Pages

Thursday, June 13, 2013

NDFပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံအစည်းအဝေး ကျင်းပမည်

Photo: NDFပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံအစည်းအဝေး ကျင်းပမည်
Thursday, June 13, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၏ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအား ရန်ကုန်မြို့ရှိ YWCA ၌  ဇွန်လ ၁၄ရက်နှင့် ၁၅ရက်နေ့ မနက် ၉နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း NDFပါတီ၏ အတွင်းရေးမှူး ဦးကျော်သူရက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“အဓိကကတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ ဆွေးနွေးမှာပါ။ ပြီးတော့ ပါတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့်ကိစ္စ တွေ ရယ် ဆွေးနွေးဖို့ ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ တနိုင်ငံလုံးဆိုင်ရာပါတီညီလာခံအစည်းအဝေးတွင် ၂၀၁၂- ၂၀၁၃ခုနှစ် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍လည်း နှစ်ပတ်လည်အစီရင်ခံစာများ ပြန်လည်တင်ပြမည်ဖြစ်ကြောင်း NDFပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးနေမင်း ကျော်၏ ပြောကြားချက်အရ သိရသည်။

“အခုလက်ရှိ ကျွန်တော်တို့ NDFပါတီက ၂၀၁၅ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လယ်သမား အလုပ်သမားကိစ္စရပ်တွေလိုမျိုး လူထုအကျိုးပြု လုပ်ငန်းတွေ လုပ်နေပါတယ်။ နောက်ပြီး စည်းရုံးရေးထက် နိုင်ငံသားအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်တာတွေ ရှိပါတယ်။ မြို့နယ်၊ ရပ်ကွက် ရုံးတွေအနေနဲ့တော့ လုပ်ဆောင်တာတွေလည်း ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိအချိန်၌ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ လွှတ်တော်တွင်းအနေဖြင့် အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်၊ ပြည်သူ့ လွှတ်တော်အမတ်များအဖြစ် ကိုအောင်စိန်၊ ဦးစိုးဝင်းနှင့် ဒေါ်တင်နွယ်ဦးတို့ပါဝင်ကြောင်း သိရပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ်နှစ်ဦးရှိကြောင်း သိရသည်။

မြန်မာ့ခေတ်

Thursday, June 13, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၏ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအား ရန်ကုန်မြို့ရှိ YWCA ၌ ဇွန်လ ၁၄ရက်နှင့် ၁၅ရက်နေ့ မနက် ၉နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း NDFပါတီ၏ အတွင်းရေးမှူး ဦးကျော်သူရက မြန်မာ့ခေတ်သို့ ပြောကြားသည်။ “အဓိကကတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ ဆွေးနွေးမှာပါ။ ပြီးတော့ ပါတီရဲ့ လုပ်ဆောင်ချက်တွေ
နဲ့ ရှေ့ဆက်လုပ်ဆောင်မယ့်ကိစ္စ တွေ ရယ် ဆွေးနွေးဖို့ ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ တနိုင်ငံလုံးဆိုင်ရာပါတီညီလာခံအစည်းအဝေးတွင် ၂၀၁၂- ၂၀၁၃ခုနှစ် လွှတ်တော်တွင်းနှင့် လွှတ်
တော်ပြင်ပ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍လည်း နှစ်ပတ်လည်အစီရင်ခံစာများ ပြန်လည်တင်ပြမည်
ဖြစ်ကြောင်း NDFပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးနေမင်း ကျော်၏ ပြောကြားချက်အရ သိရ
သည်။

“အခုလက်ရှိကျွန်တော်တို့ NDFပါတီက၂၀၁၅ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလယ်သမား အလုပ်သမားကိစ္စ
ရပ်တွေလိုမျိုး လူထုအကျိုးပြု လုပ်ငန်းတွေ လုပ်နေပါတယ်။ နောက်ပြီး စည်းရုံးရေးထက် နိုင်ငံသားအကျိုးပြု
လုပ်ငန်းတွေကို လုပ်ဆောင်တာတွေ ရှိပါတယ်။ မြို့နယ်၊ ရပ်ကွက် ရုံးတွေအနေနဲ့တော့ လုပ်ဆောင်တာတွေ
လည်း ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိအချိန်၌ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ လွှတ်တော်တွင်းအနေဖြင့် အမျိုးသားလွှတ်တော်အ
မတ် ဒေါ်ခင်ဝိုင်းကြည်၊ ပြည်သူ့ လွှတ်တော်အမတ်များအဖြစ် ကိုအောင်စိန်၊ ဦးစိုးဝင်းနှင့် ဒေါ်တင်နွယ်ဦးတို့ပါ
ဝင်ကြောင်း သိရပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ်နှစ်ဦးရှိကြောင်း သိရသည်။

မြန်မာ့ခေတ် , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၃.၆.၂၀၁၃

0 comments:

Post a Comment