Pages

Tuesday, November 19, 2013

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မိုးကြိုးပစ်၍ ၆၄နှစ်အရွယ် ဖခင်သေဆုံး

RangonNewsDaily:: November . 19 .2013
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ကျောက်ညှပ်ကျေးရွာတွင်
နိုဝင်ဘာလ ၁၆ ရက်နေ့က အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် လယ်တဲတွင် နေထိုင်သည့် သားအဖနှစ်ဦး မိုးကြိုးပစ်ခံရကာ အသက် ၆၄နှစ်အရွယ် ဖခင်ဖြစ်သူမှာ မိုးကြိုးပစ်ခံရပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲကြောင်း သားဖြစ်သူက ပြောကြားသည်။

ကောက်လှိုင်းများထားသည့် လယ်တဲတွင် ဖခင်ဖြစ်သူ
ဦးကတုံးနှင့် သားအဖနှစ်ဦး အိပ်နေစဉ် ည၁၁ နာရီခန့်တွင် မိုးဖွဲများကျလာ၍ မိုးရေ မစိုရန် ဆိုလာဓါတ်အားသွင်း ဓါတ်မီးခါးထိုးပြီး ငါးထိုးသည့် မှိန်းကို မြေကြီးထဲသို့
ထိုးစိုက်စဉ် မိုးကြိုးပစ်ချခြင်းဖြစ်သည် သားဖြစ်သူမောင်ဖြိုးကိုကို ၁၆နှစ်ကဆိုသည်။

“အဖေနဲ့ ကျွန်တော်က နှစ်တောင်လောက်ပဲ ကွာတယ်။ ကျွန်တော်က တဲပေါ်မှာ အဖေက တဲအောက်ကနေပြီး မိုးမပက်အောင် ကာမယ်ဆိုပြီး ဆူးခွကို စိုက်နေတုံး မီးနီလုံးကြီး ပြေးလာတာ။ ကျွန်တော်က ကြောက်လို့ မျက်နှာကို လက်နဲ့အုပ်လိုက်တုံး "ဂျိန်း"ဆိုတဲ့ အသံကြီးက
ကျွန်တော့်နားကို အူသွားတာပဲ။ 


အသံပျောက်သွားလို့ မျက်လုံးလည်း ဖွင့်ကြည့်တော့ အဖေက ပက်လက်လန်
နေတာ တွေ့တယ်။ ကျွန်တော်လည်း နှိုးလို့ မရလို့ လယ်နီးချင်းတွေကို အကူအညီလိုက်တောင်းပြီးမှ အိမ်ပြန်ခေါ်ခဲ့တာ” ဟု ၎င်းအတွေ့အကြုံကို ပြောပြသည်။

သေဆုံးသူ ဦးမောင်လှ၏ ခန္ဓာကိုယ်တွင် ရင်ပုံတစ်ခုလုံး မီးလောင်ဒဏ်ရာများကဲ့သို့ အရေပြားများ လန်၍ ခန္ဓာကိုယ် ညာဘက်တခြမ်းလုံး ထောင့်နန်းစွဲ အကွက်လိုက် ညာဘက်
ခြေဖျားထိ အမွှေးများ မီးကျွမ်းနေပြီး အကျီရင်ဘတ် နေရာနှင့် ပုဆိုးခါးပုံစမှာ မီးကျွမ်းနေသည်ဟု ၎င်းဆိုသည်။

သေဆုံးသူ၏ အနီးတွင်ရှိသော မောင်ဖြိုးကိုကိုနှင့် နွားများမှာ တစုံတရာ ထိခိုက်ခြင်းမရှိဟု ရွာသားများက ဆိုသည်။

People Power , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time