Pages

Wednesday, November 20, 2013

လူသားများသည် ကမ္ဘာမြေပေါ်တွင် စတင်ပေါက်ဖွားလာခြင်း မဟုတ်ဟုဆို

Photo: လူသားများသည် ကမ္ဘာမြေပေါ်တွင် စတင်ပေါက်ဖွားလာခြင်း မဟုတ်ဟုဆို
Wednesday, November 20, 2013

မကြာသေးမီ နှစ်အရေအတွက် ထောင်ဂဏန်း၊ သောင်းဂဏန်းခန့်တွင် ကမ္ဘာပေါ်သို့ လူသားများကို ဂြိုဟ်သားများက စတင်ပို့ဆောင်သွားပြီး ကမ္ဘာမြေကို အကျဉ်းစခန်းတစ်ခု အနေဖြင့် သတ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေါက်တာအဲလစ်က ဆိုသည်

လူသားများသည် ကမ္ဘာမြေပေါ်တွင် စတင်ပေါက်ဖွားလာခြင်း မဟုတ်ဟုဆို
အမေရိကန်နိုင်ငံမှ ဂေဟဗေဒ သိပ္ပံပညာရှင် တစ်ဦးက လူသားများသည် ကမ္ဘာဂြိုဟ်တွင် စတင်ပေါ်ပေါက်လာသည့် သက်ရှိများ မဟုတ်ဟု အခိုင်အမာ သုံးသပ်ခဲ့သည်။ ၎င်းရေးသားခဲ့သည့် စာအုပ်အသစ်ထဲတွင် ဒေါက်တာ အဲလစ်ဆေးလ်ဗားက လူသားများသည် ကမ္ဘာပေါ်ရှိ အခြားသော သက်ရှိများကဲ့သို့ ကမ္ဘာ့ပတ်ဝန်းကျင်နှင့် စင်းလုံးချော သဟဇာတ မဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းက အခြားကမ္ဘာမှ ဉာဏ်ရည် အဆင့်အတန်း မြင့်မားသော ဂြိုဟ်သားများက လူသားမျိုးနွယ် အစကို ကမ္ဘာပေါ် ပို့ဆောင်သွားခဲ့ခြင်းဟု ယုံကြည်လျှက်ရှိသည်။ မကြာသေးမီ နှစ်အရေအတွက် ထောင်ဂဏန်း၊ သောင်းဂဏန်းခန့်တွင် ကမ္ဘာပေါ်သို့ လူသားများကို ဂြိုဟ်သားများက စတင်ပို့ဆောင်သွားပြီး ကမ္ဘာမြေကို အကျဉ်းစခန်းတစ်ခု အနေဖြင့် သတ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေါက်တာအဲလစ်က ဆိုသည်။

လူသားများသည် သဘာဝအရ ရန်လိုကြမ်းကြုတ်တတ်သည့် စိတ်သဘောရှိမှန်း မိမိတို့ဖာသာ သိရှိလာချိန်တွင် အဆိုပါ ကောက်ချက်ကို ပိုခိုင်မာစေကြောင်း ဒေါက်တာအဲလစ်က HUMANS ARE NOT FROM EARTH: A SCIENTIFIC EVALUATION OF THE EVIDENCE စာအုပ်တွင် ရေးသားထားသည်။ ရုပ်ဇီဝ ဖြစ်စဉ်များအရ လူသားများသည် ကမ္ဘာပေါ်ရှိ အခြားသက်ရှိများနှင့် ကွဲပြားသည့် အချို့အားနည်းချက်များကို ဒေါက်တာအဲလစ်က ကိုးကား ထောက်ပြခဲ့ပြီး ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင်သည် လူသားများနှင့် သဟဇာတ မဖြစ်သော အခြေအနေအချို့ ရှိနိုင်ကြောင်း ထောက်ပြခဲ့သည်။

"လူသားတွေဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှုအမြန်ဆုံး သက်ရှိမျိုးနွယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အံ့ဩစရာ ဖြစ်နေတာက လူသားတွေရဲ့ ရုပ်ပိုင်းဖွဲ့စည်းမှု အခြေအနေတွေမှာ ကမ္ဘာ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီတဲ့ အချက်တွေ ရှိနေတာပါပဲ။ နေရောင်ခြည်နဲ့ ရေရှည်ထိတွေ့တဲ့အခါ ဥပဒ်ဖြစ်တတ်တာမျိုး၊ သဘာဝ အစားအသောက် ရင်းမြစ်တွေကို နှစ်သက်မှု မရှိတာမျိုး၊ နာတာရှည်ရောဂါတွေ ခံစားရဖို့ ဖြစ်နိုင်ခြေက တခြားသက်ရှိတွေထက် သိသိသာသာ မြင့်တက်နေတာမျိုးတွေပေါ့။ နောက်ထပ် အချက်တော်တော်များများ ရှိသေးတယ်"ဟု ဒေါက်တာအဲလစ်က Yahooသို့ ပြောကြားသွားသည်။

၎င်းက လူအများ နောက်ကျော နာကျင်တတ်ခြင်းသည်လည်း အဆိုပါ ကောက်ချက်နှင့် စပ်လျဉ်းသည့် သဲလွန်စကောင်း တစ်ခုအဖြစ် မှတ်ချက်ပေးခဲ့သည်။ "ဒါဟာ ကမ္ဘာမြေ ဆွဲအားနဲ့ သဟဇာတ မဖြစ်တဲ့ အခြေအနေတစ်ခုပါ။ ပြောရရင် မြေဆွဲအား ဒီထက်နိမ့်ကျတဲ့ ဂြိုဟ်တစ်ခုမှာ ကျွန်တော်တို့ စပြီး ဖြစ်တည်လာတယ်လို့ ယူဆသင့်ပါတယ်"ဟု ဒေါက်တာအဲလစ်က ဆိုသည်။ အခြားသော ကမ္ဘာ့သက်ရှိများတွင် အလားတူ ပြဿနာမျိုး လုံးဝမရှိကြောင်းလည်း ဒေါက်တာအဲလစ်က ရှင်းပြခဲ့သည်။

ပုတ်သင်ညို တစ်ကောင်သည် နေပူထဲတွင် တစ်ပတ်၊ နှစ်ပတ်ကြာသည်အထိ ပြဿနာ မရှိဘဲ နေနိုင်သော်လည်း လူသားတစ်ဦးမှာမူ တစ်နေ့လုံး ကြာမြင့်သည်အထိ နေပူထဲ နေမိသည်နှင့် ပြဿနာများစွာ ကြုံလာမည် ဖြစ်သည်။ ဒေါက်တာ အဲလစ်က အိပ်စက်ချိန်တွင်ပင် လူ့ခန္ဓာကိုယ်က မရပ်မနား လှုပ်ရှားလည်ပတ်နေသဖြင့် လူသားများသည် မကြာခဏ နာမကျန်း ဖြစ်ရတတ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအချက်ကို အိပ်စက်ခြင်းဆိုင်ရာ သုတေသီများက အတည်ပြုချက် ပေးထားပြီးဖြစ်သည်။ ထို့အပြင် ကမ္ဘာမြေကို မိမိ၏ အိမ်ရာအဖြစ် ခံစား၍မရသည့် လူအများအပြား ရှိနေသည်မှာလည်း စဉ်းစားစရာဟု ၎င်းက ထောက်ပြခဲ့သည်။

ဒေါက်တာ အဲလစ်က "အချက်အလက်တွေက လူတွေဟာ တခြားဂြိုဟ်တစ်ခုမှာ ဖြစ်ထွန်းခဲ့ပြီး တိုးတက်မှုနှုန်း မြန်ဆန်လွန်းတဲ့ သက်ရှိတွေအဖြစ် ညွှန်ပြနေပါတယ်။ ဒီအတွက် အကြောင်းရှာကြည့်တဲ့အခါ ကမ္ဘာဟာ အကျဉ်းထောင်ဂြိုဟ်တစ်ခု ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ သဘာဝကိုက ရန်လို တိုက်ခိုက်တတ်တဲ့ မျိုးနွယ်တွေဖြစ်ပြီး ဒီအတွက် အကျဉ်းစခန်း တစ်ခုမှာ ထားရှိခံရသလိုမျိုး ဖြစ်ပါလိမ့်မယ်။ အဲဒါကို ကျွန်တော်တို့ကိုယ်တိုင် ခံစားသိရှိလာတဲ့ အချိန်တွေထိ ဆိုပါတော့"ဟုလည်း ကောက်ချက်ချသွားသည်။

Planet Myanmar Network

RangonNewsDaily:: November . 20 .2013
မကြာသေးမီ နှစ်အရေအတွက် ထောင်ဂဏန်း၊ သောင်းဂဏန်းခန့်တွင် ကမ္ဘာပေါ်သို့ လူသားများကို ဂြိုဟ်သားများက စတင်ပို့ဆောင်သွားပြီး ကမ္ဘာမြေကို အကျဉ်းစခန်းတစ်ခု အနေဖြင့် သတ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေါက်တာအဲလစ်က ဆိုသည် လူသားများသည် ကမ္ဘာမြေပေါ်တွင် စတင်ပေါက်ဖွားလာခြင်း မဟုတ်ဟုဆို
အမေရိကန်နိုင်ငံမှ ဂေဟဗေဒ သိပ္ပံပညာရှင် တစ်ဦးက လူသားများသည် ကမ္ဘာဂြိုဟ်တွင် စတင်ပေါ်ပေါက်လာသည့် သက်ရှိများ မဟုတ်ဟု အခိုင်အမာ သုံးသပ်ခဲ့သည်။ 
 
၎င်းရေးသားခဲ့သည့် စာအုပ်အသစ်ထဲတွင် ဒေါက်တာ အဲလစ်ဆေးလ်ဗားက လူသားများသည် ကမ္ဘာပေါ်ရှိ အခြားသော သက်ရှိများကဲ့သို့ ကမ္ဘာ့ပတ်ဝန်းကျင်နှင့် စင်းလုံးချော သဟဇာတ မဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းက အခြားကမ္ဘာမှ ဉာဏ်ရည် အဆင့်အတန်း မြင့်မားသော ဂြိုဟ်သားများက လူသားမျိုးနွယ် အစကို ကမ္ဘာပေါ် ပို့ဆောင်သွားခဲ့ခြင်းဟု ယုံကြည်လျှက်ရှိသည်။ 
 
မကြာသေးမီ နှစ်အရေအတွက် ထောင်ဂဏန်း၊ သောင်းဂဏန်းခန့်တွင် ကမ္ဘာပေါ်သို့ လူသားများကို ဂြိုဟ်သားများက စတင်ပို့ဆောင်သွားပြီး ကမ္ဘာမြေကို အကျဉ်းစခန်းတစ်ခု အနေဖြင့် သတ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေါက်တာအဲလစ်က ဆိုသည်။

လူသားများသည် သဘာဝအရ ရန်လိုကြမ်းကြုတ်တတ်သည့် စိတ်သဘောရှိမှန်း မိမိတို့ဖာသာ သိရှိလာချိန်တွင် အဆိုပါ ကောက်ချက်ကို ပိုခိုင်မာစေကြောင်း ဒေါက်တာအဲလစ်က HUMANS ARE NOT FROM EARTH: A SCIENTIFIC EVALUATION OF THE EVIDENCE စာအုပ်တွင် ရေးသားထားသည်။ 
 
ရုပ်ဇီဝ ဖြစ်စဉ်များအရ လူသားများသည် ကမ္ဘာပေါ်ရှိ အခြားသက်ရှိများနှင့် ကွဲပြားသည့် အချို့အားနည်းချက်များကို ဒေါက်တာအဲလစ်က ကိုးကား ထောက်ပြခဲ့ပြီး ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင်သည် လူသားများနှင့် သဟဇာတ မဖြစ်သော အခြေအနေအချို့ ရှိနိုင်ကြောင်း ထောက်ပြခဲ့သည်။

"လူသားတွေဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှုအမြန်ဆုံး သက်ရှိမျိုးနွယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အံ့ဩစရာ ဖြစ်နေတာက လူသားတွေရဲ့ ရုပ်ပိုင်းဖွဲ့စည်းမှု အခြေအနေတွေမှာ ကမ္ဘာ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီတဲ့ အချက်တွေ ရှိနေတာပါပဲ။
 
 နေရောင်ခြည်နဲ့ ရေရှည်ထိတွေ့တဲ့အခါ ဥပဒ်ဖြစ်တတ်တာမျိုး၊ သဘာဝ အစားအသောက် ရင်းမြစ်တွေကို နှစ်သက်မှု မရှိတာမျိုး၊ နာတာရှည်ရောဂါတွေ ခံစားရဖို့ ဖြစ်နိုင်ခြေက တခြားသက်ရှိတွေထက် သိသိသာသာ မြင့်တက်နေတာမျိုးတွေပေါ့။ နောက်ထပ် အချက်တော်တော်များများ ရှိသေးတယ်"ဟု ဒေါက်တာအဲလစ်က Yahooသို့ ပြောကြားသွားသည်။

၎င်းက လူအများ နောက်ကျော နာကျင်တတ်ခြင်းသည်လည်း အဆိုပါ ကောက်ချက်နှင့် စပ်လျဉ်းသည့် သဲလွန်စကောင်း တစ်ခုအဖြစ် မှတ်ချက်ပေးခဲ့သည်။ "ဒါဟာ ကမ္ဘာမြေ ဆွဲအားနဲ့ သဟဇာတ မဖြစ်တဲ့ အခြေအနေတစ်ခုပါ။ ပြောရရင် မြေဆွဲအား ဒီထက်နိမ့်ကျတဲ့ ဂြိုဟ်တစ်ခုမှာ ကျွန်တော်တို့ စပြီး ဖြစ်တည်လာတယ်လို့ ယူဆသင့်ပါတယ်"ဟု ဒေါက်တာအဲလစ်က ဆိုသည်။ အခြားသော ကမ္ဘာ့သက်ရှိများတွင် အလားတူ ပြဿနာမျိုး လုံးဝမရှိကြောင်းလည်း ဒေါက်တာအဲလစ်က ရှင်းပြခဲ့သည်။

ပုတ်သင်ညို တစ်ကောင်သည် နေပူထဲတွင် တစ်ပတ်၊ နှစ်ပတ်ကြာသည်အထိ ပြဿနာ မရှိဘဲ နေနိုင်သော်လည်း လူသားတစ်ဦးမှာမူ တစ်နေ့လုံး ကြာမြင့်သည်အထိ နေပူထဲ နေမိသည်နှင့် ပြဿနာများစွာ ကြုံလာမည် ဖြစ်သည်။
 
 ဒေါက်တာ အဲလစ်က အိပ်စက်ချိန်တွင်ပင် လူ့ခန္ဓာကိုယ်က မရပ်မနား လှုပ်ရှားလည်ပတ်နေသဖြင့် လူသားများသည် မကြာခဏ နာမကျန်း ဖြစ်ရတတ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအချက်ကို အိပ်စက်ခြင်းဆိုင်ရာ သုတေသီများက အတည်ပြုချက် ပေးထားပြီးဖြစ်သည်။ ထို့အပြင် ကမ္ဘာမြေကို မိမိ၏ အိမ်ရာအဖြစ် ခံစား၍မရသည့် လူအများအပြား ရှိနေသည်မှာလည်း စဉ်းစားစရာဟု ၎င်းက ထောက်ပြခဲ့သည်။

ဒေါက်တာ အဲလစ်က "အချက်အလက်တွေက လူတွေဟာ တခြားဂြိုဟ်တစ်ခုမှာ ဖြစ်ထွန်းခဲ့ပြီး တိုးတက်မှုနှုန်း မြန်ဆန်လွန်းတဲ့ သက်ရှိတွေအဖြစ် ညွှန်ပြနေပါတယ်။ 
 
ဒီအတွက် အကြောင်းရှာကြည့်တဲ့အခါ ကမ္ဘာဟာ အကျဉ်းထောင်ဂြိုဟ်တစ်ခု ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ သဘာဝကိုက ရန်လို တိုက်ခိုက်တတ်တဲ့ မျိုးနွယ်တွေဖြစ်ပြီး ဒီအတွက် အကျဉ်းစခန်း တစ်ခုမှာ ထားရှိခံရသလိုမျိုး ဖြစ်ပါလိမ့်မယ်။ 
 
အဲဒါကို ကျွန်တော်တို့ကိုယ်တိုင် ခံစားသိရှိလာတဲ့ အချိန်တွေထိ ဆိုပါတော့"ဟုလည်း ကောက်ချက်ချသွားသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment