Pages

Tuesday, October 8, 2013

လေးဖက်နာ ဝေဒနာသည်များ သတိပြုဆင်ခြင်စရာ ပါရာစီတမော သောက်သုံးမှု ပြသနာ

Photo: လေးဖက်နာ ဝေဒနာသည်များ သတိပြုဆင်ခြင်စရာ ပါရာစီတမော သောက်သုံးမှု ပြဿနာ
Tuesday, October 8, 2013

ကိုက်ခဲမှုဝေဒနာ မသက်သာခြင်းကြောင့် NSAID ဆေးများအား ဆေးတိုးပြီး သောက်သုံးခြင်းသည် ဦးနှောက် သွေးကြော ပြတ်ခြင်းနှင့် အစာအိမ် သွေးယိုခြင်းများ အထိ ဖြစ်လာနိုင်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဆေးပညာဌာန၊ အရိုးအဆစ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာချစ်စိုးက သတိပေး ပြောကြားလိုက်သည်။

ပါရာစီတမော မတိုးသည့် လေးဖက်နာ

အလုပ်ပင်ပန်းခြင်းကြောင့် အကြောတင်းခြင်း၊ လမ်းလျှောက် များသည့်အတွက် ဒူးနာခြင်း အစရှိသည့် ဝေဒနာများမှာ ပါရာစီတမော သောက်သုံးခြင်းဖြင့် သက်သာ ပျောက်ကင်းနိုင်သော်လည်း လေးဖက်နာ သမားများအတွက်မူ ရေရှည် အသုံးမဝင်နိုင်ဘဲ ပိုမို သောက်သုံးမိလျှင် အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။

ရောဂါမပျောက်၊ ဝေဒနာကိုသာ သက်သာစေသည့် အကိုက်အခဲ ပျောက်ဆေး

အဆစ်အမျက်များ နာကျင်ပါက အကိုက်အခဲပျောက်ဆေး သောက်သုံးခြင်းဖြင့် ဝေဒနာကို သာသက်သာစေပြီး ရောဂါကိုမူ ပျောက်ကင်းစေနိုင်မည် မဟုတ်ကြောင်း၊ စတီးရွိုက် ဆေးများသည်လည်း နာကျင်မှု ဝေဒနာကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်သော်လည်း ယင်းသည် ဝေဒနာကိုသာ ကုသခြင်းဖြစ်ပြီး ရောဂါကို ကုသနိုင်မည် မဟုတ်ကြောင်း သိရသည်။ “လေးဖက်နာ ဖြစ်လာတဲ့အခါမှာ လမ်းထိပ်က စပ်ဆေးတွေ စပ်ပေးလိုက်ရင် အများအားဖြင့် စတီးရွိုက်နဲ့ အကိုက်အခဲ ပျောက်ဆေးတွေ စပ်ပေးတာ များတယ်။ တချို့ ဗမာဆေးဆိုပြီး ညာရောင်းတာတွေကလဲ တကယ်တမ်းတော့ ပါရာစီတမောနဲ့ စတီးရွိုက်နဲ့ ရောကြိတ်ထားတဲ့ ဆေးတွေ၊ အဲဒါတွေကို သောက်ရင် ဝေဒနာတော့ သက်သာသလိုလို ရှိတယ်။ ဒါပေမဲ့ ကြာကြာသောက်ရင် မျက်နှာတွေက ပွလာပြီးတော့ ကျောက်ကပ် ပျက်သွားတာတို့၊ အစာအိမ် သွေးယိုတာတို့ ဖြစ်တတ်တယ်” ဟု ပါမောက္ခ ဒေါက်တာချစ်စိုးက ပြောသည်။

ကုသ၍ ရသော်လည်း အရှင်း ပျောက်ကင်းနိုင်သည့် ရောဂါမဟုတ်

လေးဖက်နာရောဂါသည် ကုသ၍ ရသော်လည်း ကုသ၍ ပျောက်ကင်းမည်ဟုလည်း အာမ မခံနိုင်ကြောင်း၊ အဆိုပါ ရောဂါများသည် တစ်သက်လုံးလို ဖြစ်သွားနိုင်ပြီး တစ်သက်လုံး ထိန်းသွားရနိုင်သည့် ရောဂါများဖြစ်ကာ ဆေးကို အတိုးအလျှော့လုပ်၍သာ ကုသရကြောင်း သိရသည်။

ဆေးဖြတ်လျှင်လည်း ဘေးထွက်ဆိုးကျိုးတွေ ရနိုင်

“လေးဖက်နာရောဂါကလဲ လေးဖက်နာရောဂါ ငြိမ်ဆေးတွေသောက်ရင် ရောဂါက ငြိမ်သွားမယ်။ အဲဒါဆို စတီးရွိုက်ဆေးတွေ၊ ကိုက်ခဲပျောက်ဆေးတွေ မသောက်ဘဲနဲ့ ရောဂါလေးက ငြိမ်နေမယ်။ ပျောက်ပြီဆိုပြီးတော့မှ နောက်ပြန်ဖြစ်လာတတ်တယ်။ ရောဂါကိုယ်၌ကလဲ ကျောက်ကပ် ထိတာတို့၊ ဦးနှောက်ထိတာတို့ ဖြစ်တတ်တယ်” ဟု ပြောသည်။ ယင်းကဲ့သို့ ဖြစ်ပါက သုံးလတစ်ခါ၊ ခြောက်လတစ်ခါခန့်တွင် ကျွမ်းကျင်အထူးကု ဆရာဝန်နှင့် ပြန်လည် ပြသသင့်ပြီး ဆေးကို အတိုးအလျှော့လုပ်၍ ကုသရကာ ရောဂါကို ထိန်းထား၍သာ ရနိုင်ကြောင်း သိရသည်။

လေးဖက်နာ ဝေဒနာသည် ထက်ဝက်လောက်က ဆေးမတိုး

“လေးဖက်နာဆေးတွေက သောက်နေရင်းနဲ့ ဆေးမတိုးတာတွေလဲ ရှိတယ်။ အများစု လူ ၁၀၀ မှာ ၅၀ ဝန်းကျင်လောက်က ငြိမ်နေပြီး ၅၀ လောက်က ဒီဆေးတွေနဲ့ မတိုးဘူး။ အခုနောက်ပိုင်းမှာ ပုံမှန်သောက်ဆေးနဲ့ မတိုးသူတွေကို ထိုးဆေးထိုးဖို့ တိုက်တွန်းရတယ်။ အဲဒီထိုးဆေးတွေက ဆေးတစ်လုံးကို ခြောက်သိန်းကနေ ၁၅ သိန်းလောက်အထိလဲရှိတော့ သာမန်လူတွေအနေနဲ့တော့ ထိုးနိုင်ကြမှာ မဟုတ်ဘူး။ ထိုးဆေးတွေမှာလဲ လူ ၅၀ ထိုးရင် လူ ၃၀ လောက်ပဲ ဆေးတိုးတယ်။ ကျန် ၂၀ က ဆေးမတိုးဘူး” ဟုဆိုသည်။

ခင်သက်မွန်
BY YANGON TIMES JOURNAL

RangonNewsDaily:: October. 8 .2013
ကိုက်ခဲမှုဝေဒနာမသက်သာခြင်းကြောင့် NSAID ဆေးများအား ဆေးတိုးပြီး သောက်သုံးခြင်းသည် ဦးနှောက်
 သွေးကြော ပြတ်ခြင်းနှင့်အစာအိမ် သွေးယိုခြင်းများ အထိ ဖြစ်လာနိုင်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး
 ဆေးပညာဌာန၊ အရိုးအဆစ် အထူးကု ဆရာဝန်ကြီးပါမောက္ခ ဒေါက်တာချစ်စိုးကသတိပေး ပြောကြားလိုက်
သည်။ ပါရာစီတမော မတိုးသည့် လေးဖက်နာ

အလုပ်ပင်ပန်းခြင်းကြောင့် အကြောတင်းခြင်း၊ လမ်းလျှောက် များသည့်အတွက် ဒူးနာခြင်း အစရှိသည့် ဝေဒ
နာများမှာ ပါရာစီတမော သောက်သုံးခြင်းဖြင့် သက်သာ ပျောက်ကင်းနိုင်သော်လည်း လေးဖက်နာ သမားများ
အတွက်မူ ရေရှည် အသုံးမဝင်နိုင်ဘဲ ပိုမို သောက်သုံးမိလျှင် အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။

ရောဂါမပျောက်၊ ဝေဒနာကိုသာ သက်သာစေသည့် အကိုက်အခဲ ပျောက်ဆေး

အဆစ်အမျက်များ နာကျင်ပါက အကိုက်အခဲပျောက်ဆေး သောက်သုံးခြင်းဖြင့် ဝေဒနာကို သာသက်သာစေ
ပြီး ရောဂါကိုမူ ပျောက်ကင်းစေနိုင်မည် မဟုတ်ကြောင်း၊ စတီးရွိုက် ဆေးများသည်လည်း နာကျင်မှု ဝေဒနာ
ကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်သော်လည်းယင်းသည် ဝေဒနာကိုသာကုသခြင်းဖြစ်ပြီး ရောဂါကိုကုသနိုင်
မည် မဟုတ်ကြောင်း သိရသည်။ 
 
“လေးဖက်နာ ဖြစ်လာတဲ့အခါမှာ လမ်းထိပ်က စပ်ဆေးတွေ စပ်ပေးလိုက်ရင် အများအားဖြင့် စတီးရွိုက်နဲ့ အ
ကိုက်အခဲ ပျောက်ဆေးတွေ စပ်ပေးတာ များတယ်။ တချို့ ဗမာဆေးဆိုပြီး ညာရောင်းတာတွေကလဲ တကယ်
တမ်းတော့ ပါရာစီတမောနဲ့ စတီးရွိုက်နဲ့ ရောကြိတ်ထားတဲ့ ဆေးတွေ၊ အဲဒါတွေကို သောက်ရင် ဝေဒနာတော့ သက်သာသလိုလိုရှိတယ်။ဒါပေမဲ့ ကြာကြာသောက်ရင်မျက်နှာတွေက ပွလာပြီးတော့ ကျောက်ကပ် ပျက်သွား
တာတို့၊ အစာအိမ် သွေးယိုတာတို့ ဖြစ်တတ်တယ်” ဟု ပါမောက္ခ ဒေါက်တာချစ်စိုးက ပြောသည်။

ကုသ၍ ရသော်လည်း အရှင်း ပျောက်ကင်းနိုင်သည့် ရောဂါမဟုတ်

လေးဖက်နာရောဂါသည် ကုသ၍ ရသော်လည်း ကုသ၍ ပျောက်ကင်းမည်ဟုလည်း အာမ မခံနိုင်ကြောင်း၊ အဆိုပါ ရောဂါများသည် တစ်သက်လုံးလို ဖြစ်သွားနိုင်ပြီး တစ်သက်လုံး ထိန်းသွားရနိုင်သည့် ရောဂါများဖြစ်
ကာ ဆေးကို အတိုးအလျှော့လုပ်၍သာ ကုသရကြောင်း သိရသည်။

ဆေးဖြတ်လျှင်လည်း ဘေးထွက်ဆိုးကျိုးတွေ ရနိုင်

“လေးဖက်နာရောဂါကလဲ လေးဖက်နာရောဂါ ငြိမ်ဆေးတွေသောက်ရင် ရောဂါက ငြိမ်သွားမယ်။ အဲဒါဆို စတီးရွိုက်ဆေးတွေ၊ ကိုက်ခဲပျောက်ဆေးတွေ မသောက်ဘဲနဲ့ ရောဂါလေးက ငြိမ်နေမယ်။ ပျောက်ပြီဆိုပြီး
တော့မှ နောက်ပြန်ဖြစ်လာတတ်တယ်။ ရောဂါကိုယ်၌ကလဲ ကျောက်ကပ် ထိတာတို့၊ ဦးနှောက်ထိတာတို့
 ဖြစ်တတ်တယ်” ဟု ပြောသည်။ 
 
ယင်းကဲ့သို့ ဖြစ်ပါက သုံးလတစ်ခါ၊ ခြောက်လတစ်ခါခန့်တွင် ကျွမ်းကျင်အထူးကု ဆရာဝန်နှင့် ပြန်လည် ပြသ
သင့်ပြီး ဆေးကို အတိုးအလျှော့လုပ်၍ ကုသရကာ ရောဂါကို ထိန်းထား၍သာ ရနိုင်ကြောင်း သိရသည်။

လေးဖက်နာ ဝေဒနာသည် ထက်ဝက်လောက်က ဆေးမတိုး

“လေးဖက်နာဆေးတွေက သောက်နေရင်းနဲ့ ဆေးမတိုးတာတွေလဲ ရှိတယ်။ အများစု လူ ၁၀၀ မှာ ၅၀ ဝန်း
ကျင်လောက်က ငြိမ်နေပြီး ၅၀ လောက်က ဒီဆေးတွေနဲ့ မတိုးဘူး။ အခုနောက်ပိုင်းမှာ ပုံမှန်သောက်ဆေးနဲ့ မတိုးသူတွေကို ထိုးဆေးထိုးဖို့ တိုက်တွန်းရတယ်။ 
 
အဲဒီထိုးဆေးတွေက ဆေးတစ်လုံးကို ခြောက်သိန်းကနေ ၁၅ သိန်းလောက်အထိလဲရှိတော့ သာမန်လူတွေ
အနေနဲ့တော့ ထိုးနိုင်ကြမှာ မဟုတ်ဘူး။ ထိုးဆေးတွေမှာလဲ လူ ၅၀ ထိုးရင် လူ ၃၀ လောက်ပဲ ဆေးတိုးတယ်။ ကျန် ၂၀ က ဆေးမတိုးဘူး” ဟုဆိုသည်။

ခင်သက်မွန်
BY YANGON TIMES , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment