Pages

Thursday, June 13, 2013

လမ်း ၃ဝ မှတ်တိုင်တွင် လူအတင်အချ ပြုလုပ်သော ယာဉ်များကို ပြင်းထန်စွာ အရေးယူ တော့မည်

Thursday, June 13, 2013

ရန်ကုန်မြို့တွင်မကြာခင်က ဖျက်သိမ်းလိုက်သော မြို့လယ်ပိုင်းအနော်ရထာလမ်းပေါ်ရှိလမ်း ၃ဝ မှတ်တိုင်၌
လိုင်းကားအချို့သည်လူအတင်အချ ပြုလုပ်နေဆဲ ဖြစ်သဖြင့် အဆိုပါ ယာဉ်များကို ပြင်းထန်စွာ အရေးယူ
ဆောင်ရွက် သွားတော့မည် ဖြစ်ကြောင်း ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရေးမှတာဝန်ရှိသူတစ်ဦး
က ပြောကြားခဲ့သည်။
၎င်းမှတ်တိုင်ကို ဖျက်သိမ်း လိုက်ရခြင်းမှာ ယာဉ်ကြောများ ကျပ်သည့် အပြင် လမ်းကြောပေါ်ရှိ မီးပွိုင့်နှင့် နီးကပ်နေသည့် မှတ်တိုင် ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ဘားလမ်း မှတ်တိုင်နှင့်လည်း မှတ်တိုင်ချင်း နီးကပ်
 နေခြင်းကြောင့် လည်းကောင်း ဖျက်သိမ်း လိုက်ရခြင်း ဖြစ်သည်ဟု ပြောကြား ခဲ့သည်။

''ဒီမှတ်တိုင်ကို ရောက်ရင်လိုင်းကားတွေက တော်တော်နဲ့မထွက်ကြတော့ဘူး။အခု အချိန်ထိ လူအတင်အချ

လုပ်ပြီး စည်းကမ်း ဖောက်ဖျက် တာတွေကခရီးသည် တွေနဲ့မဆိုင်ပါဘူး။ဘယ်ခရီးသည်မှကားသမားကဆင်း
လို့ မရဘူးလို့ ပြောရင်မဆင်းကြပါဘူး။စပယ်ယာတွေက လမ်းကျပ်လို့ ဖြည်းဖြည်း သွားရမယ့် အတူတူ မထူး
ပါဘူး ဆိုပြီး လူတွေကို ခေါ်တင်ကြရော။ 

တက်တဲ့ လူတွေ တက်တာ တွေ့တော့ဆင်းချင်တဲ့လူကလည်းလိုက်ဆင်းကြရော။အတက်အဆင်းလုပ်တာ
ကလည်း လမ်းမ အလယ်မှာ လုပ်နေတော့ သူ့နောက်က ကားတွေ အတွက် လမ်းပိတ် ကုန်တော့ တာပေါ့။
အခု အဲဒီလို စည်းကမ်း ဖောက်ဖျက်တဲ့ ကားတွေကို ထိထိရောက်ရောက် အရေးယူ သွားတော့မှာပါ။ ပထမ ဒဏ်ငွေရိုက်မယ်၊နောက်ဒီထက် ပိုဆိုးလာရင် လပိုင်း လိုင်းပိတ်တဲ့ အဆင့် အထိ အရေးယူ သွားမှာပါ'' ဟု
ပြောကြား ခဲ့ကြောင်း သိရသည်။

မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၃.၆.၂၀၁၃

0 comments:

Post a Comment