Pages

Wednesday, November 20, 2013

ဘင်္ဂလားပင်လယ်အော်ထဲမှာ ၂၀၁၃ ခုနှစ်အတွက် စတုတ္ထမြောက်ဆိုင်ကလုန်း (04B) ဖြစ်ပါပြီ

Photo: ဘင်္ဂလားပင်လယ်အော်ထဲမှာ ၂၀၁၃ ခုနှစ်အတွက် စတုတ္ထမြောက်ဆိုင်ကလုန်း (04B) ဖြစ်ပါပြီ။ ဒေါက်တာထွန်းလွင်
Cyclone news update
20-11-2013
8:07 am

ဘင်္ဂလားပင်လယ်အော်မှာ တစ်နှစ်အနည်းဆုံးဖြစ်ပေါ်တဲ့ မုန်တိုင်းအရေအတွက် ကိုတော့ ပြည့်မီသွားခဲ့ပါပြီ။
(၂၀-၁၁-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်တိုင်းတာချက်များအရ ဆိုင်ကလုန်းမုန်တုင်း 04B2013 ဟာ အိန္ဒိယနိုင်ငံ Visakhapatnam မြို့ရဲ့အရှေ့ဖက် (၂၁၅)မိုင်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။

ဗဟိုချက်အနီး အများတုံးလေတိုက်နှုန်း တစ်နာရီ မိုင်(၅၀) နဲ့ တစ်ခါတစ်ရန် လေပြင်း တစ်နာရီ (၆၅)မိုင်နှုန်း တိုက်ခတ်နေပါတယ်။
အနောက်ဖက်ကို တစ်နာရီ (၁၀)မိုင်နှုန်းနဲ့ရွေ့နေပြီး (၂၁-၁၁-၂၀၁၃) ရက် (ကြာသပတေးနေ့)ညနေပိုင်းမှာ အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကို Visakhapatnam မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

မုန်တိုင်းရဲ့အရှိန်အဖြစ် မုန်တိုင်းအတွင်းကို တိုးဝင်လာနေတဲ့ တိမ်တန်းတွေ ခွဲဖြာထွက်လာတဲ့တိမ်တန်းတွေဟာ မြန်မာနိုင်ငံအပေါ်ဖြတ်သန်းသွားနေတာကြောင့် ဒေသအချို့(မြစ်ဝကျွန်းပေါ်ဒေသ၊ မြေလတ်ပိုင်းဒေသ၊ အရှေ့ပိုင်းဒေသ)တွေမှာ မိုးအနည်းငယ်ရွာနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
Popular Myanmar News Journal

RangonNewsDaily:: November . 20 .2013
ဘင်္ဂလားပင်လယ်အော်မှာ တစ်နှစ်အနည်းဆုံးဖြစ်ပေါ်တဲ့မုန်တိုင်းအရေအတွက်ကိုတော့ ပြည့်မီသွားခဲ့ပါပြီ။
(၂၀-၁၁-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်တိုင်းတာချက်များအရ ဆိုင်ကလုန်းမုန်တုင်း 04B2013 ဟာ အိန္ဒိယနိုင်ငံ Visakhapatnam မြို့ရဲ့အရှေ့ဖက် (၂၁၅)မိုင်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။ ဗဟိုချက်အနီးအများတုံးလေတိုက်နှုန်းတစ်နာရီ မိုင်(၅၀) နဲ့ တစ်ခါတစ်ရန် လေပြင်း တစ်နာရီ (၆၅)မိုင်နှုန်း
တိုက်ခတ်နေပါတယ်။

အနောက်ဖက်ကို တစ်နာရီ (၁၀)မိုင်နှုန်းနဲ့ရွေ့နေပြီး (၂၁-၁၁-၂၀၁၃) ရက် (ကြာသပတေးနေ့)ညနေပိုင်း
မှာ အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကိုVisakhapatnam မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့ ခန့်မှန်း
ရပါတယ်။

မုန်တိုင်းရဲ့အရှိန်အဖြစ် မုန်တိုင်းအတွင်းကို တိုးဝင်လာနေတဲ့ တိမ်တန်းတွေ ခွဲဖြာထွက်လာတဲ့တိမ်တန်းတွေ
ဟာ မြန်မာနိုင်ငံအပေါ်ဖြတ်သန်းသွားနေတာကြောင့် ဒေသအချို့(မြစ်ဝကျွန်းပေါ်ဒေသ၊ မြေလတ်ပိုင်းဒေသ၊ အရှေ့ပိုင်းဒေသ)တွေမှာ မိုးအနည်းငယ်ရွာနိုင်ပါတယ်။


Cyclone news update
20-11-2013
8:07 am

ဒေါက်တာထွန်းလွင်

0 comments:

Post a Comment