိန့်ကြားပါတယ်။

အခုဖြစ်နေတဲ့အကြမ်းဖက်မှုတွေမှာ ဗုဒ္ဓဘာသာ သံဃံတော်တွေကဦးဆောင်နေတယ် နိုင်ငံခြားသားတွေက ထင်မြင်ကြပေမယ့် အကြမ်းဖက်မှုမှာ သံဃာတော်တချို့သာပါဝင်ကြပြီး တချို့က အကြမ်းဖက်မှုတွေမြ
ဖစ်
အောင်ဟန့်တားဖို့ပါဝင်နေတာကို အကြမ်းဖက်မှုမှာ ပါဝင်ကြတယ်လို့ နားလည်မှုမှားကြတဲ့အကြောင်း ဆရာ
တော်က မိန့်ကြားပါတယ်။

သံဃာတော်တွေက လူတွေကို အကြမ်းဖက်မှုတွေ မလုပ်တော့အောင် ဘယ်လိုမျိုး တားဆီးနိုင်မဲ့ အကြောင်း
နဲ့ အစိုးရကပြဿနာဖြေရှင်းတဲ့နေရာမှာ သံဃာတော်တွေအနေနဲ့ ဘယ်လိုကူညီ ဆောင်ရွက်ပေးရမလဲ ဆို
တာတွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုစည်းဝေးပွဲမှာ မွတ်စလင်တွေကို တိုက်ခိုက်တဲ့အထဲမှာ ပါဝင်သူလို့ ထင်မြင်ကြတဲ့ မန္တလေးမြို့က ဆ
ရာတော် ဦးဝီရသူလည်းတက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။

အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအရှေ့ဖက်ပိုင်း ရှမ်းပြည်နယ်က ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦးကို တိုက်ခိုက်ခဲ့တဲ့ မွတ်စလင်အမျိုးသားကို မနေ့က ထောင်ဒဏ် ၂၆နှစ် ချမှတ်လိုက်တယ်လို့လည်း သိရပါ
တယ်။

အခုလိုဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့လက ရှမ်းပြည်နယ် လားရှိုးမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်
ပွားခဲ့
တာ ဖြစ်ပါတယ်။

လားရှိုးမြို့ တရားရုံးက ဗုဒ္ဓဟူးနေ့မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တဲ့ အမျိုးသားဟာ အသက် ၄၈နှစ်ရှိပြီး မူးယစ်ဆေးဝါးသုံးစွဲသူတဦးဖြစ်တယ်လို့ အစိုးရသတင်းဌာနမှာဖော်ပြထားပါတယ်။ သူ့ကို လူသတ်ဖို့ကြံရွ
ယ်
မှု၊ ဆဲဆိုတိုက်ခိုက်မှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ တရားရုံးက ပစ်ဒဏ် ချမှတ်ခဲ့တာဖြစ်တယ်လို့ ရဲအရာရှိ
တဦးက အေအက်ဖ်ပီသတင်းဌာနကို တယ်လီဖုန်းကနေတဆင့် ပြောပြခဲ့ပါတယ်။

အကြမ်းဖက်မှုအတွင်းမှာပါဝင်တဲ့လူ အယောက် ၆၀ကိုလည်း အာဏာပိုင်တွေကဖမ်းဆီးထားတယ်လို့ ရဲအ
ရာရှိကဆက်လက်ပြောပြပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက မိထ္ထီလာ ပဋိပက္ခအတွင်းမှာ လူ၄၀ကျော်သေဆုံးခဲ့ပြီးတော့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ မွတ်စလင်အမျိုးသား ၁၀ဦးကိုလည်း ထောင်ဒဏ် ၂၈နှစ်အထိ ပစ်ဒဏ်ချမှတ် ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်ကရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ဘာသာရေးလူမျိုးရေးပဋိပက္ခကြောင့်လည်း လူပေါင်း ၂၀၀ေ
လာက်
သေဆုံးခဲ့ပြီး တစ်သိန်းလေးသောင်းကျော် အိုးအိမ်မဲ့ ဒုက္ခသည် စခန်းမှာ နေထိုင်ရပါတယ်။

အခုဆိုရင် မိုးရာသီရောက်လာပြီးဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့သူတွေဟာ လုံခြုံတဲ့ နေရာ
ကို ပြောင်းရွေ့ရမှာဖြစ်ပြီးတော့ စခန်းထဲမှာ ဆေးဝါးကုသမှုတွေနဲ့ သန့်ရှင်းမှုမရှိတဲ့အတွက် ငှက်ဖျားရောဂါ၊ ၀မ်းပျက်ဝမ်းရောဂါ၊ သွေးလွန်ထုတ်ကွေးရောဂါတွေဟာ ဒုက္ခသည်တွေအတွက် အဓိကရင်ဆိုင်နေရတဲ့
ပြဿနာတွေ ဖြစ်နေပါတယ်။

ABC Radio Australia , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၃.၆.၂၀၁၃

0 comments:

Post a Comment