Pages

Wednesday, November 20, 2013

ကိုးကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ကျင်းပပြီးစီး

Photo: ကိုးကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ကျင်းပပြီးစီး
Wednesday, November 20, 2013

ကိုးကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၁၄ ရက်တွင် စတင်ကျင်းပြခဲ့ပြီး ၁၈ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် မီးပုံးပျံပွဲတော်တွင် နေ့အရုပ် မီးပုံးပျံ ၄၇ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၆ လုံးနှင့် ညမီးကျည် အမျိုးအစား မီးပုံးပျံ ၁၅ လုံး လွှတ်တင်ယှဉ်ပြိုင်ခဲ့ပြီး ညမီးကျည် မီးပုံးပျံတွင် ရှမ်းတောင်သူ အသင်းမှ ပထမ၊ ဒုတိယဆုကို မတ္တရာမြို့နယ် ရွှေဖျဉ်းညီနောင်၊ တတိယဆုကို တရုတ်ညီနောင်များ လွှတ်တင်သည့် နဂါးမီး အသင်းတို့က ရရှိခဲ့သည်။ နေ့အရုပ်အလှ ခြေနှစ်ချောင်း မီးပုံးပျံတွင် ပထမ ရွှေချိုးဖြူ၊ ဒုတိယ တက္ကစီမီး၊ တတိယဆုကို မောင်ဇင်းလင်းနှင့် ကလေးအဖွဲ့မှ လွှတ်တင်သည့် သားသားမီးတို့က ရရှိခဲ့ကြောင်း သိရသည်။

ခြေလေးချောင်း အရုပ်တွင် ပထမဆုကို မြခွာညိုထက်မီး၊ ဒုတိယဆုကို ရပ်ကွက်ကြီး (၁၀) နှင့် တတိယဆုကို ဆေး/သုမှ လွှတ်တင်သည့် ပန်ဒါဝက်ဝံတို့က ရရှိသွားခဲ့သည်။
စိန်နားပန် မီးကျည်အမျိုးအစားတွင် ပထမ သီရိပဒေသာမီး၊ ဒုတိယ ပြည်သာယာမီးနှင့် တတိယဆုကို ရွှေမြန်မာမီးတို့မှ ရရှိခဲ့သည်။

ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို ၂၀၀၅ ခုနှစ်မှ စတင်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပါဝင်ယှဉ်လာသည့် မီးပုံးပျံ အရေအတွက် များလာကြောင်း ပွဲကျင်းပရေး ကော်မတီမှ ဦးကျော်ဌေးကိုက ပြောကြားသည်။ ထို့အတူ မီးပုံးပျံပွဲ လာရောက်ဆင်နွှဲသည့် ပရိသတ် ဦးရေမှာလည်း သိန်းနှင့်ချီရှိကာ ယခုနှစ်တွင် ပြင်ဦးလွင်-လားရှိုး လမ်းမတစ်လျှောက်တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် တန်ဆောင်တိုင် မီးပုံပျံပွဲ ကျင်းပနေစဉ်
Eleven Media Group
ပြင်ဦးလွင်မြို့တွင် တန်ဆောင်တိုင် မီးပုံပျံပွဲ ကျင်းပနေစဉ်
RangonNewsDaily:: November . 20 .2013
ကိုးကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၁၄ ရက်တွင် စတင်ကျင်းပြခဲ့ပြီး ၁၈ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုနှစ် မီးပုံးပျံပွဲတော်တွင် နေ့အရုပ် မီးပုံးပျံ ၄၇ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၆ လုံးနှင့် ညမီးကျည် အမျိုးအစား မီးပုံးပျံ ၁၅ လုံး လွှတ်တင်ယှဉ်ပြိုင်ခဲ့ပြီး ညမီးကျည် မီးပုံးပျံတွင် ရှမ်းတောင်သူ အသင်းမှ ပထမ၊ ဒုတိယဆုကို မတ္တရာမြို့နယ် ရွှေဖျဉ်းညီနောင်၊ တတိယဆုကို တရုတ်ညီနောင်များ လွှတ်တင်သည့် နဂါးမီး အသင်းတို့က ရရှိခဲ့သည်။
 
နေ့အရုပ်အလှ ခြေနှစ်ချောင်း မီးပုံးပျံတွင် ပထမ ရွှေချိုးဖြူ၊ ဒုတိယ တက္ကစီမီး၊ တတိယဆုကို မောင်ဇင်းလင်း
နှင့် ကလေးအဖွဲ့မှ လွှတ်တင်သည့် သားသားမီးတို့က ရရှိခဲ့ကြောင်း သိရသည်။

ခြေလေးချောင်း အရုပ်တွင် ပထမဆုကို မြခွာညိုထက်မီး၊ ဒုတိယဆုကို ရပ်ကွက်ကြီး (၁၀) နှင့် တတိယဆု
ကို ဆေး/သုမှ လွှတ်တင်သည့် ပန်ဒါဝက်ဝံတို့က ရရှိသွားခဲ့သည်။စိန်နားပန် မီးကျည်အမျိုးအစားတွင် ပထမ
သီရိပဒေသာမီး၊ ဒုတိယ ပြည်သာယာမီးနှင့် တတိယဆုကို ရွှေမြန်မာမီးတို့မှ ရရှိခဲ့သည်။

ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်ကို ၂၀၀၅ ခုနှစ်မှ စတင်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ်
ပါဝင်ယှဉ်လာသည့် မီးပုံးပျံ အရေအတွက် များလာကြောင်းပွဲကျင်းပရေး ကော်မတီမှဦးကျော်ဌေးကိုက ပြော
ကြားသည်။ 
 
ထို့အတူ မီးပုံးပျံပွဲ လာရောက်ဆင်နွှဲသည့် ပရိသတ် ဦးရေမှာလည်း သိန်းနှင့်ချီရှိကာ ယခုနှစ်တွင် ပြင်ဦးလွင်
-လားရှိုး လမ်းမတစ်လျှောက်တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။


Eleven Media, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment