Pages

Thursday, June 13, 2013

မလေးရှားတွင်ရှိသောဗလီများကိုတိုက်ခိုက်ရန် ဦးဝီရသူလျှို့ဝှက်စွာကြံစည်နေ

၉၆၉ ခေါင်းဆောင်ဝီရသူသည်မလေးရှားတွင်ရှိသောဗလီများကိုအကြမ်းဖက်တိုက်ခိုက်ရန်လျှို့ဝှက်ကြံစည်
နေကြောင်းမန္တလေး မစိုးရိမ် တိုက်သစ်တွင်သီတင်းသုံးနေသောကိုယ်ရင်လေးတစ်ပါးကဖုန်းဖြင့်သတင်းပေး
ပို့ခဲ့သည်။ပြီးခဲ့သည့်ရက်ပိုင်းက ၀ီရသူက ကျောင်းတိုက်တွင် ကျောင်းသားများအပါအ၀င်၎င်း၏နောက်လိုက်
များနှင့်တွေ့ဆုံပွဲတစ်ခုတွင်ပြောကြားခဲ့သည်ဟုဆိုသည်။ "မလေးကမြန်မာတွေအတွက်ငါတို့ပြန်လက်စားချေရမည်ဖြစ်ကြောင်း၊ငါတို့မှာအစိုးရကအထောက်အပံ့နဲ့ဘဏ္ဍာတွေအပါအ၀င် အလှူရှင်တွေလည်းရှိကြောင်း၊လက်စားချေဖို့ပါဝင်သူတိုင်းကို ဆုကြေးငွေများပေးအပ်
သွားမှာဖြစ်ကြောင်း၊အထူးသဖြင့်မလေးရှားက ဗလီတွေကိုတိုက်ခိုက်ပြီး မလေးကုလား တွေကိုငါတို့ဘာလုပ်
နိုင်တယ်ဆိုတာသတိပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။"

ထိုကဲ့သို့လက်စားချေမှုများရှိလာပါကမလေးရှားတွင်ရောက်ရှိနေသောစစ်မှန်သောဗုဒ္ဒဘာသာဝင်မျာ၏လုံ
ခုံရေးအခြေအနေမှာပိုမိုဆိုးရွားသွားနိုင်ခြင်းကြောင့်သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်ကြိုတင်ကာ
ကွယ်မှုများကိုအမြန်ဆုံးပြုလုပ်ထားသင့်ကြောင်း၊ထိုအကြံအစည်ကိုဝီရသူနှင့်၎င်း၏နောက်လိုက်များက
 အမြန်ဆုံးအကောင်အထည်ဖော်ရန်ကြိုးပမ်းနေကြကြောင်းထိုကိုယ်ရင်လေးကဆက်လက်ပြောကြားခဲ့ပါ
သည်။

ထို့ပြင်အဆိုပါကိုယ်ရင်က ၀ီရသူ၏ဗုဒ္ဓတရားနှင့်ဆန့်ကျင်နေသောလုပ်ရပ်များ၊ ideas များကိုသူစိတ်ကုန်လာ
ပြီဖြစ်ကြောင်း၊မစိုးရိမ်ကျောင်းတိုက်တွင်သတင်းသုံးဆက်လက်ပညာမသင်တော့ပဲထွက်ခွာတော့မည်ဖြစ်
ကြောင်း၊၎င်းတို့အကွက်ချလုပ်ဆောင်နေသည့်ကိစ္စများတွင်မိမိအားတက်သရောမပါဝင်သည်ကိုကျောင်း
သားများကသိရှိကြကြောင်း၊ထို့ကြောင့်မိမိကျောင်းထွက်သွားလျှင်အတွင်းသတင်းများပေါက်ကြားသွားမည်
ကို ထိုသူတို့ကစိုးရိမ်နေကြကြောင်း၊ယင်းအဖြစ်အပျက်များကြောင့် ကျောင်းတွင်းမိမိကိုယ်မိမိမလုံခြုံစွာခံစား
နေရကြောင်းကိုလည်းပြောကြားသွားခဲ့ပါသည်။

((မစိုးရိမ်တိုက်သစ်မှ ကိုယ်ရင်တစ်ပါး ဖုန်းဖြင့်သတင်းပေးပို့ချက်ဖြစ်ပါသည်))
 
Moon & Star 24-7 News Channel
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၃.၆.၂၀၁၃ 

0 comments:

Post a Comment