Pages

Thursday, June 13, 2013

အရိုင်းဆန်သော အလှတရား နဲ့ လူးရတနာသိုက် ဇာတ်ကား

Photo: အရိုင်းဆန်သော အလှတရား နဲ့ လူးရတနာသိုက် ဇာတ်ကား
Wednesday, June 12, 2013 

ရွှေတောင် ဗီဒီယို ထုတ်လုပ်ရေး အတွက် ဒါရိုက် တာ ကိုဇော်(အရုဏ်ဦး)က “လူးရတနာသိုက်” ရုပ်ရှင် ဇာတ်ကားကြီးကို ကျော်ရဲအောင်၊ နေမင်း၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့် ၊ ဖူးဖူးတို့နဲ့ ရွှေစက်တော်မှာ ရှုတင်များ ဆောက်လုပ်ကာ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

ဒီလူးရတနာသိုက် ဇာတ်ကားက လူး လူမျိုးတို့ရဲ့စရိုက် သဘာဝကို အနုပညာ နဲ့ ပုံဖော်ရိုက် ကူး ခြင်းဖြစ်တာကြောင့် အရင် ရုပ်ရှင်ဗီဒီယို ဇာတ်ကားနဲ့ သမား ရိုးကျ ဇာတ်လမ်းတွေကနေ ခွဲ ထွက်ပြီး ပရိသတ်ကို စိတ်ဝင်စားဖွယ် ဖြစ်အောင် ရိုက်ကူး နေတာဖြစ်ကြောင်း သိရပါတယ်။ ရီရီဌေးရဲ့ မူလဝတ္ထု ဇာတ်လမ်း ကျောရိုးကို သရုပ်ပေါ်လွင်စေ ဖို့နဲ့ လူးလူမျိုး များနေထိုင်ရာ ဒေသ ပုံစံမျိုးပေါ် လွင်အောင် ဆက်တင်များ ဆောက် လုပ်ကာ ရိုက်ကူး ခဲ့သလို သရုပ်ဆောင် အင်အားကိုလည်း ယခင် ဇာတ်ကားတွေ နဲ့မတူ များစွာ အသုံးပြု ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကား လည်းဖြစ်ပါတယ်။ ဇာတ်ကောင် အလိုက်ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်များ ကလည်း လူးလူမျိုး တို့ရဲ့ ရိုးရာဓလေ့ ထုံးတမ်းများနဲ့ သရုပ်ဆောင် ထားတာ မြင်တွေ့ ရတာကြောင့် မြန်မာ့ ရုပ်ရှင်လောကမှာ ထူးခြားတဲ့ တင်ဆက်မှုများ နဲ့ အနုပညာ ပုံစံသစ်အဖြစ် ဖော်ကျူးထားတာမို့ အရည်အသွေးကောင်းမွန်တဲ့ ရုပ်ရှင် ဇာတ်ကား ကောင်း တစ်ကားကို ပရိသတ်တွေ မြင်တွေ့ ကြည့်ရှု ရတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်တဲ့ ဖူးဖူးက..
“လူး လူမျိုးစုမှာ ဖူးဖူးက ခေါင်းဆောင် ကြီးကို တအားချစ်ပြီး ကြင်ယာတော်ဖြစ် ချင်တဲ့သူ အဖြစ် သရုပ်ဆောင်ထားပါတယ်။ အဝတ် အစား တွေက ဒီဇိုင်နာနဲ့ အကုန် အပ် ပြီးချုပ်ထား တာပါ။ 

အဝတ်အစားတွေကို ကိုယ် စီစဉ်စရာ မလိုဘဲနဲ့ အဲဒီလူးခေတ်ကပုံစံ ကို ကိုဇော်တို့၊ အန်တီ သီတာတို့ပဲ ဒီဇိုင်နာ မဆန်းဘောက်ရာနဲ့ စီစဉ်ပေး ထားတာပါ။ ဒီ ဇာတ်လမ်းထဲက ဇာတ် ရုပ်ရဲ့မုဒ်ကို သေသေချာချာ ပီပြင် အောင်ကြိုးစား သရုပ်ဆောင်ထား ပါတယ်။ အမှတ်တရကတော့ တစ်ခါမှ မရောက်ဖူး တဲ့တော တောင်ကြီး ထဲမှာ ဆက်တင် တွေနဲ့ စနစ်တကျအကုန် လုပ် ပြီးမှရိုက်တာကတော့ အမှတ်တရ ပါပဲ။ အဲဒီလိုမျိုး လည်းမမြင်ဖူးဘူး။ တစ် ခါမှလည်း ဒီလိုအတွေ့ အကြုံ မရှိခဲ့ဖူးဘူး။ 

ဒီ ဇာတ်ကား က သာမန်ဇာတ်ရုပ် တွေထက်ကွဲ ထွက်ပြီးတော့ ပရိုဂျူဆာရော၊ ဒါရိုက်တာတွေက ရောသေချာ အကုန် စီစဉ်ထားတဲ့ အတွက် သီးခြား ကွဲထွက် နေမယ်လို့ ထင်တယ်။ ကြည့်တဲ့ ပရိသတ်တွေ အနေနဲ့လည်း ရသ တစ်မျိုး ပေးစွမ်းနိုင် မယ်လို့ ထင်ပါတယ်။ ဆက်တင်တွေက အစ တံတားတွေ ရော ၊ ရွှေစက်တော် အောက်စက်တော် ရာမှာ စနစ်တကျနဲ့လုပ်ထားတယ်။ ဆက်တင်တွေ သေချာပြင်ဆင်ပြီးမှပဲ ရိုက်ရတာပါ” လို့ ပြောပါတယ်။ ဒီ ဇာတ်ကားကြီးမှာ ဇာတ်ပို့၊ ဇာတ်ရံ များ လည်း လူတစ်ရာ ကျော်သုံးထား မှာဖြစ်ပြီး ရွှေစက်တော်၊ ပြင်ဦး လွင်၊ သီပေါ၊ ကလောစတဲ့ နေရာများ မှာပါ သွား ရောက် ရိုက်ကူးမှာဖြစ် တယ်လို့ သိရပါ တယ်။

ခိုင်ဝေလွင်
Popular Journal

Wednesday, June 12, 2013

ရွှေတောင် ဗီဒီယို ထုတ်လုပ်ရေး အတွက် ဒါရိုက် တာ ကိုဇော်(အရုဏ်ဦး)က “လူးရတနာသိုက်”ရုပ်ရှင်ဇာတ်
ကားကြီးကို ကျော်ရဲအောင်၊ နေမင်း၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့် ၊ ဖူးဖူးတို့နဲ့ ရွှေစက်တော်မှာ ရှုတင်များ
 ဆောက်လုပ်ကာ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ ဒီလူးရတနာသိုက် ဇာတ်ကားက လူး လူမျိုးတို့ရဲ့စရိုက် သဘာဝကို အနုပညာ နဲ့ ပုံဖော်ရိုက် ကူး ခြင်းဖြစ်တာ
ကြောင့် အရင် ရုပ်ရှင်ဗီဒီယို ဇာတ်ကားနဲ့ သမား ရိုးကျ ဇာတ်လမ်းတွေကနေ ခွဲ ထွက်ပြီး ပရိသတ်ကို စိတ်ဝင်
စားဖွယ် ဖြစ်အောင် ရိုက်ကူး နေတာဖြစ်ကြောင်း သိရပါတယ်။ ရီရီဌေးရဲ့ မူလဝတ္ထု ဇာတ်လမ်း ကျောရိုးကို သရုပ်ပေါ်လွင်စေ ဖို့နဲ့ လူးလူမျိုး များနေထိုင်ရာ ဒေသ ပုံစံမျိုးပေါ် လွင်အောင် ဆက်တင်များ ဆောက် လုပ်
ကာ ရိုက်ကူး ခဲ့သလို သရုပ်ဆောင် အင်အားကိုလည်း ယခင် ဇာတ်ကားတွေ နဲ့မတူ များစွာ အသုံးပြုရိုက်ကူး
ထားတဲ့ ရုပ်ရှင် ဇာတ်ကား လည်းဖြစ်ပါတယ်။ 
 
ဇာတ်ကောင် အလိုက်ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်များ ကလည်း လူးလူမျိုး တို့ရဲ့ ရိုးရာဓလေ့ ထုံးတမ်းများနဲ့သရုပ်ဆောင်ထားတာ မြင်တွေ့ရတာကြောင့် မြန်မာ့ ရုပ်ရှင်လောကမှာ ထူးခြားတဲ့ တင်ဆက်
မှုများ နဲ့အနုပညာပုံစံသစ်အဖြစ် ဖော်ကျူးထားတာမို့အရည်အသွေးကောင်းမွန်တဲ့ရုပ်ရှင်ဇာတ်ကား ကောင်း
တစ်ကားကို ပရိသတ်တွေ မြင်တွေ့ ကြည့်ရှု ရတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်တဲ့ ဖူးဖူးက..“လူး လူမျိုးစုမှာ ဖူးဖူးက ခေါင်းဆောင် ကြီးကို တအားချစ်ပြီး
ကြင်ယာတော်ဖြစ် ချင်တဲ့သူ အဖြစ် သရုပ်ဆောင်ထားပါတယ်။အဝတ်အစား တွေက ဒီဇိုင်နာနဲ့ အကုန် အပ်
 ပြီးချုပ်ထား တာပါ။

အဝတ်အစားတွေကို ကိုယ် စီစဉ်စရာ မလိုဘဲနဲ့ အဲဒီလူးခေတ်ကပုံစံ ကို ကိုဇော်တို့၊ အန်တီ သီတာတို့ပဲ ဒီဇိုင်
နာ မဆန်းဘောက်ရာနဲ့ စီစဉ်ပေး ထားတာပါ။ ဒီ ဇာတ်လမ်းထဲက ဇာတ် ရုပ်ရဲ့မုဒ်ကို သေသေချာချာ ပီပြင်
 အောင်ကြိုးစား သရုပ်ဆောင်ထား ပါတယ်။ အမှတ်တရကတော့ တစ်ခါမှ မရောက်ဖူး တဲ့တော တောင်ကြီး ထဲမှာဆက်တင် တွေနဲ့စနစ်တကျအကုန် လုပ် ပြီးမှရိုက်တာကတော့အမှတ်တရ ပါပဲ။ အဲဒီလိုမျိုး လည်းမမြင်
ဖူးဘူး။ တစ် ခါမှလည်း ဒီလိုအတွေ့ အကြုံ မရှိခဲ့ဖူးဘူး။

ဒီ ဇာတ်ကား က သာမန်ဇာတ်ရုပ် တွေထက်ကွဲ ထွက်ပြီးတော့ ပရိုဂျူဆာရော၊ ဒါရိုက်တာတွေက ရောသေ
ချာ အကုန် စီစဉ်ထားတဲ့ အတွက် သီးခြား ကွဲထွက် နေမယ်လို့ ထင်တယ်။ ကြည့်တဲ့ ပရိသတ်တွေ အနေနဲ
့လည်း ရသ တစ်မျိုး ပေးစွမ်းနိုင် မယ်လို့ ထင်ပါတယ်။ ဆက်တင်တွေက အစ တံတားတွေ ရော ၊ ရွှေစက်
တော် အောက်စက်တော် ရာမှာ စနစ်တကျနဲ့လုပ်ထားတယ်။ ဆက်တင်တွေ သေချာပြင်ဆင်ပြီးမှပဲ ရိုက်ရ
တာပါ” လို့ ပြောပါတယ်။ ဒီ ဇာတ်ကားကြီးမှာ ဇာတ်ပို့၊ ဇာတ်ရံ များ လည်း လူတစ်ရာ ကျော်သုံးထား မှာဖြစ်
ပြီး ရွှေစက်တော်၊ ပြင်ဦး လွင်၊ သီပေါ၊ ကလောစတဲ့ နေရာများ မှာပါ သွား ရောက် ရိုက်ကူးမှာဖြစ် တယ်လို့ သိရပါ တယ်။

ခိုင်ဝေလွင်
Popular Journal ,ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၂.၆.၂၀၁၃

0 comments:

Post a Comment