Pages

Saturday, January 11, 2014

မစိုးရိမ်များ၏မိခင် မစိုးရိမ်ကျောင်းတိုက်ကြီး၏ တိုက်အုပ် မဟာနာယကဆရာတော် ဘ၀နတ်ထံပျံလွန်တော်မူ

Photo

RangonNewsDaily:: January . 11 .2014
အနယ်နယ်အရပ်ရပ်တွင်ရှိသောမစိုးရိမ်တိုက်သစ်များ၏မိခင်မန္တလေးမြို့၊ကမ္ဘာကျော်မစိုးရိမ်ကျောင်းတိုက်
ကြီး၏ တိုက်အုပ် မဟာနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သံဃမဟာ
နာယကအဖွဲ့ ဒုတိယ-ဥက္ကဋ္ဌ ဘဒ္ဒန္တ တေဇောသာရာဘိဝံသ မထေရ်မြတ်ကြီးသည် မန္တလေးမြို့၊ ပြည်သူ့ဆေးရုံကြီး အထူးကြပ်မက်ဆောင်တွင် ၁၀ ရက်ခန့် အရေးပေါ် ဆေးကုသမှုများပြုလုပ်
ခဲ့ပြီး မစိုးရိမ်ကျောင်းတိုက်၊ နိကာယနယူပဒေသကျောင်းဆောင်တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၉ ရက် နေ့
လည် ၂ နာရီ ၂၈ မိနစ်အချိန်၌ ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့တယ်လို့ သိရှိရသည်။

ဆရာတော်လောင်းလျာကို မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ သံဘိုကျေးရွာ၊ ခမည်းတော်-ဦးဘိုးအောင်
 မယ်တော် ဒေါ်မှုံတို့မှ ကောဇာသက္ကရာဇ်၁၂၈၇ ခုနှစ်၊၀ါဆိုလပြည့်ကျော်၇ ရက်၊စနေနေ့တွင် ဖွားမြင်တော်
မူခဲ့ပြီး၊မန္တလေးမြို့၊မစိုးရိမ်ကျောင်းတိုက်ကြီးတွင် နှစ်ပေါင်း၅၀ ကျော်လောက် ပရိယတ္တိစာချတာဝန်နှင့် နိုင်
ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ-ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်တော်မူရင်း သက်တော် (၈၉)နှစ် ၀ါတော် (၆၉)၀ါတွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့တာလည်း ဖြစ်ပါသည်။

ဘဒ္ဒန္တ တေဇောသာရာဘိဝံသ ဆရာတော်ကြီးသည် ဆဋ္ဌသင်္ဂါယနာတင် ပါဠိဝိသောဓက၊ ပဋိဝိသောဓက၊ သြသာနသောဓေယျ၊ ပတ္တပါဋ္ဌက တာဝန်ကိုလည်းကောင်း၊ မစိုးရိမ် တိပိဋကပါဠိမြန်မာအဘိဓာန်ကျမ်းပြုအဖွဲ့ ဥက္ကဋ္ဌဖြင့် အဘိဓာန် အတွဲ ၅၊ ၆၊ ၁၅၊ ၁၆၊ အတွဲ ၄ အပိုင်း ၂၊ ၃၊ တိပိဋကပါဠိမြန်မာ အဘိဓာန်အကျဉ်းကို
လည်းကောင်း တာဝန်ယူ ရေးသားပြုစုတော်မူခဲ့ပြီး ဟိတ်ဟန်မများ အလိုနည်းပါးခြင်း၊ ရိုးရိုးအေးအေး၊ မှန်
မှန်ကန်ကန် ကျင့်သုံးနေထိုင်တော်မူခြင်းစသည့်အချက်များကြောင့်ရဟန်းရှင်လူတို့၏အထူးလေးစားကြည်
ညိုမှုကိုရရှိတော်မူသည့်ဆရာတော်တစ်ပါးဖြစ်တယ်လို့ မစိုးရိမ်ကျောင်းတိုက်၊နိကာယနယူပဒေသကျောင်း
မှ ဦးဇင်းတစ်ပါးက မိန့်ကြားသည်။

ဆရာတော်ကြီး၏အန္တိဈာပနကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်တွင် မစိုးရိမ်
တိုက်ဟောင်း၊ တိုက်သစ်မှ သံဃာတော်အပါး ၁၅၀၀ ကျော်ဖြင့် အေးရိပ်ငြိမ်သုဿာန်သို့ ပို့ဆောင် မီးသဂြိင်္ုလ်
မည်ဖြစ်တယ်လို့ သိရှိရပါသည်။

ဦးကောလေး Facebook
ဧရာဝတီမြစ်ဖျားဆီက , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment