Pages

Wednesday, November 20, 2013

"ဆေးလောက အမြင်ကို ပြောပြတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း"

Photo: "ဆေးလောက အမြင်ကို ပြောပြတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း"
Tuesday, November 19, 2013

တေးသံရှင် ဖြူဖြူကျော်သိန်း က လတ်တလောမှာ တော့ ရှိုးပွဲတွေ များနေ ပါတယ်။ ဆရာဝန် တစ်ဦး လည်းဖြစ်တဲ့ ဖြူုဖြူကျော်သိန်း ကို လက်ရှိ ဆေးလောက အပေါ် အမြင် တချို့ကိုမေးတော့

"အရင်တုန်း ကတော့ ဖြူဖြူ တို့လည်း စဉ်းစားတာပေါ့နော်။ ကိုယ် ခုနစ်နှစ် လောက်တောင် ကျောင်းတက် ပြီးတော့ ဆ/မ မယူခဲ့ရဘူးပေါ့။ ဒါပေမဲ့ အခုဆို ရင့်ကျက်မှု အတိုင်း အတာအရ ပြန် စဉ်းစားမိတာက တခြား နယ်ပယ်မှာ ပရော်ဖက်ရှင်နယ် တစ်ယောက် ၊အနုပညာရှင် အနေနဲ့ ရပ် တည်နေသူ တစ်ယောက် အနေနဲ့ ဆေးခန်းဖွင့် ဖို့ဆိုတာ မလွယ်ကူဘူး ဆိုတာ သိလာတယ်။ တချို့ကျ တော့ လည်း ကိုယ့်ကို အနုပညာအရ အားပေးပြီး ဆေးခန်းကို လာကြတာမျိုး လည်း ဖြစ်နိုင်ရင် တကယ် ကျန်းမာရေး လိုအပ်ချက် ရှိသူတွေအတွက် မလိုလား အပ် တာတွေ ဖြစ်နိုင် တယ်။ အဲဒီတော့ ဖြူဖြူကျော်သိန်း ဆ/မ ရှိတယ် ၊မရှိ ဘူး၊ ဖြူဖြူကျော်သိန်းဆေး ကု ၊မကု ဆိုတာထက် မြန်မာပြည်မှာ သန်း ၆ဝသော ပြည်သူ ပရိသတ်တွေ လူတန်းစေ့ ကျန်းမာရေး စောင့်ရှောက် မှုရနေလား၊ မရနေလား ဆိုတာက အရေးကြီးတယ်။ 

ကျန်းမာရေး ဘတ်ဂျက် က တကယ် အဓိပ္ပာယ်ရှိတဲ့ ရာခိုင်နှုန်း ကို ရောက်နေ လား၊ မရောက်နေလား ဆိုတာ အရေးကြီးတယ်။ အဲဒါတွေ ကို သိလာပြီး နောက် မှာ ဒါတွေ အတွက်ကိုပဲ တစ်ထောင့် တစ်နေရာကနေ လှုံ့ဆော်ပေးတဲ့ ၊ဆော်သြပေးတဲ့၊ မျှဝေပေးတဲ့ သူတစ်ယောက် အနေနဲ့ ပဲ ရပ်တည်ချင်တော့ တယ် ။

ဖြူဖြူ တစ်ယောက်တည်း နဲ့ ပြောင်းလဲသွားမယ် လို့ပြောတာ မဟုတ် ဘူး။ ဖြူဖြူ ထက်ဥာဏ်ကြီးတဲ့၊ နိုင်ငံကို ဦးဆောင်နေကြတဲ့ ၊တရား မျှတစွာနဲ့ ကိုယ်ရဲ့ တိုင်းပြည် ကို ပြောင်းလဲလိုတဲ့ ဆန္ဒ ရှိ တဲ့ ခေါင်းဆောင်တွေ က တွေ့သွား ၊ကြားသွားပြီး မှန်ကန်စွာ ပြုပြင်ပြောင်း လဲပေး လို့ရှိရင် မိဘပြည်သူ ပရိသတ် အတွက် အင်မ တန် ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမယ်လို့ ယုံကြည်တယ်။ ဘယ်လိုပဲ တော်တဲ့ သူဖြစ်ဖြစ်လို အပ် တဲ့အထောက်အကူတွေ မရဘူး ဆိုရင် လုပ်နိုင် သလောက် လုပ်ပေးလို့ မရဘူး။ အဲဒီ အခါကျတော့ ဖြူဖြူတို့ ဆီမှာ ရှိကြတဲ့၊ အင်မတန် တော်တဲ့ ဆရာ သမားတွေရဲ့ တော်ခြင်း၊ တတ်ခြင်း ကလည်း ကန့်သတ်ချက် ရှိတယ်။ လူတစ်ယောက် က ဘယ် လောက်တော်နေ တော်နေ သင့်တော်တဲ့ ပတ်ဝန်း ကျင်လည်း ရှိရမယ်။ ဒီမှာ လူတော်တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ပြောရ ရင်တော့ ရေမြင့် မှ ကြာတင့်မယ့် သဘောပါ။ 

အဲဒီတော့ စနစ်ကြီး တစ်ခုလုံး ပြောင်းလဲဖို့ ဆိုတာက မျှတစွာ တကယ့် အပြောင်းအလဲကို လိုအပ်ပြီး လုပ်ပေးနိုင်မယ့် သူတွေ အများကြီး လိုအပ်တယ်။

ဖြူဖြူ တို့ ဆီမှာ လူသန်း ၆ဝ ရှိ တာကိုမှ တကယ်ရှိတဲ့ ဆရာဝန် အရေ အတွက် နဲ့ဆို လူငါးသောင်းကို ဆရာဝန် တစ်ယောက် နှုန်းပဲ ရှိ တယ်။ နိုင် ငံရေးပြစ် ချက်မရှိဘဲ ၊ သူတို့ကြောင့် လူမသေဖူးဘဲ ၊လူနာ တစ်စုံ တစ်ရာ ဒုက္ခမရောက်ဖူးဘဲ Black List ဖြစ်နေတဲ့ ဆရာဝန်တွေ အများကြီး ရှိနေသေး တယ်။ ဟိုနေ့က လွှတ် လိုက်တဲ့ Black List တွေက အကုန် မဟုတ်သေး ဘူး။ အများကြီး ရှိသေးတယ်။ သူတို့ဟာ ပြည်သူ့ ဆေးရုံမှာ အလုပ် လုပ်မနေဘူး ဆိုရင်တော့ ရပ်ကွက်ထဲမှာ ပဲ ဆေးခန်း ဖွင့်ပြီး ထိုင်တာမျိုး၊ လိုက်လံ ဆေးကုသပေးတာ မျိုး အများကြီး လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ အဲဒီ ဆ/မ အသိမ်းခံရတယ်၊ Black List အထည့် ခံရတယ် ဆိုတဲ့ အဖြစ် အပျက်တွေ ကြောင့် ပြည်သူတွေဟာ တအား နစ်နာ နေရတယ်။ အဲဒီတော့ ခုလို ပွင့်လင်းမြင်သာတဲ့ ခေတ်မှာ အဲဒါလေးတွေက အစပြောင်း လဲလို့ ရပါပြီ။ ပြောင်းလဲဖို့ သင့်ပါပြီ" လို့ ဆေးလောကနဲ့ ပတ်သက်ပြီး သူ့အမြင် ကိုပြောပါတယ်။

ရဲရဲ
Popular Journal

RangonNewsDaily:: November . 19 .2013
တေးသံရှင် ဖြူဖြူကျော်သိန်း က လတ်တလောမှာ တော့ ရှိုးပွဲတွေ များနေ ပါတယ်။ ဆရာဝန် တစ်ဦး လည်းဖြစ်တဲ့ ဖြူုဖြူကျော်သိန်း ကို လက်ရှိ ဆေးလောက အပေါ် အမြင် တချို့ကိုမေးတော့ "အရင်တုန်း ကတော့ ဖြူဖြူ တို့လည်း စဉ်းစားတာပေါ့နော်။ ကိုယ် ခုနစ်နှစ် လောက်တောင် ကျောင်းတက် ပြီးတော့ ဆ/မ မယူခဲ့ရဘူးပေါ့။ ဒါပေမဲ့ အခုဆို ရင့်ကျက်မှု အတိုင်း အတာအရ ပြန် စဉ်းစားမိတာက တခြား နယ်ပယ်မှာ ပရော်ဖက်ရှင်နယ် တစ်ယောက် ၊အနုပညာရှင် အနေနဲ့ ရပ် တည်နေသူ တစ်ယောက် အနေနဲ့ ဆေးခန်းဖွင့် ဖို့ဆိုတာ မလွယ်ကူဘူး ဆိုတာ သိလာတယ်။ 
 
တချို့ကျ တော့ လည်း ကိုယ့်ကို အနုပညာအရ အားပေးပြီး ဆေးခန်းကို လာကြတာမျိုး လည်း ဖြစ်နိုင်ရင် တကယ် ကျန်းမာရေး လိုအပ်ချက် ရှိသူတွေအတွက် မလိုလား အပ် တာတွေ ဖြစ်နိုင် တယ်။ အဲဒီတော့ ဖြူဖြူကျော်သိန်း ဆ/မ ရှိတယ် ၊မရှိ ဘူး၊ ဖြူဖြူကျော်သိန်းဆေး ကု ၊မကု ဆိုတာထက် မြန်မာပြည်မှာ သန်း ၆ဝသော ပြည်သူ ပရိသတ်တွေ လူတန်းစေ့ ကျန်းမာရေး စောင့်ရှောက် မှုရနေလား၊ မရနေလား ဆိုတာက အရေးကြီးတယ်။

ကျန်းမာရေး ဘတ်ဂျက် က တကယ် အဓိပ္ပာယ်ရှိတဲ့ ရာခိုင်နှုန်း ကို ရောက်နေ လား၊ မရောက်နေလား ဆိုတာ အရေးကြီးတယ်။ အဲဒါတွေ ကို သိလာပြီး နောက် မှာ ဒါတွေ အတွက်ကိုပဲ တစ်ထောင့် တစ်နေရာကနေ လှုံ့ဆော်ပေးတဲ့ ၊ဆော်သြပေးတဲ့၊ မျှဝေပေးတဲ့ သူတစ်ယောက် အနေနဲ့ ပဲ ရပ်တည်ချင်တော့ တယ် ။

ဖြူဖြူ တစ်ယောက်တည်း နဲ့ ပြောင်းလဲသွားမယ် လို့ပြောတာ မဟုတ် ဘူး။ ဖြူဖြူ ထက်ဥာဏ်ကြီးတဲ့၊ နိုင်ငံကို ဦးဆောင်နေကြတဲ့ ၊တရား မျှတစွာနဲ့ ကိုယ်ရဲ့ တိုင်းပြည် ကို ပြောင်းလဲလိုတဲ့ ဆန္ဒ ရှိ တဲ့ ခေါင်းဆောင်တွေ က တွေ့သွား ၊ကြားသွားပြီး မှန်ကန်စွာ ပြုပြင်ပြောင်း လဲပေး လို့ရှိရင် မိဘပြည်သူ ပရိသတ် အတွက် အင်မ တန် ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမယ်လို့ ယုံကြည်တယ်။ 
 
ဘယ်လိုပဲ တော်တဲ့ သူဖြစ်ဖြစ်လို အပ် တဲ့အထောက်အကူတွေ မရဘူး ဆိုရင် လုပ်နိုင် သလောက် လုပ်ပေးလို့ မရဘူး။ အဲဒီ အခါကျတော့ ဖြူဖြူတို့ ဆီမှာ ရှိကြတဲ့၊ အင်မတန် တော်တဲ့ ဆရာ သမားတွေရဲ့ တော်ခြင်း၊ တတ်ခြင်း ကလည်း ကန့်သတ်ချက် ရှိတယ်။ လူတစ်ယောက် က ဘယ် လောက်တော်နေ တော်နေ သင့်တော်တဲ့ ပတ်ဝန်း ကျင်လည်း ရှိရမယ်။ ဒီမှာ လူတော်တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ပြောရ ရင်တော့ ရေမြင့် မှ ကြာတင့်မယ့် သဘောပါ။

အဲဒီတော့ စနစ်ကြီး တစ်ခုလုံး ပြောင်းလဲဖို့ ဆိုတာက မျှတစွာ တကယ့် အပြောင်းအလဲကို လိုအပ်ပြီး လုပ်ပေးနိုင်မယ့် သူတွေ အများကြီး လိုအပ်တယ်။

ဖြူဖြူ တို့ ဆီမှာ လူသန်း ၆ဝ ရှိ တာကိုမှ တကယ်ရှိတဲ့ ဆရာဝန် အရေ အတွက် နဲ့ဆို လူငါးသောင်းကို ဆရာဝန် တစ်ယောက် နှုန်းပဲ ရှိ တယ်။ နိုင် ငံရေးပြစ် ချက်မရှိဘဲ ၊ သူတို့ကြောင့် လူမသေဖူးဘဲ ၊လူနာ တစ်စုံ တစ်ရာ ဒုက္ခမရောက်ဖူးဘဲ Black List ဖြစ်နေတဲ့ ဆရာဝန်တွေ အများကြီး ရှိနေသေး တယ်။ ဟိုနေ့က လွှတ် လိုက်တဲ့ Black List တွေက အကုန် မဟုတ်သေး ဘူး။ အများကြီး ရှိသေးတယ်။ 
 
သူတို့ဟာ ပြည်သူ့ ဆေးရုံမှာ အလုပ် လုပ်မနေဘူး ဆိုရင်တော့ ရပ်ကွက်ထဲမှာ ပဲ ဆေးခန်း ဖွင့်ပြီး ထိုင်တာမျိုး၊ လိုက်လံ ဆေးကုသပေးတာ မျိုး အများကြီး လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ အဲဒီ ဆ/မ အသိမ်းခံရတယ်၊ Black List အထည့် ခံရတယ် ဆိုတဲ့ အဖြစ် အပျက်တွေ ကြောင့် ပြည်သူတွေဟာ တအား နစ်နာ နေရတယ်။ 
 
အဲဒီတော့ ခုလို ပွင့်လင်းမြင်သာတဲ့ ခေတ်မှာ အဲဒါလေးတွေက အစပြောင်း လဲလို့ ရပါပြီ။ ပြောင်းလဲဖို့ သင့်ပါပြီ" လို့ ဆေးလောကနဲ့ ပတ်သက်ပြီး သူ့အမြင် ကိုပြောပါတယ်။

ရဲရဲ
Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment