RangonNewsDaily:: November . 19 .2013 ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိသည့်မုန်တိုင်း04Bအိန္ဒိယနိုင်ငံကမ်းခြေအား ကျော်ဖြတ်ဝင်ရောက်
ပြီးသည့် အချိန်တွင် တောင်တရုတ်ပင်လယ် တောင်ပိုင်းမှ INVEST
91B သည် မလေးရှားနိုင်ငံအား ဖြတ်
ကျော်ပြီး ကပ္ပလီပင်လယ်တောင်ပိုင်းသို့
ရောက်ရှိကာ နိုဝင်ဘာလ ၂၂ ရက်နေ့ ညပိုင်းတွင် မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ကြောင်း GFS ကွန်ပျူတာမော်ဒယ်
ခန့်မှန်းချက်များတွင် တွေ့ရှိရကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။
91W သည် ကပ္ပလီပင်လယ်သို့ ရောက်ရှိပြီးနောက် ပိုမိုအင်အားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအ
ဆင့်သို့ ရောက်ရှိလာနိုင်ဘွယ်ရှိပြီး၊ ထိုင်းပင်လယ်ကွေ့နှင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းတောင်ပိုင်းတို့တွင်
မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း ကွန်ပျူတာခန့်မှန်းချက်(WUND image)တွင် တွေ့ရှိရပါသဖြင့် မြိတ်
ကျွန်းစု၊ ဘုတ်ပြင်းနှင့် ကော့သောင်းဒေသများတွင် ကြိုတင် သတိပြုပြင်ဆင်နိုင်ကြရန် ကြိုတင် အသိပေး
တင်ပြအပ်ပါသည်။
ဆက်လက်စောင့်ကြည့် တင်ပြပေးသွားပါမည်။
MM Weather ::--- , kolatt(PBDN)
RangonNewsDaily
![]() |

0 comments:
Post a Comment