Pages

Wednesday, November 20, 2013

ဗိုလ်ချုပ်ဂွမ်မော်နှင့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့ တွေ့ဆုံ

Photo: ဗိုလ်ချုပ်ဂွမ်မော်နှင့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့ တွေ့ဆုံ
Wednesday, November 20, 2013

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ သွားရောက်ရန် ရန်ကုန်မြို့တော်သို့ ရောက်ရှိနေသည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့ နိုဝင်ဘာလ ၁၉ ရက်နေ့ တွင် ရန်ကုန်မြို့တော်ရှိ အမေရိကန်သံရုံး၌ တွေ့ဆုံခဲ့ကြောင်း ကေအိုင်အို အဖွဲ့ထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ ဒုတိယခေါင်းဆောင်လည်း ဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်နှင့် ဒဲရစ်မစ်ချယ်တို့ ယနေ့နံနက်တွင် အမေရိကန်သံရုံး၌ တွေ့ဆုံသော်လည်း ဆွေးနွေးချက် အသေးစိတ်ကိုမူ ထုတ်ပြန်မည် မဟုတ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က ပြောကြားသည်။

“တွေ့တာတော့ မှန်ပါတယ်။ သံတမန်ကိစ္စ ဆိုတော့ နှစ်ဖက် သဘောတူချက် မရဘဲ ဆွေးနွေးချက်ကို ထုတ်ပြန်ဖို့ မရှိပါဘူး” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။
အမေရိကန် သံအမတ်ကြီးနှင့် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ်တို့ တွေ့ဆုံခြင်းမှာ ဒုတိယအကြိမ် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ထို့အတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး ဦးဆောင်သည့် ခေါင်းဆောင်အချို့နှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ ရန်ကုန်မြို့တော်ရှိ Business Alliance ဟိုတယ်၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် ကေအိုင်အိုတို့ ယခု တွေ့ဆုံခြင်းမှာ တတိယအကြိမ် ဖြစ်ပြီး ယင်းမတိုင်မီ လိုင်ဇာမြို့၌ တွေ့ဆုံဖူးကြောင်း ၈၈ မျိုးဆက် ခေါင်းဆောင် ဦးမြအေးက ရှင်းပြသည်။

ယင်းနောက် ဗိုလ်ချုပ်ဂွမ်မော်နှင့် ရန်ကုန်ရောက် ကချင် တိုင်းရင်းသားများ စမ်းချောင်းမြို့နယ်ရှိ ကချင် Baptist ဘုရားကျောင်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ရှင်းပြကြောင်း အဆိုပါ တွေ့ဆုံပွဲကို စီစဉ်သည့် ကချင်စာပေနှင့် ယဉ်ကျေးမှု အသင်းက ပြောဆိုသည်။

The Voice Weekly

RangonNewsDaily:: November . 20 .2013
ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ သွားရောက်ရန် ရန်ကုန်မြို့တော်သို့ ရောက်ရှိနေသည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့ နိုဝင်ဘာလ ၁၉ ရက်နေ့ တွင် ရန်ကုန်မြို့တော်ရှိ အမေရိကန်သံရုံး၌ တွေ့ဆုံခဲ့ကြောင်း ကေအိုင်အို အဖွဲ့ထံမှ သိရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ ဒုတိယခေါင်းဆောင်လည်း ဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်နှင့် ဒဲရစ်မစ်ချယ်တို့ ယနေ့နံနက်တွင် အမေရိကန်သံရုံး၌ တွေ့ဆုံသော်လည်း ဆွေးနွေးချက် အသေးစိတ်ကိုမူ ထုတ်ပြန်မည် မဟုတ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က ပြောကြားသည်။

“တွေ့တာတော့ မှန်ပါတယ်။ သံတမန်ကိစ္စ ဆိုတော့ နှစ်ဖက် သဘောတူချက် မရဘဲ ဆွေးနွေးချက်ကို ထုတ်ပြန်ဖို့ မရှိပါဘူး” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။
အမေရိကန် သံအမတ်ကြီးနှင့် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ်တို့ တွေ့ဆုံခြင်းမှာ ဒုတိယအကြိမ် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ထို့အတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး ဦးဆောင်သည့် ခေါင်းဆောင်အချို့နှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ ရန်ကုန်မြို့တော်ရှိ Business Alliance ဟိုတယ်၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် ကေအိုင်အိုတို့ ယခု တွေ့ဆုံခြင်းမှာ တတိယအကြိမ် ဖြစ်ပြီး ယင်းမတိုင်မီ လိုင်ဇာမြို့၌ တွေ့ဆုံဖူးကြောင်း ၈၈ မျိုးဆက် ခေါင်းဆောင် ဦးမြအေးက ရှင်းပြသည်။

ယင်းနောက် ဗိုလ်ချုပ်ဂွမ်မော်နှင့် ရန်ကုန်ရောက် ကချင် တိုင်းရင်းသားများ စမ်းချောင်းမြို့နယ်ရှိ ကချင် Baptist ဘုရားကျောင်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ရှင်းပြကြောင်း အဆိုပါ တွေ့ဆုံပွဲကို စီစဉ်သည့် ကချင်စာပေနှင့် ယဉ်ကျေးမှု အသင်းက ပြောဆိုသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment